ဖိုအင်္ဂါထိပ် ရောင်ရမ်းခြင်း (Balanitis)
- 13 Dec, 2019
- မျိုးဆက်ပွားကျန်းမာရေး
ဖိုအင်္ဂါထိပ် ရောင်ရမ်းခြင်း ဆိုတာကတော့ ဖိုအင်္ဂါထိပ်ပိုင်း အရေပြား ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဖိုအင်္ဂါထိပ် ရောင်ရမ်းခြင်းဆိုတာ အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး တစ်သက်မှာ တစ်ကြိမ်တော့ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် ဖိုအင်္ဂါထိပ် ရောင်ရမ်းခြင်းကို ဖိုအင်္ဂါထိပ် အရေပြား ဖြတ်ထားခြင်း မရှိတဲ့ အမျိုးသားတွေ အနေနဲ့ ပိုမိုခံစားရလေ့ ရှိကြပါတယ်။ ဖိုအင်္ဂါထိပ် ရောင်ရမ်းခြင်းကြောင့် နာကျင်မှုတွေကို ခံစားရမှာ ဖြစ်ပေမယ့်လည်း အသက်အန္တရယ်ကို ထိခိုက်စေမှာတော့ မဟုတ်ပါဘူး။
ဖိုအင်္ဂါထိပ် ရောင်ရမ်းခြင်း ဆိုတာကတော့ ဖိုအင်္ဂါထိပ်ပိုင်း
အရေပြား ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဖိုအင်္ဂါထိပ် ရောင်ရမ်းခြင်းဆိုတာ
အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး တစ်သက်မှာ တစ်ကြိမ်တော့ ခံစားရလေ့
ရှိကြပါတယ်။ ဒါ့အပြင် ဖိုအင်္ဂါထိပ် ရောင်ရမ်းခြင်းကို ဖိုအင်္ဂါထိပ် အရေပြား ဖြတ်ထားခြင်း
မရှိတဲ့ အမျိုးသားတွေ အနေနဲ့ ပိုမိုခံစားရလေ့ ရှိကြပါတယ်။ ဖိုအင်္ဂါထိပ် ရောင်ရမ်းခြင်းကြောင့်
နာကျင်မှုတွေကို ခံစားရမှာ ဖြစ်ပေမယ့်လည်း အသက်အန္တရယ်ကို ထိခိုက်စေမှာတော့ မဟုတ်ပါဘူး။
ဖိုအင်္ဂါထိပ် ရောင်ရမ်းခြင်းကို များသောအားဖြင့် အရေပြားရောဂါများ
ခံစားနေရခြင်း၊ ဘက်တီးရီးယားပိုး ကူးစက်ခြင်း၊ မှိုပိုးကူးစက်ခြင်းတို့ကြောင့် ခံစားရလေ့
ရှိကြပြီး ဖိုအင်္ဂါသန့်ရှင်းရေးကို လုပ်ဆောင်ရာမှာ နည်းလမ်းမမှန်တဲ့ အခါမှာလည်း ဖိုအင်္ဂါထိပ်
ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ဖိုအင်္ဂါမှာ ထိခိုက်ဒဏ်ရာရတဲ့ အခါမှာလည်း
ဖိုအင်္ဂါထိပ် ရောင်ရမ်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
ဖိုအင်္ဂါထိပ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဖိုအင်္ဂါကို ဆပ်ပြာဖြင့် ဆေးကြောရာမှာ စင်ကြယ်မှုမရှိခြင်း
- အနံ့ပြင်းတဲ့ ဆပ်ပြာများ အသုံးပြုပြီး ဖိုအင်္ဂါကို ဆေးကြောခြင်း
- အရေပြား ခြောက်သွေ့စေတဲ့ ဆပ်ပြာများ အသုံးပြုခြင်း
- အနံ့ပြင်းတဲ့ လိုးရှင်းတွေ၊ အသားလှဆီတွေ ဖိုအင်္ဂါမှာ လိမ်းကျံခြင်း
- ကွန်ဒုံးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းများနဲ့ ဓာတ်မတည့်ခြင်း
- ဆီးချိုရောဂါ ဖြစ်ပွားခြင်း
- ဖိုအင်္ဂါထိပ်ငုံနေခြင်း (Phimosis)
- အကာအကွယ်မပါပဲ လိင်ဆက်ဆံခြင်း
- ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရခြင်း
- လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ခံစားနေရခြင်း
ဖိုအင်္ဂါထိပ်ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ အောက်ပါရောဂါ
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ဖိုအင်္ဂါထိပ် အရေပြား ရောင်ရမ်းခြင်း
- ဖိုအင်္ဂါထိပ် အရေပြား နီရဲလာခြင်း
- ဖိုအင်္ဂါရောင်ရမ်းခြင်း
- ဖိုအင်္ဂါမှ အနံ့ဆိုးများထွက်ခြင်း
- ဖိုအင်္ဂါမှ အကျိအချွဲများထွက်ခြင်း
- ဆီးသွားရာမှာ နာကျင်ခြင်း
- ဖိုအင်္ဂါပတ်လည် ဂလင်းများရောင်ရမ်းခြင်း
- ဖိုအင်္ဂါထိပ်အရေပြားမှာ အဖုအပိမ့်များ ထွက်ပေါ်လာခြင်း
- ဖိုအင်္ဂါယားယံခြင်း
- ဝှေးစေ့တစ်ဝိုက်နာကျင်ခြင်း
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့
ရောဂါဝေဒနာတွေကို ခံစားနေရပြီး ရက်သတ္တပတ် အနည်းငယ် အတွင်း သက်သာ ပျောက်ကင်းခဲ့ခြင်း
မရှိဘူးဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။
ဖိုအင်္ဂါထိပ် ရောင်ရမ်းခြင်းကို ကာကွယ်ချင်တယ်
ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- ဖိုအင်္ဂါသန့်ရှင်းရေးကို ဂရုတစိုက်
လုပ်ဆောင်ခြင်း
- ဆီးသွားပြီးတိုင်း ဖိုအင်္ဂါထိပ် အရေပြားကို
ခြောက်သွေ့အောင် လုပ်ဆောင်ခြင်း
- အနံ့ပြင်းသော၊ ဓာတုပစ္စည်းများ ပါဝင်သော
ဆပ်ပြာများ၊ အလှကုန်ပစ္စည်းများ အသုံးပြုမှုကို ရှောင်ကြဥ်ခြင်း
- ရေချိုးပြီးတိုင်း ဖိုအင်္ဂါကို ခြောက်သွေ့အောင်
ဂရုတစိုက် လုပ်ဆောင်ခြင်း
- လိင်ဆက်ဆံပြီးတိုင်း ဖိုအင်္ဂါကို ဂရုတစိုက်
ဆေးကြောခြင်း
REF: MedicalNewsToday, HealthLine