ကလေးငယ် ဝမ်းသွားရာမှာ အကျိအချွဲများ ပါလာခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 09 Jan, 2020
  • ကလေးကျန်းမာရေး

ကလေးငယ်တွေ ဝမ်းသွားရာမှာ အကျိအချွဲ အနည်းငယ် ပါလာခြင်းက စိုးရိမ်စရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဝမ်းသွားရာမှာ အကျိအချွဲတွေ အများအပြား ပါလာခဲ့မယ် ဆိုရင်တော့ သင့်ကလေးငယ် အနေနဲ့ ဝေဒနာ တစ်ခုခုကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ် ဝမ်းသွားရာမှာ အကျိအချွဲများ ပါလာခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ကလေးငယ်တွေ ဝမ်းသွားရာမှာ အကျိအချွဲ အနည်းငယ် ပါလာခြင်းက စိုးရိမ်စရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဝမ်းသွားရာမှာ အကျိအချွဲတွေ အများအပြား ပါလာခဲ့မယ် ဆိုရင်တော့ သင့်ကလေးငယ် အနေနဲ့ ဝေဒနာ တစ်ခုခုကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ် ဝမ်းသွားရာမှာ အကျိအချွဲများ ပါလာခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ဝမ်းပျက်ခြင်း

ကလေးငယ်တွေ အနေနဲ့ ဝမ်းပျက်ခြင်းကို ခံစားရတဲ့ အခါမှာ မကြာခဏ ဝမ်းသွားခြင်း၊ ဝမ်းသွားရာမှာ အကျိအချွဲများ ပါလာခြင်း၊ ဗိုက်ထဲမှာ အသံတွေမြည်နေခြင်း၊ မကြာခဏငိုခြင်း၊ ဆီးသွားနှုန်း ကျဆင်းခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် ကလေးငယ် ဝမ်းပျက်ခြင်းကို ခံစားရတဲ့ အခါမှာ ဆေးခန်း ပြသကုသရန် မလိုအပ်တဲ့အပြင် တစ်ရက်၊ နှစ်ရက် အတွင်းမှာ အလိုအလျောက် သက်သာပျောက်ကင်းသွားလေ့ ရှိကြပါတယ်။ ဒါပေမယ့် သင့်ကလေးငယ် အနေနဲ့ ဝမ်းပျက်ခြင်းကို နှစ်ရက်ထက် ပိုပြီး ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

  • ဓာတ်မတည့်ခြင်း

ကလေးငယ်တွေကို အစာစတင်ပြီး ကျွေးရတဲ့ အချိန်မှာ ကလေးငယ်ရဲ့ အစာအိမ် အနေနဲ့ အဆိုပါ အစားအစာများနဲ့ ထိတွေ့ဖူးခြင်း မရှိသေးတာကြောင့် အစပိုင်းမှာ အစားအစာတွေနဲ့ ဓာတ်မတည့်ခြင်းကို ခံစားရနိုင်ပြီး ဝမ်းသွားရာမှာ အကျိအချွဲများ ပါလာခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • နို့တိုက်မှုပုံစံ ပြောင်းလဲခြင်း

မိခင်နို့တစ်ဖက်မှ အခြားတစ်ဖက်ကို မကြာခဏ ပြောင်းလဲ တိုက်ကျွေးခြင်းကြောင့်လည်း ကလေးငယ် ဝမ်းသွားရာမှာ အကျိအချွဲများ ပါလာခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • ဝမ်းချုပ်ခြင်း

ဝမ်းချုပ်တဲ့ အခါမှာ ဝမ်းအမာတွေကို ညှစ်ထုတ်ရမှာ ဖြစ်တာကြောင့် ကလေးငယ်ရဲ့ စအိုဝမှာ ပေါက်ပြဲမှု အနည်းငယ်ကို ဖြစ်ပွားစေပြီး ဝမ်းသွားရာမှာ သွေးပါခြင်း၊ အကျိအချွဲများပါခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးငယ် အနေနဲ့ ဝမ်းသွားတိုင်း သွေးပါခြင်းကို မကြာခဏ ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

  • ကိုယ်အင်္ဂါအတွင်းပိုင်းမှာ ချို့ယွင်းချက်များနဲ့ ရင်ဆိုင်နေရခြင်း

တစ်ခါတရံမှာ ခန္ဓာကိုယ်တွင်း ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ချို့ယွင်းချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အခါမှာလည်း ကလေးငယ် ဝမ်းသွားရာမှာ အကျိအချွဲများ ပါလာခြင်းကို ခံစားရနိုင်ပါတယ်။ ကလေးငယ် ဝမ်းသွားရာမှာ အကျိအချွဲများ ပါလာခြင်းကို ဖြစ်ပွားစေနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အသည်းရောဂါ

သင့်ကလေးငယ် အနေနဲ့ အသည်းရောဂါကို ခံစားနေရတဲ့ အခါမှာ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးအမည်းများသွားခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ ဝမ်းသွားရာမှာ အကျိအချွဲများ ပါလာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • မုန့်ချိုအိတ်ဆိုင်ရာ ရောဂါများ ခံစားနေရခြင်း

မုန့်ချိုအိတ် ကောင်းမွန်စွာ အလုပ်မလုပ်တဲ့ အခါမှာ ခန္ဓာကိုယ် အနေနဲ့ အစာချေရာမှာ၊ အစာတွေကို စုပ်ယူရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အပြင် ဝမ်းသွားရာမှာ အကျိအချွဲများ ပါလာခြင်း၊ ဝမ်းအဖြူများသွားခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်ကလေးငယ် အနေနဲ့ ဝမ်းသွားရာမှာ အကျိအချွဲများ ပါလာခြင်းကို နှစ်ရက်ခန့် ခံစားနေရတဲ့အပြင် ဝမ်းသွားရာမှာ အကျိအချွဲတွေ အများအပြား ပါလာခြင်း၊ ဝမ်းပျက်ခြင်း၊ ဖျားနာခြင်း၊ ဝမ်းသွားရာမှာ သွေးပါခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.