အဆုတ် သွေးကြောပိတ်ခြင်း (Pulmonary Embolism)
- 30 Jan, 2020
- အဖြစ်များသောရောဂါများ
အဆုတ် သွေးကြောပိတ်ခြင်း ဆိုတာကတော့ အဆုတ်ကို သွေးပို့လွှတ်နေတဲ့ အဆုတ် သွေးလွှတ်ကြောမှာ ပိတ်ဆို့နေခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အဆုတ် သွေးကြောပိတ်ခြင်းဟာ သွေးလွှတ်ကြောဆိုင်ရာ ရောဂါတွေ အထဲမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အဆုတ် သွေးကြောပိတ်ခြင်းကို ခံစားရတဲ့ အခါမှာ အဆုတ်တွင်း အောက်ဆီဂျင် လုံလောက်စွာ ရောက်ရှိတော့မှာ မဟုတ်ဘဲ တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
အဆုတ် သွေးကြောပိတ်ခြင်း ဆိုတာကတော့ အဆုတ်ကို
သွေးပို့လွှတ်နေတဲ့ အဆုတ် သွေးလွှတ်ကြောမှာ ပိတ်ဆို့နေခြင်းကြောင့်
ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အဆုတ် သွေးကြောပိတ်ခြင်းဟာ
သွေးလွှတ်ကြောဆိုင်ရာ ရောဂါတွေ အထဲမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အဆုတ်
သွေးကြောပိတ်ခြင်းကို ခံစားရတဲ့ အခါမှာ အဆုတ်တွင်း အောက်ဆီဂျင် လုံလောက်စွာ
ရောက်ရှိတော့မှာ မဟုတ်ဘဲ တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အထိ
ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
အဆုတ် သွေးလွှတ်ကြောပိတ်ခြင်းကို အဓိကဖြစ်ပွားစေတဲ့
အကြောင်းအရင်းကတော့ သွေးပြန်ကြောမ သွေးခဲပိတ်ခြင်း (Deep Vein
Thrombosis) ကြောင့်ပဲ ဖြစ်ပါတယ်။ အဆုတ် သွေးကြောပိတ်ခြင်းကို
ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- နှလုံးရောဂါ ဖြစ်ပွားဖူးခြင်း
နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ နှလုံးရောဂါတွေ အထူးသဖြင့်
နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းကို ခံစားဖူးတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ အဆုတ်
သွေးကြောပိတ်ခြင်းကို ခံစားရနိုင်ပါတယ်။
- ကင်ဆာရောဂါများ ခံစားနေရခြင်း
အချို့သော ကင်ဆာရောဂါတွေဖြစ်တဲ့ ဦးနှောက်ကင်ဆာ၊
သားဥအိမ်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အဆုတ်ကင်ဆာစတဲ့
ကင်ဆာရောဂါတွေ ခံစားရတဲ့ အခါမှာ သွေးခဲခြင်းကို ခံစားရနိုင်သလို ကင်ဆာရောဂါ
ကုသရာမှာ အသုံးပြုလေ့ရှိတဲ့ ကီမိုဆေးသွင်းကုသခြင်း နည်းလမ်းကြောင့်လည်း အဆုတ်
သွေးကြောပိတ်ခြင်းကို ခံစားရနိုင်ပါတယ်။
- ခွဲစိတ်ကုသမှု ခံယူဖူးခြင်း
ခွဲစိတ်ကုသမှု ခံယူဖူးခြင်းကလည်း အဆုတ်သွေးကြောပိတ်ခြင်းကို
ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်း တစ်ခု အဖြစ် တည်ရှိလျက် ရှိပါတယ်။ အထူးသဖြင့်
အဆစ်အစားထိုး ကုသမှု ခံယူပြီး နောက်ပိုင်းမှာ အဆုတ် သွေးကြောပိတ်ခြင်းကို
ခံစားရလေ့ ရှိကြပါတယ်။
- အိပ်ရာထဲ အချိန်ကာလ ကြာမြင့်စွာ လဲလျောင်း အနားယူနေရခြင်း
နာတာရှည် ရောဂါတစ်ခုခု ခံစားနေရခြင်းကြောင့် အိပ်ရာထဲမှာ
အချိန်ကာ ကြာမြင့်စွာ လဲလျောင်းနေရမယ်ဆိုရင် သွေးစီးဆင်းမှုကို အနှောင့်အယှက်
ဖြစ်စေနိုင်တာကြောင့် အဆုတ် သွေးကြောပိတ်ခြင်းကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊
အသက်အရွယ် ကြီးမြင့်ခြင်း၊ ဟော်မုန်းဖြည့်စွက် အားဆေးများ သောက်သုံးခြင်း၊
ကိုယ်ဝန်ရှိခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း အဆုတ် သွေးကြောပိတ်ခြင်းကို
ခံစားရနိုင်ပါတယ်။
အဆုတ် သွေးကြောပိတ်ခြင်းကို ခံစားရတဲ့ အခါမှာ
အသက်ရှူမဝခြင်း၊ မူးဝေခြင်း၊ ဖျားနာခြင်း၊ ချွေးထွက်လွန်ခြင်း၊ ဖျားနာခြင်း၊
ခြေထောက်များနာကျင် ရောင်ရမ်းခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမြန်ခြင်း၊
ချောင်းဆိုးခြင်း၊ ချောင်းဆိုးရာမှာ သွေးပါခြင်း၊ နှလုံးစည်းချက် မမှန်ခြင်း၊
သွေးအန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
အဆုတ် သွေးကြောပိတ်ခြင်းဟာ အသက်အန္တရာယ်ကို
ထိခိုက်စေနိုင်တဲ့ ရောဂါတစ်ခု ဖြစ်တာကြောင့် သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့
ရောဂါဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ်
ကုသမှုတွေ ခံယူသင့်ပါတယ်။
အဆုတ် သွေးကြောပိတ်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့
အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- ဆရာဝန် ညွှန်ကြားချက်အတိုင်း သွေးကျဲဆေးများ သောက်သုံးခြင်း
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးခြင်း
- ရေဓာတ် ပြန်လည် ဖြည့်တင်းပေးခြင်း
REF: MayoClinic, MedicalNewsToday, HealthLine
