ဆီးသွားရခက်ခဲခြင်း (Urinary Retention) အကြောင်း သိကောင်းစရာများ
- 08 Jan, 2020
- မျိုးဆက်ပွားကျန်းမာရေး
ဆီးသွားရခက်ခဲခြင်း (Urinary Retention) ဆိုတာကတော့ ဆီးအိမ်ထဲမှ ဆီးအားလုံးကို ခန္ဓာကိုယ် အပြင်ဘက်သို့ စွန့်ထုတ်ရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဆီးသွားရခက်ခဲခြင်းကို အမျိုးသား၊ အမျိုးသမီး နှစ်မျိုးလုံး ခံစားရလေ့ ရှိကြပေမယ့် အမျိုးသားတွေကတော့ အမျိုးသမီးတွေထက် ပိုမိုခံစားရလေ့ ရှိကြပါတယ်။
ဆီးသွားရခက်ခဲခြင်း (Urinary Retention) ဆိုတာကတော့ ဆီးအိမ်ထဲမှ ဆီးအားလုံးကို
ခန္ဓာကိုယ် အပြင်ဘက်သို့ စွန့်ထုတ်ရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်းကို ဆိုလိုတာပဲ
ဖြစ်ပါတယ်။ ဆီးသွားရခက်ခဲခြင်းကို အမျိုးသား၊ အမျိုးသမီး နှစ်မျိုးလုံး ခံစားရလေ့ ရှိကြပေမယ့်
အမျိုးသားတွေကတော့ အမျိုးသမီးတွေထက် ပိုမိုခံစားရလေ့ ရှိကြပါတယ်။
ဆီးသွားရခက်ခဲခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆီးကျောက်တည်ခြင်း
- ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း
- ဆီးလမ်းကြောင်း ရောင်ရမ်ခြင်း
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
- အာရုံကြော ထိခိုက်ဒဏ်ရာရခြင်း
- ဆီးအိမ်ဆိုင်ရာ ရောဂါများ ခံစားနေရခြင်း
- အချို့သော ဆေးဝါးများ သောက်သုံးနေရခြင်း
- ဝမ်းချုပ်ခြင်း
ဆီးသွားရခက်ခဲခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား
သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
- ခဏတာ ဆီးသွားရခက်ခဲခြင်း (Acute Urinary Retention)
ခဏတာ ဆီးသွားရခက်ခဲခြင်းကို လူသားအများစု အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။
ခဏတာ ဆီးသွားရခက်ခဲခြင်းကို ခံစားရတဲ့ အခါမှာ မကြာခဏ ဆီးသွားချင်စိတ်တွေ ပေါ်ပေါက်မှာ
ဖြစ်ပေမယ့် ဆီးသွားတဲ့အခါမှာ ဆီးအရည်များ ထွက်ပေါ်လာမှု မရှိခြင်းကို ခံစားရမှာဖြစ်သလို၊
ဗိုက်အောင့်ခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခဏတာ ဆီးသွားရခက်ခဲခြင်းကို ခံစားရတဲ့အခါမှာ ဖျားနာခြင်း၊
ဆီးမထိန်းနိုင်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ တစ်ခါတရံမှာ ခဏတာ ဆီးသွားရခက်ခဲခြင်းကြောင့်
အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။
- နာတာရှည် ဆီးသွားရခက်ခဲခြင်း (Chronic
Urinary Retention)
နာတာရှည် ဆီးသွားရခက်ခဲခြင်းကို ခံစားရတဲ့အခါမှာ ဆီးသွားလို့
ရနိုင်မှာ ဖြစ်ပေမယ့် ဆီးအိမ်အတွင်း ဆီးအရည်များ ကျန်ရှိနေခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
နာတာရှည် ဆီးသွားရခက်ခဲခြင်းကို စတင် ခံစားရတဲ့ အခါမှာ ရောဂါလက္ခဏာတွေကို မြင်တွေ့နိုင်မှာ
မဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အောက်ပါ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပေါ်ခြင်း
- တစ်နေ့ကို (၈) ကြိမ်အထက် ဆီးသွားခြင်း
- ဆီးသွားရခက်ခဲခြင်း
- ဆီးမထိန်းနိုင်ခြင်း
- ဆီးစွန့်ထုတ်မှု နည်းပါးခြင်း
- ဆီးသွားပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ ဆီးသွားချင်စိတ်
ပြန်လည် ဖြစ်ပေါ်ခြင်း
- ဖိုအင်္ဂါထိပ်မှာ ဆီးအရည်များ စိုစွတ်နေခြင်း
- ဆီးအိမ်တစ်ဝိုက်နာကျင်ခြင်း
- ဗိုက်အောင့်ခြင်း
နာတာရှည် ဆီးသွားရခက်ခဲခြင်းကို ကုသရာမှာ ခံစားနေရတဲ့ ရောဂါဝေဒနာတွေ
အပေါ် မူတည်ပြီး ကုသမှုနည်းစနစ်တွေကို ပြောင်းလဲရမှာ ဖြစ်တာကြောင့် သင့်အနေနဲ့ အထက်မှာ
ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားရတဲ့ အခါမှာ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်
ပြသပြီး စမ်းသပ်ကုသမှုတွေ အမြန်ဆုံး ခံယူသင့်ပါတယ်။
REF: MedicalNewsToday