ပါးစပ်ယားယံခြင်းအကြောင်း သိကောင်းစရာများ

  • 10 Jan, 2020
  • သွားနှင့်ခံတွင်း

ပါးစပ်ယားယံခြင်းဆိုတာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ပါးစပ်ယားယံခြင်းကို များသောအားဖြင့် မှိုပိုး၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ တစ်ခါတရံမှာ ဓာတ်မတည့်ခြင်းကြောင့်လည်း ပါးစပ်ယားယံခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ပါးစပ်ယားယံခြင်းကြောင့် များသောအားဖြင့် အသက်အန္တရာယ်ကို ထိခိုက်စေမှာ မဟုတ်ပေမယ့် တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်မှာ ဖြစ်တာကြောင့် ပါးစပ်ယားယံခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ပါးစပ်ယားယံခြင်းဆိုတာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ပါးစပ်ယားယံခြင်းကို များသောအားဖြင့် မှိုပိုး၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ တစ်ခါတရံမှာ ဓာတ်မတည့်ခြင်းကြောင့်လည်း ပါးစပ်ယားယံခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ပါးစပ်ယားယံခြင်းကြောင့် များသောအားဖြင့် အသက်အန္တရာယ်ကို ထိခိုက်စေမှာ မဟုတ်ပေမယ့် တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်မှာ ဖြစ်တာကြောင့် ပါးစပ်ယားယံခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ပါးစပ်ယားယံခြင်းကို ခံစားရတဲ့အခါမှာ အောက်ပါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • လျှာ၊ ခံတွင်း၊ လည်ချောင်းယားယံခြင်း
  • လျှာ၊ နှုတ်ခမ်း၊ လည်ချောင်း ရောင်ရမ်းခြင်း
  • နားအတွင်းပိုင်း ယားယံခြင်း
  • နှာစေးခြင်း
  • နှာချေခြင်း
  • ချောင်းဆိုးခြင်း
  • မျက်ရည်ဝဲခြင်း

ပါးစပ်ယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဓာတ်မတည့်ခြင်း

အစားအစာ ဒါမှမဟုတ် ဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ အခါမျိုးတွေမှာ ပါးစပ်ယားယံခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဓာတ်မတည့်ခြင်းကြောင့် ပါးစပ်ယားယံခြင်းကို ခံစားရတဲ့ အခါမှာ ပါးစပ်၊ လျှာ၊ လည်ချောင်းယားယံခြင်း၊ ပါးစပ်အတွင်း တစ်သျှူးများ ရောင်ရမ်းခြင်း၊ အရသာ ကောင်းမွန်စွာ ခံစားနိုင်စွမ်း မရှိခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ အစားအစာနဲ့ ဓာတ်မတည့်ခြင်းကြောင့် ပါးစပ်ယားယံခြင်းကို အလွန်ဆုံး မိနစ် (၂၀) ခန့်သာ ခံစားရလေ့ ရှိတာကြောင့် မိနစ် (၂၀) ထက်ပိုပြီး ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

  • ပါးစပ်နာဖြစ်ခြင်း

ပါးစပ်နာဖြစ်ခြင်းကို များသောအားဖြင့် နှုတ်ခမ်းပတ်လည်မှာ ခံစားရ‌လေ့ ရှိကြပါတယ်။ ပါးစပ်နာဖြစ်ခြင်းကို ဗိုင်းရပ်ပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ သင့်အနေနဲ့ ပါးစပ်နာဖြစ်ခြင်းကို ခံစားရတဲ့ အခါမှာ နှုတ်ခမ်းတစ်ဝိုက် ယားယံခြင်း၊ နာကျင်ခြင်း၊ အရည်ကြည်များထွက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ပြင်းထန်ဓာတ်မတည့်ခြင်း (Anaphylaxis)

ပြင်းထန်ဓာတ်မတည့်ခြင်းဆိုတာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်တာကြောင့် အမြန်ဆုံး ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပြင်းထန်ဓာတ်မတည့်ခြင်းကို ခံစားရတဲ့ အခါမှာ ပါးစပ်ယားယံခြင်း၊ ပါးစပ်တွင်း တစ်သျှူးများ ရောင်ရမ်းခြင်း၊ ဝမ်းပျက်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ သွေးပေါင်ကျခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ နှလုံးခုန်မြန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • မှိုပိုးကူးစက်ခြင်း

သင့်အနေနဲ့ ပါးစပ်ယားယံခြင်းကို မကြာခဏ ခံစားနေရမယ်ဆိုရင် ပါးစပ်အတွင်း မှိုပိုးကူးစက်နေပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ပါးစပ်တွင်းမှိုစွဲခြင်းကို ခံစားရတဲ့ အခါမှာ ပါးစပ်ယားယံခြင်းအပြင် ခံတွင်းခြောက်ခြင်း၊ လည်ချောင်းနာခြင်း၊ ပါးစပ်တွင်း သွေးယိုခြင်း၊ နှုတ်ခမ်းကွဲအက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ပါးစပ်ယားယံခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • ဆရာဝန် ညွှန်ကြားချက်အတိုင်း ကုသမှုခံယူခြင်း
  • ဓာတ်မတည့်နိုင်ခြေရှိတဲ့ အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • အသီးအနှံ၊ အသားငါးများကို စင်ကြယ်အောင် ဆေးကြောပြီးမှ စားသုံးခြင်း
  • အချို့သော ဆေးဝါးများ သောက်သုံးမှုကို ‌ရှောင်ကြဥ်ခြင်း

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.