သွေးပေါင်ချိန်မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် အစားအစာများ
- 14 Jan, 2020
- သဘာဝအစားအစာနှင့်ကျန်းမာရေး
သွေးပေါင်တက်ခြင်းဆိုတာကတော့ ပေါ့ဆလို့ မနေသင့်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ သွေးပေါင်တက်ခြင်းကို အချိန်ကာလ ကြာမြင့်စွာ ခံစားရတဲ့ အခါမှာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တဲ့အပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
သွေးပေါင်တက်ခြင်းဆိုတာကတော့ ပေါ့ဆလို့ မနေသင့်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ သွေးပေါင်တက်ခြင်းကို အချိန်ကာလ ကြာမြင့်စွာ ခံစားရတဲ့ အခါမှာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တဲ့အပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ဘယ်ရီသီးများ
ဘယ်ရီသီးတွေမှာ (Anthocyanins) လို့ အမည်ရတဲ့ အန်တီအောက်ဆီဒန့်တွေ
ပါဝင်ပါတယ်။ အဆိုပါ အန်တီအောက်ဆီဒန့်တွေ အနေနဲ့ သွေးပေါင်ချိန် မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်တာကြောင့်
ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီးတွေကို နေ့စဥ်ပုံမှန် စားသုံးပေးသင့်ပါတယ်။
- ငှက်ပျောသီး
ငှက်ပျောသီးမှာ သတ္တုဓာတ် အမျိုးအစား တစ်မျိုးဖြစ်တဲ့ ပိုတက်ဆီယမ်ဓာတ်
ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဆိုပါ ပိုတက်ဆီယမ်ဓာတ် အနေနဲ့ သွေးပေါင်တက်ခြင်းကို ထိန်းညှိပေးနိုင်တာကြောင့်
ငှက်ပျောသီးကို ပုံမှန် စားသုံးပေးခြင်းဖြင့် သွေးပေါင်ချိန် မြင့်တက်ခြင်းကို ကာကွယ်နိုင်မှာ
ဖြစ်ပါတယ်။
- ချောကလက်အခါး (Dark Chocolate)
ကိုကိုး (Cocoa) ကြွယ်ဝစွာ ပါဝင်တဲ့ ချောကလက် တစ်နည်းအားဖြင့်
ချောကလက်အခါးကို စားသုံးပေးမယ်ဆိုရင် သွေးပေါင်ချိန် မြင့်တက်မှုကို ကာကွယ်နိုင်မှာ
ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ကိုကိုး (၇၀) ရာခိုင်နှုန်း ပါဝင်တဲ့ ချောကလက်အခါး
၁ အောင်စခန့် စားသုံးပေးခြင်းဖြင့် သွေးတိုးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- ကီဝီသီး
လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို ကီဝီသီး သုံးလုံးခန့် ပုံမှန်
စားသုံးပေးခြင်းဖြင့် သွေးတိုးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကီဝီသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ပေါင်းများစွာ ကြွယ်ဝတာကြောင့် နေ့စဥ်ပုံမှန်
စားသုံးပေးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးပေါင်း များစွာကို ခံစားရရှိနိုင်မှာ
ဖြစ်ပါတယ်။
- ဖရဲသီး
ဖရဲသီးမှာ (Citrulline) လို့ အမည်ရတဲ့ အမီနိုအက်စစ် တစ်မျိုး
ပါဝင်ပါတယ်။ အဆိုပါ (Citrulline) အက်စစ် အနေနဲ့ ခန္ဓာကိုယ်အတွင်းမှာ
တည်ရှိနေတဲ့ သွေးကြောတွေ ကောင်းမွန်စွာ အလုပ် လုပ်ဆောင်နိုင်ရေး အတွက် များစွာသော အထောက်အကူတွေကို
ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ဖရဲသီးကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် အဝလွန်ခြင်း၊
သွေးပေါင်တက်ခြင်းစတဲ့ ဝေဒနာတွေ ခံစားရခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- အစိမ်းရောင် အသီးအရွက်များ
အစိမ်းရောင် အသီးအရွက်တွေမှာ နိုက်ထရိတ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။
နိုက်ထရိတ်ဓာတ် ပါဝင်တဲ့ အစိမ်းရောင် အသီးအရွက်တွေကို စားသုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေး၊
ဦးနှောက်ကျန်းမာရေးတို့ကို အထောက်အကူ ပေးနိုင်မှာ ဖြစ်တဲ့အပြင် အဝလွန်ခြင်း၊ သွေးပေါင်ချိန်မြင့်တက်ခြင်းစတဲ့
ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
နိုက်ထရိတ်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစိမ်းရောင် အသီးအရွက်တွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ဂေါ်ဖီထုပ်
- ကိုက်လန်
- ဆလတ်ရွက်
- မုန်ညင်းစိမ်း
- ဟင်းနုနွယ်
REF: MedicalNewsToday