ဘယ်ဘက် ရင်ဘတ် အောင့်ခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းများ

  • 24 Dec, 2019
  • အဖြစ်များသောရောဂါများ

ရင်ဘတ်အောင့်ခြင်းဆိုတာ ပေါ့ဆလို့ မသင့်တဲ့ ရောဂါလက္ခဏာ တစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံးဖောက်ခြင်း၊ အဆုတ်ရောဂါ ခံစားနေရခြင်း၊ နှလုံးနံရံများ ရောင်ရမ်းခြင်းစတဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရတဲ့ အခါမှာလည်း ဘယ်ဘက် ရင်ဘတ် အောင့်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် ဘယ်ဘက် ရင်ဘတ် အောင့်ခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ရင်ဘတ်အောင့်ခြင်းဆိုတာ ပေါ့ဆလို့ မသင့်တဲ့ ရောဂါလက္ခဏာ တစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံးဖောက်ခြင်း၊ အဆုတ်ရောဂါ ခံစားနေရခြင်း၊ နှလုံးနံရံများ ရောင်ရမ်းခြင်းစတဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရတဲ့ အခါမှာလည်း ဘယ်ဘက် ရင်ဘတ် အောင့်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် ဘယ်ဘက် ရင်ဘတ် အောင့်ခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရခြင်း

အက်စစ်ပြန်တက်ခြင်း (Acid Reflux) ၊ အစာအိမ်အချဥ်ပြန်တက်ခြင်း (Gastroesophageal Reflux Disease) စတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း ဘယ်ဘက် ရင်ဘတ် အောင့်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေကို ခံစားရတဲ့ အခါမှာ အစာအိမ် အတွင်းမှ အက်စစ်တွေ အစာပြွန်အတွင်း ပြန်တက်ခြင်းကို ခံစားရမှာဖြစ်ပြီး ရင်ဘတ်အောင့်ခြင်း၊ အစာမျိုရခက်ခဲခြင်း၊ ပါးစပ်အတွင်း အချဥ်ဓာတ်ကို ခံစားနေရခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • အစာမျိုပြွန်ပေါက်ခြင်း

အစာမျိုပြွန်ပေါက်ခြင်း ဆိုတာကတော့ ပါးစပ်နဲ့ အစာအိမ်ကို ချိတ်ဆက်ထားတဲ့ အစာမျိုပြွန် ဆုတ်ပြဲသွားခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အစာမျိုပြွန်ပေါက်ခြင်းကို ခံစားရတဲ့ အခါမှာ ပါးစပ်မှ ဝင်ရောက်လာတဲ့ အစာတွေ၊ ရေတွေ အနေနဲ့ အစာအိမ်အတွင်းကို ဝင်ရောက်သွားမှာ မဟုတ်ပဲ ရင်ဘတ်နဲ့ အဆုတ်အတွင်းကို ဝင်ရောက်သွားခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ အစာမျိုပြွန်ပေါက်ခြင်းကြောင့် အသက်ရှူမြန်ခြင်း၊ ဘယ်ဘက် ရင်ဘတ်အောင့်ခြင်း၊ ဖျားနာခြင်း၊ မူးဝေခြင်း၊ သွေးအန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • အရိုးနဲ့ ကြွက်သားမှာ ထိခိုက်ဒဏ်ရာရခြင်း (Musculoskeletal Injuries)

ရင်ဘတ်မှာ တည်ရှိနေတဲ့ အရိုးတွေ၊ တစ်သျှူးတွေကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းပေါင်း များစွာ တည်ရှိနေပါတယ်။ ယာဥ်တိုက်မှု၊ အကျိတ်ဖြစ်ခြင်း၊ နံရိုးကျိုးခြင်း၊ နံရိုးထိပ် အရိုးနု ရောင်ရမ်းခြင်း (Costochondritis) စတဲ့ အကြောင်းအရင်းတွေကတော့ အရိုးနဲ့ ကြွက်သားမှာ ထိခိုက်ဒဏ်ရာရခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရင်ဘတ် ပတ်လည် အရိုးနဲ့ ကြွက်သားမှာ ထိခိုက်ဒဏ်ရာရခြင်းကို ခံစားရတဲ့ အခါမှာ ဒဏ်ရာအနီးတဝိုက် ရောင်ရမ်းခြင်း၊ အသက်ရှူစဥ် နာကျင်ခြင်း၊ ဘယ်ဘက် ရင်ဘတ်အောင့်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  •  နှလုံးအမြှေးပါးရောင်ရမ်းခြင်း (Pericarditis)

နှလုံးအမြှေးပါးရောင်ရမ်းခြင်း ဆိုတာကတော့ နှလုံးကို ထိန်းထားတဲ့ ဘေးပတ်လည်မှ တစ်သျှူးတွေ ရောင်ရမ်းခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံးအမြှေးပါးရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ချောင်းဆိုးခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ခြေလက်များရောင်ရမ်းခြင်း၊ ဖျားနာခြင်း၊ အသက်ရှူစဥ် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • အဆုတ်မြှေးရောင်ရောဂါ (Pleurisy)

အဆုတ်မြှေးရောင်ရောဂါ ဆိုတာကတော့ အဆုတ်နဲ့ ရင်ဘတ်နံရံကို ခွဲခြားပေးထားတဲ့ တစ်သျှူးအလွှာ ရောင်ရမ်းခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အဆုတ်မြှေးရောင် ရောဂါကို ခံစားရတဲ့ အခါမှာ ချောင်းဆိုးခြင်း၊ ပုခုံးနာကျင်ခြင်း၊ အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.