ဖိုအင်္ဂါ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 30 Jan, 2020
- မျိုးဆက်ပွားကျန်းမာရေး
ဖိုအင်္ဂါ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများစွာ တည်ရှိလျက်ရှိပါတယ်။ ဖိုအင်္ဂါ ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ဖိုအင်္ဂါ နာကျင်ခြင်း၊ ဖိုအင်္ဂါ နီရဲခြင်း၊ ဖိုအင်္ဂါ ယားယံခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
ဖိုအင်္ဂါ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းများစွာ တည်ရှိလျက်ရှိပါတယ်။ ဖိုအင်္ဂါ ရောင်ရမ်းခြင်းကို ခံစားရတဲ့
အခါမှာ ဖိုအင်္ဂါ နာကျင်ခြင်း၊ ဖိုအင်္ဂါ နီရဲခြင်း၊ ဖိုအင်္ဂါ ယားယံခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖိုအင်္ဂါ ရောင်ရမ်းခြင်းကြောင့် ဖိုအင်္ဂါမှ
အနံ့ဆိုးထွက်ခြင်း၊ အကျိအချွဲများထွက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနိုင်ရတဲ့အပြင်
ဆီးသွားရခက်ခဲခြင်း၊ လိင်ဆက်ဆံစဥ် နာကျင်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း
ခံစားရနိုင်တာကြောင့် ဖိုအင်္ဂါ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းများကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- လိင်အင်္ဂါထိပ် ရောင်ရမ်းခြင်း (Balanitis)
လိင်အင်္ဂါထိပ် ရောင်ရမ်းခြင်း ဆိုတာကတော့ အမျိုးသား
အများစု ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လိပ်အင်္ဂါထိပ်
ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ဖိုအင်္ဂါထိပ် အရေပြားနဲ့ ဖိုအင်္ဂါထိပ်ဖျားတို့
နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။
လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းကို လိင်အင်္ဂါထိပ် အရေပြား ဖြတ်ထားခြင်း မရှိတဲ့
အမျိုးသားတွေ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိသူတွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။
လိင်အင်္ဂါထိပ် ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ
လိင်အင်္ဂါထိပ် နီရဲခြင်း၊ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ အနာများပေါက်ခြင်း၊
ဆီးသွားစဥ် နာကျင်ခြင်း၊ ပြန်ရည်ကျိတ် ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။
- ဓာတ်မတည့်ခြင်း
ဖိုအင်္ဂါ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ နောက်ထပ် အကြောင်းအရင်း
တစ်ခုကတော့ ဓာတ်မတည့်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ချောဆီပါဝင်တဲ့ ကွန်ဒုံးတွေ၊
လိင်ဆက်ဆံရာမှာ အသုံးပြုလေ့ရှိတဲ့ ချောဆီတွေ၊ ဓာတုပစ္စည်း ပါဝင်တဲ့ ဆပ်ပြာတွေ၊
အသားလှဆီတွေနဲ့ ဓာတ်မတည့်တဲ့ အခါမှာ ဖိုအင်္ဂါ ရောင်ရမ်းခြင်း၊ ခြောက်သွေ့ခြင်း၊
ယားယံခြင်း၊ အနာပေါက်ခြင်း၊ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ဆီးထုတ်ပြွန်ရောင်ရမ်းခြင်း (Urethritis)
ဆီးထုတ်ပြွန် ဆိုတာကတော့ ဆီးအိမ်က ပို့လွှတ်လိုက်တဲ့
ဆီးတွေကို ဖိုအင်္ဂါကနေ တစ်ဆင့် ခန္ဓာကိုယ် အပြင်ဘက်ကို စွန့်ထုတ်နိုင်ဖို့
သယ်ဆောင်ပေးရတဲ့ ပြွန်တစ်ခုပဲ ဖြစ်ပါတယ်။ ဆီးထုတ်ပြွန် ရောင်ရမ်းခြင်းကို
လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်လေ့ရှိတဲ့ ရောဂါတွေ ဖြစ်ပွားတဲ့ အခါမှာ
ခံစားရနိုင်ပါတယ်။ ဆီးထုတ်ပြွန် ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာလည်း ဖိုအင်္ဂါ
ရောင်ရမ်းခြင်း၊ ဆီးသွားရာမှာ နာကျင်ခြင်း၊ ဆီးသွားချင်စိတ် မကြာခဏ ဖြစ်ပေါ်ခြင်း၊
ဖိုအင်္ဂါမှ အကျိအချွဲများထွက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- လိင်အင်္ဂါ အချိန်ကြာမြင့်စွာ ထောင်မတ်နေခြင်း (Priapism)
လိင်အင်္ဂါ အချိန်ကြာမြင့်စွာ ထောင်မတ်နေခြင်းဆိုတာကတော့
သွေးလမ်းကြောင်း စီးဆင်းမှု မူမမှန်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ
ဖြစ်ပါတယ်။ လိင်အင်္ဂါ အချိန်ကြာမြင့်စွာ ထောင်မတ်နေခြင်းကို ခံစားရတဲ့ အခါမှာ
ဖိုအင်္ဂါ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ သုက်လွှတ်ရန် ပုံမှန်ထက်
ကြာမြင့်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
- ပါရိုနိစ်ရောဂါ (Peyronie’s Disease) ခံစားနေရခြင်း
ပါရိုနိစ်ရောဂါ ဆိုတာကတော့ ဖိုအင်္ဂါအတွင်းမှာ အမာရွတ်လို
အချပ်ပြား တည်နေရှိခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။
ဖိုအင်္ဂါအတွင်း အမာရွတ်လို အချပ်ပြားကြီး တည်ရှိနေခြင်းကြောင့် ဖိုအင်္ဂါ ပုံမှန်
မဟုတ်ဘဲ ကွေးညွတ်ခြင်း၊ ဖိုအင်္ဂါ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ သုက်လွှတ်စဥ်
နာကျင်ခြင်း၊ သုက်လွှတ်နည်းပါးခြင်း၊ လိင်ဆက်ဆံစဥ် နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရမှာ ဖြစ်ပါတယ်။
- လိင်အင်္ဂါထိပ် အရေပြား ရောင်ရမ်းခြင်း (Posthitis)
လိင်အင်္ဂါထိပ် အရေပြား ရောင်ရမ်းခြင်း ဆိုတာကတော့ လိင်အင်္ဂါမှိုပိုး
ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါထိပ်
အရေပြား ရောင်ရမ်းခြင်းနဲ့အတူ တစ်ခါတရံမှာ လိင်အင်္ဂါထိပ် ရောင်ရမ်းခြင်းကိုပါ
တွဲဖက်ခံစားရလေ့ ရှိကြပါတယ်။ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ
လိင်အင်္ဂါထိပ် နာကျင်ခြင်း၊ လိင်အင်္ဂါထိပ် အရေပြားကွဲအက်ခြင်း၊ လိင်အင်္ဂါထိပ်
အရေပြား နီရဲခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။
REF: HealthLine