ကလေးငယ် အဝလွန်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းများ
- 28 Jan, 2020
- ကလေးကျန်းမာရေး
အဝလွန်ခြင်းကို လက်ရှိအချိန်မှာ ကမ္ဘာပေါ်ရှိ လူသားအများစု အနေနဲ့ ခံစားနေရပါတယ်။ ငယ်ရွယ်စဥ် အချိန်ကာလမှာ ဝဖြိုးနေတာ ချစ်ဖို့ကောင်းတာ အမှန်ပဲ ဖြစ်ပေမယ့် ကလေးငယ်တွေ အနေနဲ့ အဝလွန်ခြင်းကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ် အဝလွန်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အဝလွန်ခြင်းကို လက်ရှိအချိန်မှာ ကမ္ဘာပေါ်ရှိ လူသားအများစု
အနေနဲ့ ခံစားနေရပါတယ်။ ငယ်ရွယ်စဥ် အချိန်ကာလမှာ ဝဖြိုးနေတာ ချစ်ဖို့ကောင်းတာ
အမှန်ပဲ ဖြစ်ပေမယ့် ကလေးငယ်တွေ အနေနဲ့ အဝလွန်ခြင်းကြောင့် မလိုလားအပ်တဲ့
ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်
အဝလွန်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ
ဖြစ်ပါတယ်။
- မိခင်နို့ရည် တစ်မျိုးတည်းသာ တိုက်ကျွေးခြင်း
နို့စို့အရွယ် ကလေးငယ်တွေကို မိခင်နို့ရည် အပြင်
နို့မှုန့်တွေ၊ ဖြည့်စွက်အာဟာရတွေ တိုက်ကျွေးခြင်းကြောင့် ကလေးငယ် အနေနဲ့
အဝလွန်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် နို့စို့အရွယ် ကလေးငယ်တွေကို
မိခင်နို့ရည် တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ပါတယ်။
- အသီးအနှံများ ကျွေးပေးခြင်း
အမျှင်ဓာတ် အနေနဲ့ ခန္ဓာကိုယ်ရဲ့ အလေးချိန် ပမာဏကို
ထိန်းညှိရာမှာ များစွာသော အထောက်အကူတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်
အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအနှံတွေကို တစ်နေ့လျှင် သုံးကြိမ်ခန့်
ကျွေးမွေးပေးခြင်းဖြင့် ကလေးငယ် အဝလွန်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပေးခြင်း
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို နေ့စဥ် ပုံမှန်
လုပ်ဆောင်ပေးခြင်းဖြင့် ကလေးငယ်ရဲ့ ခန္ဓာကိုယ်အတွင်းမှာ အဆီပိုတွေကို
လျော့ချနိုင်မှာ ဖြစ်သလို အခြားသော ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးပေါင်း
များစွာကိုလည်း ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို ကျွေးမွေးခြင်း
ကလေးငယ် အများစု အနေနဲ့ အချိုဓာတ် လွန်ကဲတဲ့ မုန့်တွေ၊
အအေးတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်ခြင်း မရှိတဲ့ သွားရည်စာတွေ စားသောက်ရတာကို
နှစ်သက်လေ့ ရှိကြပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ၊ အချို့ဓာတ်လွန်ကဲတဲ့
အစားအစာတွေကို စားသုံးခြင်းကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်သလို
ခန္ဓာကိုယ် အတွက် ဆိုးကျိုးပေါင်း များစွာကို ခံစားရနိုင်တာကြောင့် ငယ်ရွယ်စဥ်
ကာလကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကိုသာ အကျင့်လုပ်ပြီး
ကျွေးမွေးသင့်ပါတယ်။
- တီဗွီအလွန်အကျွံ ကြည့်ရှုမှုကို ထိန်းချုပ်ခြင်း
ယနေ့ခေတ် ကလေးငယ်တွေ အနေနဲ့ တီဗွီတွေ၊ ဖုန်းတွေ
ကြည့်ရှုရတာကို နှစ်သက်လေ့ ရှိကြပါတယ်။ တကယ်လို့ တီဗွီတွေ၊ ဖုန်းတွေကို အလွန်အကျွံ
ကြည့်ရှုခဲ့မယ်ဆိုရင် ကလေးငယ်ရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုပိုင်းမှာ၊
အိပ်စက်အနားယူရာမှာ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်ရနိုင်သလို အဝလွန်ခြင်းကိုလည်း
ဖြစ်ပွားစေနိုင်ပါတယ်။
REF: HealthLine
