သွေးကြောငယ်များ ရောင်ရမ်းခြင်း (Henoch Schonlein Purpura)
- 31 Jan, 2020
- အဖြစ်များသောရောဂါများ
(Henoch Schonlein Purpura) ဆိုတာကတော့ သွေးကြောငယ်များ ရောင်ရမ်းပြီး သွေးစိမ့်ထွက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးကြောငယ်များ ရောင်ရမ်းခြင်းကို အရေပြား၊ အူ၊ ကျောက်ကပ်နဲ့ အဆစ်နေရာတွေမှာ တည်ရှိနေတဲ့ သွေးကြောတွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။ သွေးကြောငယ်များ ရောင်ရမ်းခြင်းကို အသက်ကြီးငယ်မရွေး ခံစားရနိုင်ပေမယ့် အသက် (၂) နှစ်နဲ့ (၁၁) နှစ်ကြား ကလေးငယ်တွေ အနေနဲ့ ပိုမို ခံစားရမှာ ဖြစ်ပါတယ်။
(Henoch Schonlein Purpura) ဆိုတာကတော့ သွေးကြောငယ်များ
ရောင်ရမ်းပြီး သွေးစိမ့်ထွက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။
ဒါ့အပြင် သွေးကြောငယ်များ ရောင်ရမ်းခြင်းကို အရေပြား၊ အူ၊ ကျောက်ကပ်နဲ့ အဆစ်နေရာတွေမှာ
တည်ရှိနေတဲ့ သွေးကြောတွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။ သွေးကြောငယ်များ ရောင်ရမ်းခြင်းကို
အသက်ကြီးငယ်မရွေး ခံစားရနိုင်ပေမယ့် အသက် (၂) နှစ်နဲ့ (၁၁) နှစ်ကြား ကလေးငယ်တွေ အနေနဲ့
ပိုမို ခံစားရမှာ ဖြစ်ပါတယ်။
သွေးကြောငယ်များ ရောင်ရမ်းခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို
အတိအကျ သိရှိရခြင်း မရှိသေးပေမယ့် ခန္ဓာကိုယ် ခုခံအားစနစ် မူမမှန်တဲ့ အခါမျိုးတွေမှာ
သွေးကြောငယ်များ ရောင်ရမ်းခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ သွေးကြောငယ်များ ရောင်ရမ်းခြင်းကို
ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- မျိုးရိုးလိုက်ခြင်း
- ပိုးမွှားကိုက်ခံရခြင်း
- အသည်းခြောက်ခြင်း
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရခြင်း
- အချို့သော ဆေးဝါးများ သောက်သုံးခြင်း
- ဓာတ်မတည့်ခြင်း
- မူးယစ်ဆေးဝါးများ သုံးစွဲခြင်း
- အအေးဓာတ် လွန်ကဲခြင်း
- အမျိုးသားဖြစ်ခြင်း
သွေးကြောငယ်များ ရောင်ရမ်းခြင်းကို ခံစားနေရပြီဖြစ်ကြောင်း အလွယ်တကူ
သိရှိနိုင်တဲ့ အချက်ကတော့ တင်ပါး၊ ခြေထောက်၊ ခြေဖဝါးတို့မှာ အနီရောင် အကွက်များ ပေါ်လာခြင်းပဲ
ဖြစ်ပါတယ်။ အဆိုပါ အနီရောင် အကွက်များကို တစ်ခါတရံမှာ မျက်နှာ၊ လက်မောင်း၊ ရင်ဘတ်နဲ့
ကျောဘက်တွေမှာလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးကြောငယ်များ ရောင်ရမ်းခြင်းကို
ခံစားရတဲ့ အခါမှာ -
- အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း
- မူးဝေခြင်း
- ခေါင်းကိုက်ခြင်း
- အော့အန်ခြင်း
- ဗိုက်အောင့်ခြင်း
- ဝမ်းသွားရာမှာ သွေးပါခြင်း
- ဆီးသွားရာမှာ သွေးပါခြင်း
- ဝှေးစေ့ ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
သွေးကြောငယ်များ ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ များသောအားဖြင့်
ဆေးဝါးကုသမှု ခံယူဖို့ မလိုအပ်ဘဲ (၄) ပတ်ကနေ (၆) ပတ်အကြားမှာ ခံစားနေရတဲ့ ရောဂါဝေဒနာတွေ
သက်သာ ပျောက်ကင်းသွားလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း အချို့သော လူပုဂ္ဂိုလ်တွေ အနေနဲ့
သွေးကြောငယ်များ ရောင်ရမ်းခြင်းကို ခံစားရခြင်းကြောင့် ကျောက်ကပ် ပျက်စီးခြင်း၊ အူစွပ်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် သွေးကြောငယ်များ ရောင်ရမ်းခြင်းကို အချိန်ကြာမြင့်စွာ
ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး စမ်းသပ် ကုသမှုတွေ ခံယူသင့်ပါတယ်။
REF: MedicalNewsToday, HealthLine