ဗိုက်တစ်ခြမ်းအောင့်ခြင်းအကြောင်း သိကောင်းစရာများ
- 20 Jan, 2020
- ကလေးကျန်းမာရေး
ဗိုက်တစ်ခြမ်းအောင့်ခြင်း ဆိုတာကတော့ ကလေးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း နည်းတူ ဗိုက်တစ်ခြမ်းအောင့်ခြင်းကို ခံစားရတဲ့ အခါမှာ မူးဝေခြင်း၊ အော့အန်ခြင်း၊ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဗိုက်တစ်ခြမ်းအောင့်ခြင်းဟာ မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်တာနဲ့အညီ မိသားစုဝင်တွေ အထဲမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဗိုက်တစ်ခြမ်းအောင့်ခြင်းကို ခံစားနေရသူ/ ခံစားဖူးသူ ရှိခဲ့မယ်ဆိုရင် မွေးဖွားလာတဲ့ ကလေးအနေနဲ့လည်း ဗိုက်တစ်ခြမ်းအောင့်ခြင်းကို ခံစားရနိုင်ပါတယ်။
ဗိုက်တစ်ခြမ်းအောင့်ခြင်း ဆိုတာကတော့ ကလေးတွေမှာ
အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း နည်းတူ
ဗိုက်တစ်ခြမ်းအောင့်ခြင်းကို ခံစားရတဲ့ အခါမှာ မူးဝေခြင်း၊ အော့အန်ခြင်း၊
နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဗိုက်တစ်ခြမ်းအောင့်ခြင်းဟာ
မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်တာနဲ့အညီ မိသားစုဝင်တွေ အထဲမှာ
ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဗိုက်တစ်ခြမ်းအောင့်ခြင်းကို ခံစားနေရသူ/ ခံစားဖူးသူ
ရှိခဲ့မယ်ဆိုရင် မွေးဖွားလာတဲ့ ကလေးအနေနဲ့လည်း ဗိုက်တစ်ခြမ်းအောင့်ခြင်းကို
ခံစားရနိုင်ပါတယ်။
ဗိုက်တစ်ခြမ်းအောင့်ခြင်းကို ခံစားရတဲ့ အခါမှာ -
- မူးဝေခြင်း
- အော့အန်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- မျက်တွင်းနက်ခြင်း
- ဗိုက်အောင့်ခြင်း
- အစာစားချင်စိတ် မရှိခြင်း
- အသားအရောင် ဖျော့တော့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
ဗိုက်တစ်ခြမ်းအောင့်ခြင်းကို များသောအားဖြင့် တစ်နာရီခန့်သာ ခံစားရလေ့ ရှိပေမယ့်
တစ်ခါတရံမှာ သုံးရက်နီးပါး အချိန်ကြာမြင့်တဲ့အထိ ခံစားရလေ့ ရှိကြပါတယ်။ ဗိုက်တစ်ခြမ်းအောင့်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက
အကြောင်းအရင်းကို လက်ရှိအချိန်အထိ သိရှိရခြင်း မရှိသေးပါဘူး။
လေ့လာတွေ့ရှိချက်များအရ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းများကြောင့် ဗိုက်တစ်ခြမ်းအောင့်ခြင်းကိုလည်း ခံစားရစေနိုင်တယ်လို့
သိရပါတယ်။ ဒါ့အပြင် ဗိုက်တစ်ခြမ်းအောင့်ခြင်းကို အမျိုးသားတွေထက် အမျိုးသမီးတွေ
အနေနဲ့ ပိုမိုခံစားရလေ့ ရှိကြပါတယ်။
ဗိုက်တစ်ခြမ်းအောင့်ခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- နိုက်ထရိတ်ဓာတ် ပါဝင်သော အစားအစာများကို စားသုံးခြင်း
- ပါးစပ်ဖြင့် အသက်ရှူခြင်း
- စိတ်ဖိစီးခြင်း
- ကားမူးခြင်း (Motion Sickness)
ဗိုက်တစ်ခြမ်းအောင့်ခြင်းကို ကုသရာမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေကို အသုံးပြုလေ့ရှိပါတယ်။ ဒါ့အပြင် -
- အိပ်ချိန်ပုံမှန် အိပ်စက်ခြင်း
- အစာစားချိန် ပုံမှန် စားသုံးခြင်း
- ရေဓာတ်ပြန်လည် ဖြည့်တင်းပေးခြင်း
- နိုက်ထရိတ်ဓာတ် ပါဝင်တဲ့ အစားအစာများ အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
- စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျော့ချခြင်း
- လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ပေးခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာခြင်းဖြင့်လည်း
ဗိုက်တစ်ခြမ်းအောင့်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
REF: WebMD, HealthLine