ကိုယ်အလေးချိန်မြင့်တက်စေဖို့ စားသုံးပေးသင့်တဲ့ အသီးအနှံများ

  • 08 Jan, 2020
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

လူအများစု အနေနဲ့ ကိုယ်အလေးချိန် မြင့်တက်လာတဲ့ အတွက် ပူပင်သောကတွေရောက်ပြီး ဝိတ်ချဖို့ ကြိုးပမ်းနေရပေမယ့် အချို့သော လူပုဂ္ဂိုလ်တွေကတော့ ကိုယ်အလေးချိန် မြင့်တက်လာစေဖို့ နည်းလမ်း အသွယ်သွယ်ကို ကြိုးစားခဲ့ပေမယ့် အောင်မြင်ခြင်း မရှိတာကြောင့် စိတ်ပျက်အားငယ်မှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။ ဒါကြောင့် ဘယ်လောက်စားစား ကိုယ်အလေးချိန် တက်လာခြင်း မရှိတဲ့သူတွေ အတွက် ကိုယ်အလေးချိန် မြှင့်တင်ရာမှာ စားသုံးပေးသင့်တဲ့ အသီးအနှံတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

လူအများစု အနေနဲ့ ကိုယ်အလေးချိန် မြင့်တက်လာတဲ့ အတွက် ပူပင်သောကတွေရောက်ပြီး ဝိတ်ချဖို့ ကြိုးပမ်းနေရပေမယ့် အချို့သော လူပုဂ္ဂိုလ်တွေကတော့ ကိုယ်အလေးချိန် မြင့်တက်လာစေဖို့ နည်းလမ်း အသွယ်သွယ်ကို ကြိုးစားခဲ့ပေမယ့် အောင်မြင်ခြင်း မရှိတာကြောင့် စိတ်ပျက်အားငယ်မှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။ ဒါကြောင့် ဘယ်လောက်စားစား ကိုယ်အလေးချိန် တက်လာခြင်း မရှိတဲ့သူတွေ အတွက် ကိုယ်အလေးချိန် မြှင့်တင်ရာမှာ စားသုံးပေးသင့်တဲ့ အသီးအနှံတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ငှက်ပျောသီး


ကိုယ်အလေးချိန် မြှင့်တင်ရာမှာ အဓိက စားသုံးပေးသင့်တဲ့ အသီးအနှံတစ်ခုကတော့ ငှက်ပျောသီးပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးမှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အမျှင်ဓာတ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ ကယ်လိုရီလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးကို နေ့စဥ်ပုံမှန် စားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန် မြှင့်တင်ရာမှာ များစွာသော အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။

  • ထောပတ်သီး


ငှက်ပျောသီးမှာလိုပဲ ထောပတ်သီးမှာလည်း အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ ကယ်လိုရီနဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အဆီဓာတ်တွေလည်း ပါဝင်တာကြောင့် ပုံမှန် စားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန်ကို အလွယ်တကူ မြှင့်တင်နိုင်မှာ ဖြစ်သလို ထောပတ်သီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင် (C) ၊ ဗီတာမင် (K) ၊ ဗီတာမင် (B5) ၊ ဗီတာမင် (B6) စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

  • အုန်းသီး


အုန်သီးမှာ ကယ်လီရီနဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အဆီဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ ဖော့စ်ဖရက်နဲ့ ကြေးနီဓာတ်တို့ ပါဝင်တာကြောင့် အုန်းသီးကို စားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန်ကို မြှင့်တင်နိုင်မှာ ဖြစ်တဲ့အပြင် များစွာသော ကျန်းမာရေးဆိုင်ရာ အထောက်အကူတွေကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။

  • သရက်သီး


ချိုချဥ်အရသာနဲ့ သရက်သီးကို လူတိုင်းနီးပါး စားသုံးရတာ ကြိုက်နှစ်သက်လေ့ ရှိကြပါတယ်။ သရက်သီးကို စားသုံးခြင်းဖြင့် ထူးကဲတဲ့ အရသာကို ခံစားနိုင်မှာ ဖြစ်သလို သရက်သီးမှာ ကယ်လိုရီနဲ့ ကာဘိုဟိုက်ဒရိတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန် မြှင့်တင်ရာမှာလည်း များစွာသော အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။

  • ဆီးသီးခြောက်


ဆီးသီးခြောက်ကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း ကိုလက်စထရောပမာဏ မြင့်တက်မှုကို လျော့ချနိုင်မှာ ဖြစ်တဲ့အပြင် အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ရောဂါပိုးများ ကူးစက်ခံရမှုကို ကာကွယ်ပေးခြင်းစတဲ့ ကောင်းကျိုးတွေကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးသီးခြောက်မှာ ကယ်ရီဓာတ်လည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် မြှင့်တင်ရာမှာလည်း များစွာသော အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.