ဝမ်းဗိုက်ပိုင်း ပင်မ သွေးကြောမ ဖောင်းခြင်း (Abdominal Aortic Aneurysm)

  • 31 Jan, 2020
  • အဖြစ်များသောရောဂါများ

ပင်ပသွေးကြောမ အနေနဲ့ နှလုံးကနေ ထုတ်လွှတ်လိုက်တဲ့ သွေးတွေကို ခန္ဓာကိုယ် နေရာအနှံ့ကို ပို့ဆောင်ပေးလျက် ရှိပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းမှာ တည်ရှိနေတဲ့ အစိတ်အပိုင်းတွေကို နှလုံးကနေ သွေးပို့လွှတ်ပေးဖို့ အတွက် ပင်မသွေးကြောမ အနေနဲ့ ဝမ်းဗိုက်ပိုင်းကို ဖြတ်သန်းသွားဖို့ လိုအပ်ပါတယ်။

ပင်ပသွေးကြောမ အနေနဲ့ နှလုံးကနေ ထုတ်လွှတ်လိုက်တဲ့ သွေးတွေကို ခန္ဓာကိုယ် နေရာအနှံ့ကို ပို့ဆောင်ပေးလျက် ရှိပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းမှာ တည်ရှိနေတဲ့ အစိတ်အပိုင်းတွေကို နှလုံးကနေ သွေးပို့လွှတ်ပေးဖို့ အတွက် ပင်မသွေးကြောမ အနေနဲ့ ဝမ်းဗိုက်ပိုင်းကို ဖြတ်သန်းသွားဖို့ လိုအပ်ပါတယ်။

တကယ်လို့ ဝမ်းဗိုက်ပိုင်းမှာ တည်ရှိနေတဲ့ ပင်မ သွေးကြောမ အစိတ်ပိုင်း အားနည်းခြင်း၊ ဖောင်းကားခြင်း၊ ရောင်ရမ်းခြင်းတို့ကို ခံစားနေရပြီး ဝမ်းဗိုက်ပိုင်း သွေးကြောမ ပေါက်ထွက်သွားခဲ့မယ်ဆိုရင် တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ဝမ်းဗိုက်ပိုင်း ပင်မ သွေးကြောမ ဖောင်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းကြောင့် သွေးလွှတ်ကြော နံရံတွေကို ပျက်စီးစေနိုင်သလို သွေးကြောဖောင်းခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

  • သွေးပေါင်တက်ခြင်း

သွေးပေါင်တက်ခြင်းကြောင့်လည်း သွေးလွှတ်ကြော နံရံတွေကို ထိခိုက်စေနိုင်သလို ပင်မ သွေးကြောမ ဖောင်းခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

  • သွေးကြော‌ရောင်ခြင်း (Vasculitis)

သွေးလွှတ်ကြောတွေ အပြင်းအထန် ရောင်ရမ်းခြင်းကြောင့်လည်း တစ်ခါတရံမှာ ပင်မ သွေးကြောမ ဖောင်းခြင်းကို ခံစားရနိုင်ပါတယ်။

  • ပင်မသွေးလွှတ်ကြောမှာ ကူးစက်ရောဂါများ ခံစားနေရခြင်း

ပင်မသွေးလွှတ်ကြောမှာ ဘက်တီးရီးယားပိုး ကူးစက်ခြင်း၊ မှိုပိုးကူးစက်ခြင်းတို့ကြောင့်လည်း ဝမ်းဗိုက်ပိုင်း ပင်မ သွေးကြောမ ဖောင်းခြင်းကို ခံစားရနိုင်ပါတယ်။

ဝမ်းဗိုက်ပိုင်း ပင်မ သွေးကြောမ ဖောင်းခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အမျိုးသားဖြစ်ခြင်း
  • အဝလွန်ခြင်း
  • အသက်အရွယ် ကြီးမြင့်ခြင်း
  • မျိုးရိုးလိုက်ခြင်း
  • သွေးပေါင်ချိန် အလွန်အမင်း မြင့်တက်ခြင်း
  • သွေးတွင်း ကိုလက်စထရော ပမာဏ များပြားခြင်း
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဆောင်မှု မရှိခြင်း
  • ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲခြင်း
  • ဝမ်းဗိုက်ပိုင်း ထိခိုက်ဒဏ်ရာရဖူးခြင်း

ဝမ်းဗိုက်ပိုင်း ပင်မ သွေးကြောမ ဖောင်းခြင်းကို စတင် ခံစားရစဥ် အချိန်မှာ ရောဂါဝေဒနာတွေကို ခံစားရမှာ မဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ -

  • ဝမ်းဗိုက်ပိုင်း နာကျင်ခြင်း
  • နောက်ကျောဘက် နာကျင်ခြင်း
  • ဆီးခုံ၊ ခြေထောက်၊ တင်ပါးတို့ နာကျင်ခြင်း
  • ချွေးထွက်လွန်ခြင်း
  • သတိလစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ဝမ်းဗိုက်ပိုင်း ပင်မ သွေးကြော ဖောင်းခြင်းကြောင့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် သင့်အနေနဲ့ ဝမ်းဗိုက်ပိုင်း နာကျင်ခြင်းကို အပြင်းအထန် ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး စမ်းသပ် ကုသမှုတွေ ခံယူသင့်ပါတယ်။

ဝမ်းဗိုက်ပိုင်း ပင်မ သွေးကြော ဖောင်းခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
  • နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အစားအစာများ စာသုံးပေးခြင်း
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ပေးခြင်း
  • သွေးတွင်း ကိုလက်စထရော ပမာဏကို ထိန်းညှိခြင်း
REF: MayoClinicHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.