ငှက်ဖျားရောဂါအကြောင်း သိကောင်းစရာများ

  • 17 Dec, 2019
  • အဖြစ်များသောရောဂါများ

ငှက်ဖျားရောဂါဆိုတာကတော့ (Plasmodium) ကပ်ပါးကောင်ကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အဆိုပါ ကပ်ပါးကောင်ကို သယ်ဆောင်လာတဲ့ (Anopheles) ခြင် ကိုက်ခြင်းကို ခံရတဲ့ အခါမှာ ငှက်ဖျား‌ရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။ (Anopheles) ခြင်ကိုက်ခြင်းကို ခံရတဲ့ အခါမှာ ငှက်ဖျားပိုး ခန္ဓာကိုယ်တွင်း ဝင်ရောက်သွားမှာဖြစ်ပြီး ချမ်းတုန်ခြင်း၊ ဖျားနာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါဆိုတာကတော့ (Plasmodium) ကပ်ပါးကောင်ကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အဆိုပါ ကပ်ပါးကောင်ကို သယ်ဆောင်လာတဲ့ (Anopheles) ခြင် ကိုက်ခြင်းကို ခံရတဲ့ အခါမှာ ငှက်ဖျား‌ရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။ (Anopheles) ခြင်ကိုက်ခြင်းကို ခံရတဲ့ အခါမှာ ငှက်ဖျားပိုး ခန္ဓာကိုယ်တွင်း ဝင်ရောက်သွားမှာဖြစ်ပြီး ချမ်းတုန်ခြင်း၊ ဖျားနာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါကို အပူပိုင်းဒေသတွေ၊ အပူလျော့ပိုင်းဒေသတွေမှာ နေထိုင်သူတွေ အနေနဲ့ များသောအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။ ငှက်ဖျားရောဂါကို ခံစားရတဲ့ အခါမှာ -

  • ချမ်းတုန်ခြင်း
  • အပျင်းဖျားခြင်း
  • ချွေးထွက်လွန်ခြင်း
  • မူးဝေခြင်း
  • အော့အန်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ဗိုက်အောင့်ခြင်း
  • ဝမ်းပျက်ခြင်း
  • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
  • သွေးအားနည်းခြင်း
  • သွေးဝမ်းသွားခြင်း
  • ကိုမာဝင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေကို ငှက်ဖျားပိုး တည်ရှိနေလေ့ရှိတဲ့ နေရာဒေသတွေကို သွားရောက် အပြီးမှာ မကြာခဏ ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှုတွေကို ခံယူသင့်ပါတယ်။

ငှက်ဖျားရောဂါကို  အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ (Plasmodium) ကပ်ပါးကောင် တွယ်ကပ်နေတဲ့ (Anopheles) ခြင် ကိုက်ခံရခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ငှက်ဖျားရောဂါကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ငှက်ဖျားရောဂါ အဖြစ်များတဲ့ နေရာဒေသတွေကို သွားလာဖူးခြင်း
  • မိခင်ကနေ ကလေးကို ကူးစက်ခြင်း
  • ကိုယ်အင်္ဂါအစားထိုး ကုသမှု ခံယူဖူးခြင်း
  • တစ်ကိုယ်ရည်သုံး ပစ္စည်းများကို မျှဝေသုံးစွဲခြင်း
  • ငှက်ဖျားပိုး တည်ရှိနေတဲ့ သွေးသွင်းမိခြင်း
  • အသက်အရွယ်ကြီးမြင့်ခြင်း
  • ကိုယ်ဝန်ရှိခြင်း

ငှက်ဖျားရောဂါကို ကုသခဲ့ခြင်း မရှိဘူးဆိုရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် ငှက်ဖျားရောဂါ ကူးစက်ခံနေရပြီလို့ သံသယရှိတာနဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။ ငှက်ဖျားရောဂါကို ကုသရာမှာ ငှက်ဖျားပိုး အမျိုးအစားအပေါ် မူတည်ပြီး ငှက်ဖျားသတ်ဆေးများ သောက်သုံးပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါ ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • အင်္ကျီလက်ရှည်၊ ဘောင်းဘီလက်ရှည်များ ဝတ်ဆင်ခြင်း
  • အိပ်စက်ရာမှာ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း
  • ခြင်ဆေးဖျန်းခြင်း
  • တစ်ကိုယ်ရည်သုံး ပစ္စည်းများ မျှဝေသုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
  • အသီးအနှံများ စားသုံးပေးခြင်း
REF: HealthLineMayoClinic

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.