ပါးစပ်ခါးခြင်း (Bitter Mouth) အကြောင်း သိကောင်းစရာများ
- 10 Jan, 2020
- သွားနှင့်ခံတွင်း
အခါးအရသာ ပါဝင်တဲ့ အစားအစာတွေကို စားသုံးခြင်း မရှိဘဲ ပါးစပ်ထဲမှာ ခါးသက်သက် အရသာ ရရှိနေခြင်းကို လူသားအများစု အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ ပါးစပ်ခါးခြင်းကြောင့် အခြားသော ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ မဟုတ်ပေမယ့်လည်း နေမထိထိုင်မသာ ဖြစ်စေတဲ့ စိတ်ခံစားမှုမျိုးကို ပေးစွမ်းနိုင်တာကြောင့် ပါးစပ်ခါးခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အခါးအရသာ ပါဝင်တဲ့ အစားအစာတွေကို စားသုံးခြင်း မရှိဘဲ ပါးစပ်ထဲမှာ
ခါးသက်သက် အရသာ ရရှိနေခြင်းကို လူသားအများစု အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ ပါးစပ်ခါးခြင်းကြောင့်
အခြားသော ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ မဟုတ်ပေမယ့်လည်း နေမထိထိုင်မသာ
ဖြစ်စေတဲ့ စိတ်ခံစားမှုမျိုးကို ပေးစွမ်းနိုင်တာကြောင့် ပါးစပ်ခါးခြင်းနဲ့ ပတ်သတ်ပြီး
သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ပါးစပ်ခါးခြင်းကို ခံစားရတဲ့ အခါမှာ ပါးစပ်အထဲမှာ အလိုအလျောက်
ခါးသက်သက် အရသာ၊ အငံအရသာ၊ သတ္တုအရသာတို့ကို ရရှိနေမှာဖြစ်ပြီး ခံတွင်းအနံ့ဆိုးခြင်းကိုလည်း
ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ပါးစပ်ခါးခြင်းကြောင့် အစားအစာတွေ စားသောက်ရာမှာလည်း မှန်ကန်တဲ့
အရသာကို ခံစားရရှိနိုင်မှာ မဟုတ်ပါဘူး။
ပါးစပ်ခါးခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ခံတွင်းခြောက်ခြင်း
ခံတွင်းခြောက်ခြင်း ဆိုတာကတော့ ပါးစပ်အတွင်းမှာ တံထွေး အလုံအလောက်
ထွက်ရှိမှု မရှိခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ပါးစပ်အတွင်း
အလုံလောက် ထွက်ရှိမှု မရှိတဲ့ အခါမှာ ဘက်တီးရီးယားတွေ ပိုမိုများပြားလာမှာ ဖြစ်တဲ့အပြင်
ပါးစပ်ခြောက်ခြင်း၊ ပါးစပ်ခါးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- ခံတွင်းသန့်ရှင်းမှု မရှိခြင်း
ခံတွင်းသန့်ရှင်းမှု မရှိတဲ့အခါမှာ သွားပိုးစားခြင်း၊ သွားကိုက်ခြင်း၊
သွားဖုံးရောင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို ပါးစပ်ခါးခြင်းကိုလည်း ခံစားရနိုင်ပါတယ်။
ခံတွင်းသန့်ရှင်းမှု မရှိခြင်းကြောင့် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါဝေဒနာတွေကို သက်သာချင်တယ်
ဆိုရင်တော့ တစ်နေ့နှစ်ကြိမ်ခန့် သွားတိုက်ပေးခြင်း၊ ပလုတ်ကျင်းပေးခြင်း၊ လျှာပွတ်တံ
အသုံးပြုပေးခြင်းဖြင့် ပြန်လည် သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ကိုယ်ဝန်ရှိခြင်း
ကိုယ်ဝန်ပထမ (၃) လပတ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ပါးစပ်ခါးခြင်းကို
ခံစားရလေ့ ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ ခန္ဓာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲတွေ
ဖြစ်ပွားလေ့ ရှိတာကြောင့် အာရုံခံစနစ်မှာ အပြောင်းအလဲတွေ ဖြစ်ပွားခြင်းကို ခံစားရမှာ
ဖြစ်ပါတယ်။ အခုလို အာရုံခံစနစ်မှာ အပြောင်းအလဲတွေ ဖြစ်ပွားသွားခြင်းကြောင့် တစ်စုံတစ်ခုကို
အလွန်အမင်း စားချင်စိတ်ဖြစ်ခြင်း (ချဉ်ခြင်းတက်ခြင်း) ၊ ပါးစပ်ခါးခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ပါးစပ်ခါးခြင်းကို ကိုယ်ဝန်နုစဉ် ကာလမှာသာ ခံစားရမှာဖြစ်ပြီး
ကိုယ်ဝန်ရင့်လာတဲ့အခါမှာ ဒါမှမဟုတ် မီးဖွားပြီးတဲ့အခါမှာ ခံစားရတော့မှာ မဟုတ်ပါဘူး။
- သွေးဆုံးခြင်း
အမျိုးသမီးတွေ အနေနဲ့ သွေးဆုံးခြင်းကို ရင်ဆိုင်ရတဲ့ အခါမှာလည်း
ပါးစပ်ခါးခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ သွေးဆုံးသွားတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း အီစထရိုဂျင်ဟော်မုန်း
နည်းပါးသွားတာကြောင့် ပါးစပ်ခြောက်ခြင်း၊ ခံတွင်းအပူလောင်ခြင်း၊ ပါးစပ်ခါးခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- အက်စစ်ပြန်တက်ခြင်း (Acid Reflux)
အက်စစ်ပြန်တက်ခြင်း ဆိုတာကတော့ အစာအိမ် အတွင်းမှာ တည်ရှိနေတဲ့
အက်စစ်တွေ အစာမြိုပြွန်ကနေ တစ်ဆင့် ပါးစပ်အတွင်း ပြန်တက်ခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
အစာအိမ်အက်စစ်တွေမှာ အင်ဇိုင်းဓာတ် ပါဝင်တာကြောင့် အက်စစ်ပြန်တက်ခြင်းကို ခံစားရတဲ့အခါမှာလည်း
ပါးစပ်ခါးခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် အက်စစ်ပြန်တက်ခြင်းကြောင့် အစာစားပြီးတိုင်း
ရင်ဘတ်အောင့်ခြင်း၊ နာတာရှည်ချောင်းဆိုးခြင်း၊ အစာမျိုရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အချို့သော ဆေးဝါးများ သောက်သုံးခြင်း၊ ဖျားနာခြင်း၊
ကင်ဆာကုထုံးများ ခံယူခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း ပါးစပ်ခါးခြင်းကို ခံစားရနိုင်ပါတယ်။
သင့်အနေနဲ့ ပါးစပ်ခါးခြင်းကို အလွယ်တကူ သက်သာပျောက်ကင်းချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို
လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- ရေများများ သောက်ပေးခြင်း
- ခံတွင်းကျန်းမာရေးကို ဂရုတစိုက် လုပ်ဆေင်ခြင်း
- အငံအစပ်များ အလွန်အကျွံစားသုံးမှုကို ရှောင်ကြဥ်ခြင်း
- အရက်ဖြတ်ခြင်း
- ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
REF: HealthLine
