ကီဝီသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
- 11 Dec, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
ကီဝီသီးဆိုတာကတော့ အတွင်းသား အရောင်အသွေး အစိမ်းရောင်ရှိတဲ့ ကြက်ဥအရွယ် သေးငယ်တဲ့ သစ်သီးလေးပဲ ဖြစ်ပါတယ်။ ကီဝီသီးတွေဟာ အရွယ်အစားအရ သေးငယ်ပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကီဝီသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ကီဝီသီးဆိုတာကတော့ အတွင်းသား အရောင်အသွေး အစိမ်းရောင်ရှိတဲ့
ကြက်ဥအရွယ် သေးငယ်တဲ့ သစ်သီးလေးပဲ ဖြစ်ပါတယ်။ ကီဝီသီးတွေဟာ အရွယ်အစားအရ သေးငယ်ပေမယ့်
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့်
ကီဝီသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို
အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ပန်းနာရင်ကျပ်ရောဂါကို သက်သာစေခြင်း
ကီဝီသီးမှာ ဗီတာမင် (C) နဲ့ အန်တီအောက်ဆီဒန့်တွေ (Antioxidants)
ကြွယ်ဝစွာ ပါဝင်တာကြောင့် ပန်းနာရင်ကျပ် ဝေဒနာကို သက်သာစေမှာ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို ကီဝီသီး တစ်လုံးခန့် ပုံမှန် စားသုံးပေးခြင်းဖြင့်
အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။
- အစာချေစနစ်ကို အထောက်အကူပေးခြင်း
ကီဝီသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာချေဖျက်ရာမှာ
များစွာသော အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကီဝီသီးမှာ Actinidin လို့ အမည်ရတဲ့ အင်ဇိုင်းတစ်မျိုး ပါဝင်ပါတယ်။ အဆိုပါ အင်ဇိုင်း အနေနဲ့ ခန္ဓာကိုယ်တွင်း
ပရိုတင်း ချေဖျက်ရာမှာ များစွာသော အထေက်အကူကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
- ခုခံစွမ်းအားစနစ်ကို မြှင့်တင်ပေးခြင်း
ကီဝီသီးမှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်သလို ဗီတာမင် (C) လည်း များပြားစွာ ပါဝင်တာကြောင့် နေ့စဥ် ပုံမှန် စားသုံးပေးခြင်းဖြင့် ရောဂါပိုးမွှားတွေ
ကူးစက်မှု အန္တရာယ်ကို ကာကွယ်နိုင်မှာ ဖြစ်သလို ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်ကိုလည်း
မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
- သွေးပေါင်ချိန် မြင့်တက်မှုကို ထိန်းညှိပေးခြင်း
ကီဝီသီးကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ် ခုခံစွမ်းအားစနစ်ကို
မြှင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အပြင် သွေးပေါင်ချိန် မြင့်တက်မှုကိုလည်း ထိန်းညှိနိုင်မှာ
ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေ ကီဝီသီးကို တစ်နေ့ တစ်လုံး ပုံမှန် စားသုံးပေးခြင်းက
ပန်းသီးကို နေ့စဥ် ပုံမှန် စားသုံးပေးခြင်းထက် သွေးပေါင်ချိန် မြင့်တက်မှုကို ထိန်းညှိပေးနိုင်မှာ
ဖြစ်တယ်လို့ သိရပါတယ်။
- သွေးခဲခြင်းကို ကာကွယ်ပေးခြင်း
သွေးပေါင်ချိန် မြင့်တက်မှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အပြင်
ကီဝီသီးကို စားသုံးပေးခြင်းဖြင့် သွေးခဲခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကီဝီသီးကို နေ့စဥ် ပုံမှန် စားသုံးပေးခြင်းဖြင့် သွေးတွင်း အဆီဓာတ် များပြားလာခြင်းကိုလည်း
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- အမြင်အာရုံကို တိုးတက် ကောင်းမွန်စေခြင်း
ကီဝီသီးမှာ Zeaxanthin နဲ့ Lutein တို့
ပါဝင်တာကြောင့် အမြင်အာရုံဝေဝါးခြင်း၊ အမြင်အာရုံ နှစ်ထပ်ဖြစ်ခြင်းစတဲ့ အမြင်အာရုံပိုင်းဆိုင်ရာ
ခံစားရလေ့ရှိတဲ့ ဝေဒနာများ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- အရိုးများကို ကြံ့ခိုင်သန်စွမ်းစေခြင်း
ကီဝီသီးမှာ ဗီတာမင် (K) ၊ ကယ်ဆီယမ်နဲ့ ဖော့စ်ဖောရပ်ဓာတ်တို့ (Phosphorus) ပါဝင်တာကြောင့် အရိုးများကို ကြံ့ခိုင်သန်စွမ်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင်
ကီဝီသီးမှာ ပါဝင်တဲ့ ဗီတာမင် (K) ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးပါးရောဂါ
ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
REF: HealthLine