ဆီးအိမ်ပိုးဝင်ခြင်း အကြောင်း သိကောင်းစရာများ
- 12 Dec, 2019
- မျိုးဆက်ပွားကျန်းမာရေး
ဆီးအိမ်ပိုးဝင်ခြင်း ဆိုတာကတော့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်း (UTI) ရောဂါ အမျိုးအစားတွေ အထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဆီးအိမ်ပိုးဝင်ခြင်းကို များသောအားဖြင့် ဆီးအိမ်ကို ဘက်တီးရီးယားပိုး ကူးစက်တဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် ခုခံအားကျဆင်းနေသူတွေ၊ ဆီးအိမ်မှိုစွဲခြင်းကို ခံစားနေရသူတွေ အနေနဲ့လည်း ဆီးအိမ်ပိုးဝင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
ဆီးအိမ်ပိုးဝင်ခြင်း ဆိုတာကတော့ ဆီးလမ်းကြောင်းဆိုင်ရာ
ရောဂါပိုးဝင်ခြင်း (UTI) ရောဂါ အမျိုးအစားတွေ အထဲမှာ
တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဆီးအိမ်ပိုးဝင်ခြင်းကို များသောအားဖြင့် ဆီးအိမ်ကို
ဘက်တီးရီးယားပိုး ကူးစက်တဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင်
ခုခံအားကျဆင်းနေသူတွေ၊ ဆီးအိမ်မှိုစွဲခြင်းကို ခံစားနေရသူတွေ အနေနဲ့လည်း
ဆီးအိမ်ပိုးဝင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆီးအိမ်ပိုးဝင်ခြင်းကို အမျိုးသမီးတွေ အနေနဲ့
အမျိုးသားတွေထက် ပိုမိုခံစားရလေ့ ရှိကြပါတယ်။ အမျိုးသမီးတွေရဲ့ ဆီလမ်းကြောင်းဟာ
အမျိုးသားတွေရဲ့ ဆီးလမ်းကြောင်းထက် တိုတောင်းတဲ့တာကြောင့် အလွယ်တကူ ရောဂါပိုး
ကူးစက်ခြင်းကို ခံစားရတာပဲ ဖြစ်ပါတယ်။
ဆီးအိမ်ပိုးဝင်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ ရောဂါပိုးကတော့ E.coli ဘက်တီးရီးယားပဲ ဖြစ်ပါတယ်။ E.coli ဘက်တီးရီးယားကို
ပုံမှန်အားဖြင့် အူမကြီးထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အူမကြီး အတွင်းမှာ
E.coli ဘက်တီးရီယားတွေ အလွန်အမင်း များပြားလာတဲ့ အခါမှာ ဆီးသွားခြင်းကနေ
တစ်ဆင့် ဘက်တီးရီးယား ပိုးမွှားတွေကို ဖယ်ရှားပစ်နိုင်ခြင်း ရှိတော့မှာ
မဟုတ်တဲ့အပြင် ဆီးအိမ်ပိုးဝင်ခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
ဆီးအိမ်ပိုးဝင်ခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော
အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အသက်အရွယ်ကြီးမြင့်လာခြင်း
- အမျိုးသမီးဖြစ်ခြင်း
- ခန္ဓာကိုယ် လှုပ်ရှားမှု နည်းပါးခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်း
- ဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှုများ ခံယူဖူးခြင်း
- ဆီးလမ်းကြောင်း ကျဥ်းမြောင်းခြင်း
- ကိုယ်ဝန်ရှိခြင်း
- ဓာတ်ကင်ကုသမှု ခံယူဖူးခြင်း
- သန္ဓေတားဆေးများ သုံးစွဲဖူးခြင်း
- လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုခြင်း
- ဆီးချိုရောဂါ ခံစားနေရခြင်း
- ဆီးကျိတ်ကြီးခြင်း
- ဆီးကျောက်တည်ခြင်း
- ကာလရှည် ဆီးပိုက်များ အသုံးပြုခြင်း
- အာရုံကြောဆိုင်ရာ ဝေဒနာများ ခံစားနေရခြင်း
- ခုခံအားကျဆင်းခြင်း
ဆီးအိမ်ပိုးဝင်ခြင်းကို ခံစားရတဲ့ အခါမှာ မကြာခဏ
ဆီးသွားချင်စိတ် ဖြစ်ပေါ်ခြင်း၊ ဆီသွားနှုန်း နည်းပါးခြင်း၊ ဆီးသွားရာမှာ
သွေးပါခြင်း၊ ဆီးသွားရာမှာ အနံ့ဆိုးထွက်ပေါ်ခြင်း၊ ဖျားနာခြင်း၊ ဆီးအိမ်တစ်ဝိုက်
နာကျင်ခြင်း၊ ကျောနာခြင်း၊ ဆီးသွားရာမှာ နာကျင်ခြင်းဦ မူးဝေခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရာမှာ ဖြစ်ပါတယ်။
ဆီးအိမ်ပိုးဝင်ခြင်းကို အချိန်မီကုသခဲ့ခြင်း မရှိဘူးဆိုရင်
ကျောက်ကပ်ပိုးဝင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ပိုးဝင်ခြင်း ဆိုတာကတော့
အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်ခု ဖြစ်တာကြောင့် သင့်အနေနဲ့
ဆီးအိမ်ပိုးဝင်ခြင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို ခံစားနေရမယ်ဆိုရင် ဆေးဝါးကုသမှုတွေကို
အမြန်ဆုံး ခံယူသင့်ပါတယ်။
ဆီးအိမ်ပိုးဝင်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ရေဓာတ်လုံလောက်စွာ ဖြည့်တင်းပေးခြင်း
- အသီးအနှံများ စားသုံးပေးခြင်း
- ဆီးသွားချင်စိတ် ဖြစ်လာတာနဲ့ ဆီးသွားခြင်း
- လိင်အင်္ဂါ သန့်ရှင်းရေးကို ဂရုတစိုက် လုပ်ဆောင်ခြင်း
- ပွယောင်းသော အဝတ်အစားများ ဝတ်ဆင်ခြင်း
- ချောဆီပါဝင်တဲ့ ကွန်ဒုံးများ အသုံးပြုမှုကို
ရှောင်ကြဥ်ခြင်း
- လိင်ဆက်ဆံပြီးတိုင်း ဆီးသွားခြင်း
REF: HealthLine