အူမကြီးကင်ဆာ (Colon Cancer)

  • 19 Dec, 2019
  • ကင်ဆာရောဂါများ

အူမကြီးကင်ဆာ ဆိုတာကတော့ ကမ္ဘာပေါ်မှ တတိယ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို လက်ရှိအချိန်ထိ အတိအကျ သိရှိရခြင်း မရှိသေးပါဘူး။ လေ့လာတွေ့ရှိချက်များအရ အူမကြီးမှာ ကျန်းမာစွာ တည်ရှိနေတဲ့ ဆဲလ်တွေရဲ့ ဒီအန်အေ ပျက်စီးသွားပြီး ကင်ဆာဆဲလ်များ၊ ကင်ဆာကျိတ်များ အဖြစ် ပြောင်းလဲသွားတဲ့ အခါမှာ အူမကြီးကင်ဆာကို ခံစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အူမကြီးကင်ဆာ ဆိုတာကတော့ ကမ္ဘာပေါ်မှ တတိယ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို လက်ရှိအချိန်ထိ အတိအကျ သိရှိရခြင်း မရှိသေးပါဘူး။ လေ့လာတွေ့ရှိချက်များအရ အူမကြီးမှာ ကျန်းမာစွာ တည်ရှိနေတဲ့ ဆဲလ်တွေရဲ့ ဒီအန်အေ ပျက်စီးသွားပြီး ကင်ဆာဆဲလ်များ၊ ကင်ဆာကျိတ်များ အဖြစ် ပြောင်းလဲသွားတဲ့ အခါမှာ အူမကြီးကင်ဆာကို ခံစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အူမကြီးကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အသက်အရွယ်ကြီးမြင့်ခြင်း

အူမကြီးကင်ဆာကို အသက်ကြီးငယ်မရွေး ခံစားရနိုင်ပေမယ့် အသက် (၅၀) အထက် ပုဂ္ဂိုလ်တွေ အနေနဲ့ အူမကြီး ကင်ဆာကို ငယ်ရွယ်သူတွေထက် ပိုမို ခံစားရမှာ ဖြစ်ပါတယ်။

  • အူမကြီးအလုံးတည်ခြင်း

အူမကြီးထဲမှာ ကင်ဆာမဟုတ်တဲ့ အလုံးတည်ခြင်းကို ခံစားခဲ့ဖူးမယ် ဆိုရင်လည်း နောင်တစ်ချိန်မှာ အူမကြီးကင်ဆာကို ခံစားရနိုင်ပါတယ်။

  • အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရခြင်း

နာတာရှည် အူမကြီး ရောင်ရမ်းခြင်း၊ ခရုန်းရောဂါ၊ အူမကြီးအနာဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်လည်း အူမကြီးကင်ဆာကို ခံစားရနိုင်ပါတယ်။

  • မျိုးရိုးလိုက်ခြင်း

တကယ်လို့ သင့်မိသားစုဝင်တွေ အထဲမှာ အူမကြီးကင်ဆာ ဒါမှမဟုတ် စအိုကင်ဆာ ဖြစ်ပွားခဲ့ဖူးသူ ရှိခဲ့မယ်ဆိုရင် သင့်ဆီမှာလည်း အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေ ရာခိုင်နှုန်း ပိုမို မြင့်တက်လာမှာ ဖြစ်ပါတယ်။

  • အဆီများတဲ့ အစားအစာများ စားသုံးခြင်း

အဆီများတဲ့ အစားအစာတွေ၊ အမျှင်ဓာတ် ပါဝင်မှု နည်းပါးတဲ့ အစားအစာတွေ၊ အနီရောင် အသားတွေကို အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် အသက်အရွယ် ကြီးမြင့်လာတဲ့ အခါမှာ အူမကြီးကင်ဆာကို ခံစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ ဆီးချိုရောဂါခံစားနေရခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အစာအိမ်တစ်ဝိုက် ဓာတ်ရောင်ခြည် ကုထုံး ခံယူဖူးခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း အူမကြီးကင်ဆာကို ခံစားရနိုင်ပါတယ်။

အူမကြီးကင်ဆာကို ခံစားရတဲ့ အခါမှာ ဝမ်းပျက်ခြင်း၊ ဝမ်းအရောင်ပြောင်းခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပုံစံပြောင်းခြင်း၊ သွေးဝမ်းသွားခြင်း၊ စအိုမှ သွေးယိုစိမ့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ မူးဝေခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အော့အန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

အူမကြီးကင်ဆာကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ခွဲစိတ်ကုသခြင်း
  • ကီမိုဆေးသွင်းကုသခြင်း
  • ဓာတ်ကင်ကုသခြင်း
  • ကင်ဆာဆေးဖြင့် ကုသခြင်း

အူမကြီးကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အနီရောင် အသားများ အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • အသင့်စား အစားအစာများ မကြာခဏ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • အသီးအနှံများ စားသုံးပေးခြင်း
  • လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်း
  • ကိုယ်အလေးချိန် ထိန်းညှိခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်ဖြတ်ခြင်း
REF: MayoClinicMedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.