နားကိုက်ခြင်းအကြောင်း သိကောင်းစရာများ
- 03 Feb, 2020
- အဖြစ်များသောရောဂါများ
နားကိုက်ခြင်းဆိုတာ ကလေးငယ်တွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပေမယ့် တစ်ခါတရံမှာ အရွယ်ရောက်ပြီးသူတွေ အနေနဲ့လည်း ခံစားရနိုင်ပါတယ်။ နားကိုက်ခြင်းကို ခံစားရတဲ့ အခါမှာ နားတစ်ဖက်တည်း ကိုက်ခြင်းကို ခံစားရနိုင်သလို နားနှစ်ဖက်လုံး ကိုက်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ နားကိုက်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
နားကိုက်ခြင်းဆိုတာ ကလေးငယ်တွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ
ဖြစ်ပေမယ့် တစ်ခါတရံမှာ အရွယ်ရောက်ပြီးသူတွေ အနေနဲ့လည်း ခံစားရနိုင်ပါတယ်။ နားကိုက်ခြင်းကို
ခံစားရတဲ့ အခါမှာ နားတစ်ဖက်တည်း ကိုက်ခြင်းကို ခံစားရနိုင်သလို နားနှစ်ဖက်လုံး ကိုက်ခြင်းကိုလည်း
ခံစားရနိုင်ပါတယ်။ နားကိုက်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ဘက်တီးရီးယား ပိုးဝင်ခြင်း
ဘက်တီးရီးယား ပိုးကူးစက်ခံရခြင်းကတော့ နားကိုက်ခြင်းကို အဓိက
ဖြစ်ပွားစေတဲ့ အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဘက်တီးရီးယား ပိုးဝင်ခြင်းကို နားအတွင်းပိုင်း၊
အပြင်ပိုင်း၊ အလယ်ပိုင်းစတဲ့ နေရာတွေမှာ ခံစားရနိုင်ပါတယ်။ နားအပြင်ပိုင်း ပိုးဝင်ခြင်းကို
ရေကူးခြင်း၊ နားကြပ်ဝတ်ဆင်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့် ခံစားရနိုင်ပါတယ်။
နားအလယ်ပိုင်း ပိုးဝင်ခြင်းကိုတော့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်
ခံစားရလေ့ ရှိကြပါတယ်။ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် နားစည် အနောက်မှာ အရည်အိတ်များ
ဖြစ်ပေါ်လာနိုင်ပြီး ဘက်တီးရီးယား ပိုးမွှားများ ပေါက်ဖွားခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
နားအတွင်းပိုင်း ရောင်ရမ်းခြင်း (Labyrinthitis) ဆိုတာကတော့ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းတို့ကြောင့် ခံစားရလေ့ရှိတဲ့
ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။
နားကိုက်ခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လေဖိအား ပြောင်းလဲခြင်း
- ဆေးလိပ်သောက်ခြင်း
- နားဖာချေးများ ပိတ်ဆို့ခြင်း
- နားအတွင်း ပြင်ပအရာဝတ္ထုများ မတော်တဆ ဝင်သွားခြင်း
- လည်ချောင်းနာခြင်း
- ထိပ်ကပ်နာဖြစ်ခြင်း
- နားအတွင်း ရေဝင်ခြင်း
- ဝါဂွမ်း နားကျပ်တံ အလွန်အကျွံ အသုံးပြုခြင်း
- မေးရိုးများ ကိုက်ခဲခြင်း
- သွားပိုးဝင်ခြင်း
- နားအတွင်း နှင်းခူဖြစ်ခြင်း
- အာရုံကြောများ နာတာရှည် နာကျင်ကိုက်ခဲခြင်း
နားကိုက်ခြင်းကို ခံစားရတဲ့ အခါမှာ -
- နားနာကျင်ခြင်း
- နားမကြားရခြင်း
- ဖျားနာခြင်း
- အိပ်မပျော်ခြင်း
- ခေါင်းကိုက်ခြင်း
- အစာစားချင်စိတ် မရှိခြင်း
- ခန္ဓာကိုယ်ဟန်ချက် ထိန်းညှိနိုင်မှု မရှိခြင်း
- နေမထိထိုင်မသာဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ကာလရှည် ခံစားနေရတဲ့အပြင်
အဖျားကြီးခြင်း၊ မခံမရပ်နိုင်အောင် နားကိုက်ခြင်း၊ အလွန်အမင်း ခေါင်းကိုက်ခြင်း၊ နားရောင်ရမ်းခြင်း၊
နားအတွင်းမှ သွေး ဒါမှမဟုတ် ပြည်များ ယိုစိမ့်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့
သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။
နားကိုက်ခြင်းကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ဆရာဝန် ညွှန်ကြားချက်အတိုင်း အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း
- ရေနွေးအိတ် ကပ်ပေးခြင်း
- ရေခဲအိတ် ကပ်ပေးခြင်း
- နားအစက်ချဆေးရည် အသုံးပြုခြင်း
- ကြက်သွန်ဖြူ/ ကြက်သွန်နီ စားသုံးပေးခြင်း
REF: MedicalNewsToday