တစ်မူထူးကဲ အဆုတ်ရောင်ခြင်း (Atypical Pneumonia)
- 23 Jan, 2020
- အဖြစ်များသောရောဂါများ
တစ်မူထူးကဲ အဆုတ်ရောင်ရောဂါ ဆိုတာကတော့ အသက်ရှူလမ်းကြောင်း အပေါ်ဘက်နဲ့ အောက်ဘက်ကို ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ တစ်မူထူးကဲ အဆုတ်ရောင်ရောဂါ ဆိုတဲ့အတိုင်း ပုံမှန် အဆုတ်ရောင်ရောဂါနဲ့ ဖြစ်ပွားမှု ပုံစံခြင်း တူညီလေ့ မရှိပါဘူး။ တစ်မူထူးကဲ အဆုတ်ရောင်ရောဂါကို ခံစားရတဲ့ အခါမှာ အိပ်စက်အနားယူနေဖို့ မလိုအပ်သလို၊ ဆေးရုံးတက် ကုသမှုတွေ ခံယူနေဖို့လည်း မလိုအပ်ပါဘူး။ တစ်မူထူးကဲ အဆုတ်ရောင်ခြင်း (Atypical Pneumonia) ကို လမ်းလျှောက် အဆုတ်ရောင်ခြင်း (Walking Pneumonia) လို့လည်း ခေါ်ဆိုလေ့ ရှိကြပါတယ်။
တစ်မူထူးကဲ အဆုတ်ရောင်ရောဂါ
ဆိုတာကတော့ အသက်ရှူလမ်းကြောင်း အပေါ်ဘက်နဲ့ အောက်ဘက်ကို ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့်
ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ တစ်မူထူးကဲ အဆုတ်ရောင်ရောဂါ ဆိုတဲ့အတိုင်း
ပုံမှန် အဆုတ်ရောင်ရောဂါနဲ့ ဖြစ်ပွားမှု ပုံစံခြင်း တူညီလေ့ မရှိပါဘူး။ တစ်မူထူးကဲ
အဆုတ်ရောင်ရောဂါကို ခံစားရတဲ့ အခါမှာ အိပ်စက်အနားယူနေဖို့ မလိုအပ်သလို၊ ဆေးရုံးတက်
ကုသမှုတွေ ခံယူနေဖို့လည်း မလိုအပ်ပါဘူး။ တစ်မူထူးကဲ အဆုတ်ရောင်ခြင်း (Atypical
Pneumonia) ကို လမ်းလျှောက် အဆုတ်ရောင်ခြင်း (Walking
Pneumonia) လို့လည်း ခေါ်ဆိုလေ့ ရှိကြပါတယ်။
တစ်မူထူးကဲ အဆုတ်ရောင်ရောဂါကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးကတော့
(Mycoplasma)
ဘက်တီးရီးယားပိုးပဲ ဖြစ်ပါတယ်။ တစ်မူထူးကဲ အဆုတ်ရောင်ခြင်းကို ခံစားရတဲ့
အခါမှာ နေ့စဥ်လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်မှာ
ဖြစ်သလို ရောဂါဝေဒနာတွေကိုလည်း အပြင်းအထန် ခံစားရမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ပုံမှန် အဆုတ်ရောင်တဲ့ အခါမှာ ခံစားရလေ့ မရှိတဲ့ နားကိုက်ခြင်း၊
ခေါင်းကိုက်ခြင်း၊ အပျော့စား ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ လေပြွန်ရောင်ရမ်းခြင်း၊
ချောင်းအခြောက်ဆိုးခြင်းစတဲ့ ဝေဒနာတွေကို တစ်မူထူးကဲ အဆုတ်ရောင်ခြင်းကြောင့် ခံစားရမှာ
ဖြစ်ပါတယ်။ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို တစ်ပတ်ခန့် ပိုပြီး ခံစားနေရမယ်ဆိုရင်
တစ်မူထူးကဲ အဆုတ်ရောင်ခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
တစ်ခါတရံမှာ တစ်မူထူးကဲ အဆုတ်ရောင်ခြင်းကို ခံစားရခြင်းကြောင့်
-
- မူးဝေခြင်း
- အော့အန်ခြင်း
- ဗိုက်အောင့်ခြင်း
- ချမ်းတုန်ခြင်း
- အသက်ရှူမြန်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူတိုင်း တရွှီရွှီ အသံမြည်ခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- အစာစားချင်စိတ် မရှိခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
တစ်မူထူးကဲ အဆုတ်ရောင်ခြင်းကို အမျိုးအစားအားဖြင့် သုံးမျိုးခွဲခြား
သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
- Mycoplasma Pneumoniae
(Mycoplasma Pneumoniae) ကို များသောအားဖြင့် အသက်
(၄၀) အောက် လူပုဂ္ဂိုလ်တွေ အနေနဲ့ ခံစားရလေ့ ရှိပါတယ်။ (Mycoplasma
Pneumoniae) ကို ခံစားရတဲ့ အခါမှာ နားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊
လည်ချောင်းနာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- Chlamydophila Pneumoniae
(Chlamydophila Pneumoniae) ဆိုတာကတော့ ကျောင်းနေအရွယ် ကလေးငယ်တွေမှာ
ဖြစ်ပွားလေ့ရှိတဲ့ တစ်မူထူးကဲ အဆုတ်ရောင်ရောဂါ အမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။
- Legionella Pneumophilia
(Legionella Pneumophilia) ကို သက်ကြီးရွယ်အိုတွေ၊ ဆေးလိပ်သောက်သူတွေ၊
ကိုယ်ခံအား ကျဆင်းနေသူတွေ အနေနဲ့ အဓိကအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။
တစ်မူထူးကဲ အဆုတ်ရောင်ခြင်းကို များသောအားဖြင့် အသက် (၆၅) နှစ်အထက်
လူပုဂ္ဂိုလ်တွေ၊ အသက် (၂) နှစ်အောက် ကလေးငယ်တွေ၊ ဆေးလိပ်သောက်သုံးသူတွေ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါ ခံစားနေရသူတွေ၊ ကိုယ်ခံအား ကျဆင်းနေသူတွေ အနေနဲ့ ခံစားရလေ့ ရှိကြသလို ကျောင်း၊
ဆေးရုံ၊ ဘိုးဘွားရိပ်သာ၊ အဆောင်တွေမှာ နေထိုင်သူတွေ၊ အလုပ်လုပ်ကိုင်သူတွေ အနေနဲ့လည်း
အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။
တစ်မူထူးကဲ အဆုတ်ရောင်ရောဂါကို ခံစားရတဲ့ အခါမှာ အချို့သော လူပုဂ္ဂိုလ်တွေ
အနေနဲ့ ကုသစရာ မလိုဘဲ ပျောက်ကင်းသွားလေ့ ရှိပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ တစ်မူထူးကဲ
အဆုတ်ရောင်ရောဂါကို အချိန်ကြာမြင့်စွာ ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန် ညွှန်ကြားချက်အတိုင်း
ဆေးဝါးများ သောက်သုံးပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
REF: MedicalNewsToday, HealthLine
