အဆုတ်တွင်းလေအိတ်များ ပျက်စီးခြင်း (Emphysema)
- 16 Dec, 2019
- အဖြစ်များသောရောဂါများ
အဆုတ်တွင်း လေအိတ်များ ပျက်စီးခြင်း (Emphysema) ဆိုတာကတော့ နာတာရှည် ချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ဖြစ်ပွားစေတဲ့ နာတာရှည် အဆုတ်ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆုတ်တွင်း လေအိတ်များ ပျက်စီးခြင်းကို ကာလရှည် ဆေးလိပ်သောက်သုံးသူတွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။
အဆုတ်တွင်း လေအိတ်များ ပျက်စီးခြင်း (Emphysema) ဆိုတာကတော့ နာတာရှည် ချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို
ဖြစ်ပွားစေတဲ့ နာတာရှည် အဆုတ်ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆုတ်တွင်း လေအိတ်များ ပျက်စီးခြင်းကို
ကာလရှည် ဆေးလိပ်သောက်သုံးသူတွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။
အဆုတ်တွင်းလေအိတ်များ ပျက်စီးခြင်းကို ခံစားရတဲ့အခါမှာ -
- အသက်ရှူရခက်ခဲခြင်း
- ချောင်းဆိုးခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- စိတ်ဖိစီးခြင်း
- နှလုံးခုန်မြန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေအပြင် ချွဲကျပ်ခြင်း၊
လက်သည်း၊ နှုတ်ခမ်းများ ပြာနှမ်းခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နာတာရှည်
အသက်ရှူရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့
အမြန်ဆုံး ကုသမှုတွေကို ခံယူသင့်ပါတယ်။
အဆုတ်တွင်း လေအိတ်များ ပျက်စီးခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လေထုညစ်ညမ်းခြင်း
- အဆုတ်ကို ပျက်စီးစေတဲ့ ဓာတ်ငွေ့များကို ရှူရှိုက်မိခြင်း
- အသက်အရွယ်ကြီးမြင့်ခြင်း
- ဆေးလိပ်သောက်ခြင်း
- ဆေးရွက်ကြီး သုံးစွဲခြင်း
- ဓါတုဗေဒပစ္စည်းများနဲ့ ထိတွေ့မိခြင်း
အဆုတ်တွင်း လေအိတ်ပျက်စီးခြင်းကို ခံစားရတဲ့ အခါမှာ အရှင်း ပျောက်ကင်းအောင်
ကုသနိုင်မှာတော့ မဟုတ်ပါဘူး။ အဆုတ်တွင်း လေအိတ်ပျက်စီးခြင်း ရောဂါအခြေအနေ ပိုမို ဆိုးဝါးသွားခြင်း
မရှိအောင် ကာကွယ်နိုင်မယ့် နည်းလမ်းများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆေးလိပ်ဖြတ်ခြင်း
- ဆေးရွက်ကြီး သုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
- ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အဆုတ်ရောင်ရမ်းခြင်းများ
လျော့ကျစေရန် ဆရာဝန် ညွှန်ကြားချက် အတိုင်း ဆေးဝါးများ သောက်သုံးခြင်း
- လေပြွန်ကျယ်စေရန် ဆေးဝါးများ သောက်သုံးခြင်း
- စိတ်ဖိစီးမှုကို လျော့ချခြင်း
- လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပေးခြင်း
- လေထုညစ်ညမ်းတဲ့ နေရာများ သွားလာမှုကို ရှောင်ကြဥ်ခြင်း
- အောက်ဆီဂျင်ကုထုံး ခံယူခြင်း
- ပျက်စီးသွားတဲ့ အဆုတ်တွင်း တစ်သျှူးများကို ခွဲစိတ် ဖယ်ရှားပစ်ခြင်း
- အဆုတ်အစားထိုး ကုသခြင်း
REF: MayoClinic, HealthLine