မွေးရာပါ နှလုံးရောဂါအကြောင်း သိကောင်းစရာများ

  • 23 Jan, 2020
  • ကလေးကျန်းမာရေး

မွေးရာပါ နှလုံးရောဂါဆိုတာကတော့ မွေးဖွားစဥ် ကာလကတည်းက နှလုံးတည်ဆောက်ပုံမှာ ဒါမှမဟုတ် ပင်မ သွေးလွှတ်ကြောတွေမှာ တစ်ခုထက်ပိုပြီး ပုံမှန်မဟုတ်တဲ့ ပြဿနာများ တည်ရှိနေခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ယခင်အချိန်တွေတုန်းကတော့ မွေးရာပါ နှလုံးရောဂါကို ခံစားရခြင်းကြောင့် အသက် သေဆုံးမှုတွေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရပေမယ့် ယနေ့ခေတ်မှာ ဆေးဝါးတွေ၊ နည်းပညာတွေ တိုးတက် ပြောင်းလဲလာပြီ ဖြစ်တာနဲ့အညီ အသက်ရှင်သန်မှု ရာခိုင်နှုန်းလည်း မြင့်တက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

မွေးရာပါ နှလုံးရောဂါဆိုတာကတော့ မွေးဖွားစဥ် ကာလကတည်းက နှလုံးတည်ဆောက်ပုံမှာ ဒါမှမဟုတ် ပင်မ သွေးလွှတ်ကြောတွေမှာ တစ်ခုထက်ပိုပြီး ပုံမှန်မဟုတ်တဲ့ ပြဿနာများ တည်ရှိနေခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ယခင်အချိန်တွေတုန်းကတော့ မွေးရာပါ နှလုံးရောဂါကို ခံစားရခြင်းကြောင့် အသက် သေဆုံးမှုတွေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရပေမယ့် ယနေ့ခေတ်မှာ ဆေးဝါးတွေ၊ နည်းပညာတွေ တိုးတက် ပြောင်းလဲလာပြီ ဖြစ်တာနဲ့အညီ အသက်ရှင်သန်မှု ရာခိုင်နှုန်းလည်း မြင့်တက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

မွေးရာပါ နှလုံးရောဂါကို အဓိအားဖြင့် အမျိုးအစား နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • Cyanotic Heart Disease

မွေးကင်းစ ကလေးငယ်ရဲ့ နှလုံးအတွင်းမှာ အောက်ဆီဂျင်ဓာတ် လုံလောက်စွာ မရှိခြင်းကြောင့် အသက်ရှူမဝခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခြေချောင်း၊ လက်ချောင်း၊ နှုတ်ခမ်းများ ပြာနှမ်းခြင်းကို ခံစားနေရမယ်ဆိုရင် (Cyanotic Heart Disease) အမျိုးအစား မွေးရာပါ နှလုံးရောဂါကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(Cyanotic Heart Disease) အမျိုးအစား မွေးရာပါ နှလုံးရောဂါကို ခံစားရတဲ့ အခါမှာ အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေချောင်း၊ လက်ချောင်း၊ နှုတ်ခမ်းများ ပြာနှမ်းခြင်း၊ ခန္ဓာကိုယ် ကြီးထွားနှုန်း ကျဆင်းခြင်း၊ အစာစားချင်စိတ် နည်းပါးခြင်း၊ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ဓာတ် လုံလောက်မှု မရှိခြင်း၊ ချွေးထွက်လွန်ခြင်း၊ မူးဝေခြင်း၊ ကိုယ်အလေးချိန် နည်းပါးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • Acyanotic Heart Disease

မွေးကင်းစ ကလေးငယ်ရဲ့ နှလုံးအတွင်းမှာ အောက်ဆီဂျင်ဓာတ် လုံလောက်စွာ ရှိနေပေမယ့်လည်း အဆိုပါ အောက်ဆီဂျင်ဓာတ်ကို နှလုံးအနေနဲ့ ခန္ဓာကိုယ် နေရာအနှံ့ကို ပို့ဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ဘူးဆိုရင် (Acyanotic Heart Disease) အမျိုးအစား မွေးရာပါ နှလုံးရောဂါကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(Acyanotic Heart Disease) အမျိုးအစား မွေးရာပါ နှလုံးရောဂါကို ခံစားရမယ် ဆိုရင်တော့ အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခန္ဓာကိုယ် ကြီးထွားနှုန်း ကျဆင်းခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ ချွေးထွက်လွန်ကဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

တစ်ခါတရံမှာ မွေးရာပါ နှလုံးရောဂါကို ခံစားနေရပေမယ့် မွေးကင်းစ အချိန်မှာ ရောဂါဝေဒနာတွေကို ခံစားရမှာ မဟုတ်ဘဲ အသက်ကြီးလာမှ ရောဂါဝေဒနာတွေကို ခံစားရလေ့ ရှိကြပါတယ်။ မွေးရာပါ နှလုံးရောဂါကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင်မှာ ဂျာမန်ဝက်ရောဂါ ဖြစ်ပွားနေခြင်း
  • ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း
  • ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ ဆေးလိပ်နဲ့ အရက် သုံးစွဲခြင်း
  • ကိုယ်ဝန်အစောပိုင်း ကာလမှာ ကိုယ်ဝန်ဆောင်မိခင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း
  • ကိုယ်ဝန်ဆောင် မိခင်မှာ ဆီးချိုရောဂါ ဖြစ်ပွားနေခြင်း
  • မျိုးရိုးလိုက်ခြင်း

မွေးရာပါ နှလုံးရောဂါကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သောက်သုံးခြင်း
  • ခွဲစိတ်ကုသခြင်း
  • နှလုံးစက် ထည့်သွင်းခြင်း
  • နှလုံးအဆို့ရှင် အစားထိုး ကုသမှု ခံယူခြင်း
  • နှလုံးအစားထိုး ကုသမှု ခံယူခြင်း
REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.