ခြေထောက်နဲ့ ခြေမျက်စိ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 14 Jan, 2020
  • အဖြစ်များသောရောဂါများ

ခြေထောက်နဲ့ ခြေမျက်စိ ရောင်ရမ်းခြင်း ဆိုတာကတော့ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ခြေထောက်နဲ့ ခြေမျက်စိ ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ခြေထောက် အောက်ပိုင်း ကြီးလာခြင်းကို ခံစားရမှာ ဖြစ်တဲ့အပြင် နာကျင်ခြင်း၊ လမ်းလျှောက်ရ ခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခြေထောက်နဲ့ ခြေမျက်စိ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ခြေထောက်နဲ့ ခြေမျက်စိ ရောင်ရမ်းခြင်း ဆိုတာကတော့ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ခြေထောက်နဲ့ ခြေမျက်စိ ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ခြေထောက် အောက်ပိုင်း ကြီးလာခြင်းကို ခံစားရမှာ ဖြစ်တဲ့အပြင် နာကျင်ခြင်း၊ လမ်းလျှောက်ရ ခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခြေထောက်နဲ့ ခြေမျက်စိ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ခြေဖဝါး ဒါမှမဟုတ် ခြေမျက်စိမှာ ထိခိုက်ဒဏ်ရာရခြင်း

ခြေဖဝါး ဒါမှမဟုတ် ခြေမျက်စိမှာ ထိခိုက်ဒဏ်ရာရခြင်းကို ခံစားရတဲ့ အခါမှာ ခြေထောက်အောက်ပိုင်းနဲ့ ခြေမျက်စိတစ်ဝိုက် ရောင်ရမ်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ခြေဖဝါး ဒါမှမဟုတ် ခြေမျက်စိမှာ ထိခိုက်ဒဏ်ရာရခြင်းကို များသောအားဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ အဆိုပါ အကြောင်းအရင်းကြောင့် ခြေထောက်အောက်ပိုင်းနဲ့ ခြေမျက်စိတစ်ဝိုက် ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ရေခဲအိတ် ကပ်ပေးခြင်း၊ အနားယူခြင်းစတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

  • ရောဂါပိုးကူးစက်ခြင်း

ခြေဖဝါး၊ ခြေမျက်စိနဲ့ ခြေထောက်အောက်ပိုင်းကို ရောဂါပိုး ကူးစက်ခံရတဲ့ အခါမှာလည်း ခြေထောက် ရောင်ရမ်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဆီးချိုဝေဒနာသည်တွေ အနေနဲ့ ခြေထောက်အောက်ပိုင်း ရောဂါပိုး ကူးစက်ခံရခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ သင့်အနေနဲ့ ဆီးချိုဝေဒနာကို ခံစားနေရတဲ့ အပြင် ခြေထောက်အောက်ပိုင်းမှာ ရောဂါပိုး ကူးစက်ခံခဲ့ရမယ်ဆိုရင် အသားပုပ်ခြင်းကို ဖြစ်ပွားစေနိုင်တာကြောင့် ပေါ့ဆလို့ မနေသင့်ဘဲ ဆီးချိုရောဂါကြောင့် ခြေထောက်များ ရောင်ရမ်းခြင်းကို ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

  • ပြန်ရည်ကြော ရောင်ရမ်းခြင်း (Lymphedema)

ပြန်ရည်ကြော ရောင်ရမ်းခြင်း ဆိုတာကတော့ ခန္ဓာကိုယ်အတွင်းရှိ ပြန်ရည်ကျိတ်တွေ ကောင်းမွန်စွာ အလုပ် လုပ်ဆောင်နိုင်ခြင်း မရှိတာကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ပြန်ရည်ကြောတွေ အနေနဲ့ ခန္ဓာကိုယ်အတွင်းမှ စွန့်ပစ်ပစ္စည်းတွေကို သယ်ဆောင်ပေးလျက် ရှိတာကြောင့် ပြန်ရည်ကျိတ်တွေ ကောင်းမွန်စွာ အလုပ် လုပ်ဆောင်နိုင်ခြင်း မရှိတဲ့ အခါမှာ ခြေထောက်အောက်ပိုင်းမှာ အရည်များ စုပုံသွားပြီး ခြေထောက် ရောင်ရမ်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • အချို့သောဆေးဝါးများ သောက်သုံးခြင်း

စိတ်ကျရောဂါ ပျောက်ဆေးများ၊ ကိုယ်ဝန်တားဆေးများ၊ ကျားဟော်မုန်းဆေးများ၊ စတီရွိုက်ဆေးများ သုံးစွဲတဲ့ အခါမှာလည်း ခြေထောက်အောက်ပိုင်းနဲ့ ခြေမျက်စိတစ်ဝိုက် ရောင်ရမ်းခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ သင့်အနေနဲ့ ဆေးဝါးများ သောက်သုံးခြင်းကြောင့် ခြေထောက် ရောင်ရမ်းခြင်းကို ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်ကို ပြောပြပြီး ဆေးဝါးများ ပြောင်းလဲပေးဖို့ အတွက် တောင်းဆိုသင့်ပါတယ်။

  • ကိုယ်ဝန်ရှိခြင်း

ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ ခြေမျက်စိ၊ ခြေချောင်း၊ လက်ချောင်းနဲ့ မျက်နှာတွေမှာ ရောင်ရမ်းခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ရောင်ရမ်းခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

  • ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်သော အစားအစာများ စားသုံးပေးခြင်း
  • အငံစားသုံးမှု လျော့ချခြင်း
  • ကဖိန်းဓာတ် ပါဝင်သော အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းကို ရှောင်ကြဥ်ခြင်း
  • ရေခဲအိတ် ကပ်ပေးခြင်း
  • အသည်းရောဂါ ခံစားနေရခြင်း

ကျန်းမာသန်စွမ်းတဲ့ အသည်းအနေနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ (Albumin) ပရိုတိန်းဓာတ် တစ်မျိုးကို ထုတ်လွှတ်ပေးလျက် ရှိပါတယ်။ အဆိုပါ (Albumin) ပရိုတိန်းဓာတ် အနေနဲ့ သွေးကြောတွင်းမှ အရည်များ ဘေးပတ်လည်မှ တစ်သျှူးအတွင်း ဝင်ရောက်ခြင်းကို ကာကွယ်ပေးလျက် ရှိပါတယ်။ အသည်းရောဂါတွေကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း (Albumin) ပရိုတိန်းဓာတ် လျော့နည်းသွားမှာ ဖြစ်တာကြောင့် ခြေထောက်၊ ခြေမျက်စိနဲ့ ဝမ်းဗိုက်အနီးတစ်ဝိုက်မှာ သွေးကြောတွင်းမှ အရည်တွေ စုပုံသွားပြီး ရောင်ရမ်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.