နို့တိုက်မိခင်တွေ ရှောင်ကြဥ်သင့်တဲ့ အစားအစာများ

  • 28 Jan, 2020
  • ကလေးကျန်းမာရေး

နို့ချိုတိုက်ကျွေးနေစဥ် ကာလမှာ မွေးကင်းစ ကလေးငယ် ဖွံ့ဖြိုးစေဖို့၊ အားရှိစေဖို့၊ ရောဂါပိုး ကူးစက်ခြင်းကနေ ကာကွယ်နိုင်ဖို့ အတွက် နို့တိုက် မိခင်တွေ အနေနဲ့ စားပေးသင့်တဲ့ အစားအစာပေါင်း များစွာ တည်ရှိလျက် ရှိပါတယ်။ ဒါပေမယ့်လည်း မစားသင့်တဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် ကလေးငယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမို ဖြစ်ပွားစေမှာ ဖြစ်တာကြောင့် နို့တိုက်မိခင်တွေ ရှောင်ကြဥ်သင့်တဲ့ အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ကော်ဖီ

နို့တိုက်မိခင်တွေ အနေနဲ့ အိပ်ချိန် လုံလောက်စွာ ရရှိခြင်း မရှိတာကြောင့် နိုးနိုးကြားကြား ဖြစ်နေစေဖို့ အတွက် ကော်ဖီ သောက်သုံးလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ကို နို့စို့အရွယ် ကလေးငယ်တွေ အနေနဲ့ ကောင်းမွန်စွာ ချေဖျက်နိုင်ခြင်း မရှိတာကြောင့် ကလေးငယ် အိပ်စက် အနားယူရာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေ အနေနဲ့ ကော်ဖီသောက်ရတာ နှစ်သက်တယ် ဆိုရင်တော့ တစ်နေ့ကို နှစ်ခွက်ခန့်သာ သောက်သုံးသင့်ပါတယ်။

  • ချောကလက်

ချောကလက်မှာလည်း ကဖိန်းဓာတ် ပါဝင်တာကြောင့် မိခင် နို့ရည်ကနေ တစ်ဆင့် ကလေးဆီကို ရောက်ရှိသွားတဲ့ အခါမှာ ကောင်းမွန်စွာ အိပ်မပျော်ခြင်း၊ ဝမ်းပျက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် ချောကလက် အလွန်အကျွံ စားသုံးခြင်းကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

  • နို့နဲ့နို့ထွက်ပစ္စည်းများ

နို့နဲ့နို့ထွက် ပစ္စည်းတွေဟာ ဆိုရင်လည်း နို့စို့အရွယ် ကလေးငယ်တွေကို ဒုက္ခအပေးနိုင်ဆုံး အစားအစာတွေ အထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ တကယ်လို့ နို့တိုက်မိခင် အနေနဲ့ နွားနို့၊ ထောပတ် ဒါမှမဟုတ် ဒိန်ခဲတို့ကို အလွန်အကျွံ စားသုံးပေးခဲ့မယ်ဆိုရင် ကလေးငယ် အနေနဲ့ ဝမ်းပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ အရေပြားရောဂါတို့ကို ခံစားရနိုင်တာကြောင့် နို့နဲ့နို့ထွက်ပစ္စည်းများ စားသုံးခြင်းကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

  • အရက်

နို့တိုက်မိခင်တွေ အနေနဲ့ အရက်သောက်ခြင်းကို ရှောင်ကြဥ်ရမယ် ဆိုတာကိုတော့ လူတိုင်းနီးပါး သိထားကြမယ် ထင်ပါတယ်။ မိခင်နို့ရည်ကနေ တစ်ဆင့် ပါလာတဲ့ အယ်လ်ကိုဟောဓာတ်ကို ကလေးငယ်တွေ အနေနဲ့ ချေဖျက်နိုင်စွမ်း မရှိတာကြောင့် များစွာသော ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

  • ကြက်ဥနဲ့ အစေ့အဆံများ

တကယ်လို့ မိသားစုဝင်တွေ အထဲမှာ ကြက်ဥ ဒါမှမဟုတ် အစေ့အဆံနဲ့ ဓာတ်မတည့်သူတွေ ရှိနေခဲ့မယ်ဆိုရင် ကလေးငယ် အနေနဲ့လည်း ကြက်ဥ ဒါမှမဟုတ် အစေ့အဆံနဲ့ ဓာတ်မတည့်မှုကို ခံစားရနိုင်တယ်ကြောင့် နို့ပြတ်တဲ့ အချိန်ထိ ကြက်ဥနဲ့ အစေ့အဆံများ စားသုံးခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.