ဦးနှောက်ချို့ယွင်းမှုရောဂါ (Cerebral Palsy) အကြောင်း သိကောင်းစရာများ
- 20 Jan, 2020
- ကလေးကျန်းမာရေး
ဦးနှောက်ချို့ယွင်းမှုရောဂါ ဆိုတာကတော့ ရွေ့လျားမှုဆိုင်ရာ ကြွက်သားတွေနဲ့ အာရုံကြောတွေကို ထိခိုက်စေတဲ့ ရောဂါအစုအဖွဲ့ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဦးနှောက်ချို့ယွင်းမှု ရောဂါကို ခံစားရတဲ့အခါမှာ အကြားအာရုံ၊ အမြင်အာရုံပိုင်းဆိုင်ရာမှာ ချို့ယွင်းမှုတွေကို ခံစားရမှာဖြစ်တဲ့အပြင် ရွေ့လျားရာမှာ၊ အာရုံခံစားရာမှာလည်း ချို့ယွင်းမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဦးနှောက်ချို့ယွင်းမှုရောဂါကို များသောအားဖြင့် ကလေးငယ်တွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။
ဦးနှောက်ချို့ယွင်းမှုရောဂါ ဆိုတာကတော့ ရွေ့လျားမှုဆိုင်ရာ
ကြွက်သားတွေနဲ့ အာရုံကြောတွေကို ထိခိုက်စေတဲ့ ရောဂါအစုအဖွဲ့ တစ်မျိုးပဲ ဖြစ်ပါတယ်။
ဦးနှောက်ချို့ယွင်းမှု ရောဂါကို ခံစားရတဲ့အခါမှာ အကြားအာရုံ၊
အမြင်အာရုံပိုင်းဆိုင်ရာမှာ ချို့ယွင်းမှုတွေကို ခံစားရမှာဖြစ်တဲ့အပြင် ရွေ့လျားရာမှာ၊
အာရုံခံစားရာမှာလည်း ချို့ယွင်းမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဦးနှောက်ချို့ယွင်းမှုရောဂါကို များသောအားဖြင့် ကလေးငယ်တွေ အနေနဲ့ ခံစားရလေ့
ရှိကြပါတယ်။
ဦးနှောက်ချို့ယွင်းမှုရောဂါကို အမျိုးအစားအားဖြင့်
ငါးမျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
- Spastic Cerebral Palsy
(Spastic Cerebral Palsy) ဆိုတာကတော့
ဦးနှောက်ချို့ယွင်းမှုရောဂါတွေ အထဲမှာ အဖြစ်အများဆုံး အမျိုးအစား တစ်ခုပဲ
ဖြစ်ပါတယ်။ (Spastic Cerebral Palsy) ကို ခံစားရတဲ့ အခါမှာ
ကြွက်သားများ အားနည်းမှုကို ခံစားရမှာဖြစ်ပြီး လမ်းလျှောက်ရာမှာ အခက်အခဲတွေနဲ့
ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
- Dyskinetic Cerebral Palsy
(Dyskinetic Cerebral Palsy) ကို ခံစားရတဲ့ အခါမှာ
လမ်းလျှောက်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အပြင် လက်ချောင်း၊
ခြေချောင်းတွေ လှုပ်ရှားမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
- Hypotonic Cerebral Palsy
(Hypotonic Cerebral Palsy) ဆိုတာကတော့ ကြွက်သားများ အလွန်အမင်း
ပျော့ပြောင်းခြင်းကို ဖြစ်ပွားစေတဲ့ ဦးနှောက်ချို့ယွင်းမှုရောဂါ တစ်မျိုးပဲ
ဖြစ်ပါတယ်။ (Hypotonic Cerebral Palsy) ကို ခံစားရတဲ့ အခါမှာ
စကားပြောရခက်ခဲခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း၊ ထိုင်ရထရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရမှာ ဖြစ်ပါတယ်။
- Ataxic Cerebral Palsy
(Ataxic Cerebral Palsy) ဆိုတာကတော့ ဦးနှောက်ချို့ယွင်းမှုရောဂါ
အမျိုးအစားတွေ အထဲမှာ ဖြစ်ပွားမှု အနည်းဆုံး အမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။ (Ataxic
Cerebral Palsy) ကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ် ဟန်ချက်
မထိန်းနိုင်ခြင်း၊ လှုပ်ရှားရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- Mixed Cerebral Palsy
(Mixed Cerebral Palsy) ဆိုတာကတော့ ဦးနှောက်ချို့ယွင်းမှုရောဂါ
အမျိုးအစား နှစ်မျိုးခန့် ရောနှောခံစားရခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ (Mixed
Cerebral Palsy) ကို ခံစားနေရသူ အများစု အနေနဲ့ (Spastic CP) နဲ့ (Dyskinetic CP) အမျိုးအစားနှစ်မျိုးကို
ရောနှောခံစားရလေ့ ရှိကြပါတယ်။
ဦးနှောက်ချို့ယွင်းမှုရောဂါကို ဦးနှောက်ဖွံ့ဖြိုးမှု
မူမမှန်ခြင်း၊ ဦးနှောက်မှာ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ မွေးဖွားရာမှာ အောက်စီဂျင်
လုံလောက်မှု မရှိခြင်း၊ ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်း၊ မွေးကင်းစ အချိန်မှာ ကူးစက်ရောဂါများ
ခံစားရခြင်း၊ အသည်းရောင်၊ အသားဝါရောဂါ ခံစားရခြင်း၊ ဦးနှောက်အမြှေးရောင်ရောဂါ
ခံစားရခြင်း၊ ဦးနှောက်ရောင်ရောဂါ ခံစားရခြင်းစတဲ့ အကြောင်းအရင်းများကြောင့်
ခံစားရလေ့ ရှိကြပါတယ်။
ဦးနှောက်ချို့ယွင်းမှုရောဂါကို ဖြစ်ပွားစေတဲ့ အခြားသော
အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လမစေ့ဘဲ မွေးဖွားခြင်း
- မွေးကင်းစကလေး ပေါင်မပြည့်ခြင်း
- နှစ်မွှာပူး၊ သုံးမွှာပူး မွေးဖွားခြင်း
- ဆုံပိုင်းမွေးခြင်း (Breech Birth)
- မိခင်နဲ့ ကလေး (RH) သွေးအမျိုးအစား မတူညီခြင်း (RH
Incompatibility)
ဦးနှောက်ချို့ယွင်းမှုရောဂါကို ခံစားရတဲ့ အခါမှာ
ကြွက်သားဖွံ့ဖြိုးမှု လွန်ကဲခြင်း၊ ကြွက်သားဖွံ့ဖြိုးမှု အားနည်းခြင်း၊
ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း၊ စကားပြောရခက်ခဲခြင်း၊
အစာမြိုရခက်ခဲခြင်း၊ မူးဝေခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊
အကြားအာရုံချို့ယွင်းခြင်း၊ ခံတွင်းကျန်းမာရေး ချို့ယွင်းခြင်း၊ အရိုးသိပ်သည်းဆ
ကျဆင်းခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဝမ်းမထိန်းနိုင်ခြင်း၊ အရိုးအဆစ်များ
ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဦးနှောက်ချို့ယွင်းမှုရောဂါကို ကုသနိုင်မယ့်
နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လှုပ်ရှားမှုဆိုင်ရာ အထောက်အကူ ကိရိယာများ အသုံးပြုခြင်း (Assistive Aids)
- ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သောက်သုံးခြင်း
- ခွဲစိတ်ကုသခြင်း
- စကားပြောကုထုံး ခံယူခြင်း
- ရုပ်ပိုင်းဆိုင်ရာကုထုံး ခံယူခြင်း
- လုပ်ငန်းပိုင်းဆိုင်ရာကုထုံး
ခံယူခြင်း
- စိတ်ပိုင်းဆိုင်ရာကုထုံး ခံယူခြင်း
REF: MedicalNewsToday, HealthLine