ရေဖျဥ်းစွဲခြင်းအကြောင်း သိကောင်းစရာများ
- 09 Dec, 2019
- အဖြစ်များသောရောဂါများ
ရေဖျဥ်းစွဲခြင်း ဆိုတာကတော့ ဝမ်းဗိုက်ထဲမှာ အဖြူရောင်၊ အဝါရောင် အရည်များ စုပုံလာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ရေဖျဥ်းစွဲခြင်းကို များသောအားဖြင့် အသည်း အလုပ်မလုပ်တောတဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ ရေဖျဥ်းစွဲခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ရေဖျဥ်းစွဲခြင်း ဆိုတာကတော့ ဝမ်းဗိုက်ထဲမှာ အဖြူရောင်၊ အဝါရောင်
အရည်များ စုပုံလာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ရေဖျဥ်းစွဲခြင်းကို များသောအားဖြင့်
အသည်း အလုပ်မလုပ်တောတဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ ရေဖျဥ်းစွဲခြင်းကို ဖြစ်ပွားစေတဲ့
အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- တီဘီရောဂါ ဖြစ်ပွားခြင်း
- ကျောက်ကပ်ရောဂါ ဖြစ်ပွားခြင်း
- မုန့်ချိုအိတ်ရောင်ရမ်းခြင်း (Pancreatitis)
- သွိုင်းရွိုက်ဂလင်း ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း
- နှလုံးရောဂါ ဖြစ်ပွားခြင်း
- ကင်ဆာရောဂါများ ခံစားနေရခြင်း
- အသည်းခြောက်ခြင်း
ရေဖျဥ်းစွဲခြင်းကို ခံစားရတဲ့ အခါမှာ မူးဝေခြင်း၊ အစာစားချင်စိတ်
မရှိခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်း၊ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပွားခြင်း၊
ဝမ်းပိတ်ခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန် မြင့်တက်ခြင်း၊ မူးဝေခြင်း၊ ဗိုက်အောင့်ခြင်း၊
ကျောနာခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ နှလုံးအောင့်ခြင်း၊ ဝမ်းဗိုက်ဖောင်းလာခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်တဲ့အပြင် ရေဖျဥ်းစွဲခြင်းကြောင့် အခြားသော ခန္ဓာကိုယ်တွင်း
အစိတ်အပိုင်းတွေကို ဖိထားသလို ဖြစ်စေနိုင်ပြီး နေမထိထိုင်မသာဖြစ်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
ကာလရှည်ကြာ ခံစားနေခဲ့ရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ဆေးဝါးကုသမှုတွေ
ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ရေဖျဥ်းစွဲခြင်းကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ဆရာဝန် ညွှန်ကြားချက် အတိုင်း ဆီးဆေးများ သုံးစွဲခြင်း
ရေဖျဥ်းစွဲခြင်းကို အလွယ်တကူ သက်သာ ပျောက်ကင်းစေမယ့် နည်းလမ်းကတော့
ဆရာဝန် ညွှန်ကြားချက် အတိုင်း ဆီးဆေးများ သုံးစွဲခြင်းပဲ ဖြစ်ပါတယ်။ ဆီးဆေးများ သုံးစွဲခြင်းဖြင့်
ခန္ဓာကိုယ်အတွင်းမှ ဆားဓာတ်နဲ့ ရေဓာတ် ပမာဏ စွန့်ထုတ်မှုကို မြင့်တက်စေမှာ ဖြစ်တာကြောင့်
အသည်းပတ်လည်မှာ တည်ရှိနေတဲ့ သွေးကြောအတွင်းရှိ ဖိအားများကို လျော့ကျစေမှာ ဖြစ်တဲ့အပြင်
ရေဖျဥ်းစွဲခြင်းကိုလည်း သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ရေဖျဥ်းစွဲခြင်းကို ဖြစ်ပွားစေသော အရည်များအား ဖောက်ထုတ်ခြင်း
(Paracentesis)
(Paracentesis) ဆိုတာကတော့ အပ်အသုံးပြုပြီး ဝမ်းဗိုက်
အတွင်းမှာ စုပြုံနေတဲ့ အရည်များကို ဖောက်ထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ (Paracentesis)
နည်းလမ်းကို အသုံးပြုရာမှာ ရောဂါပိုး ကူးစက်ခြင်းကို အလွယ်တကူ ဖြစ်ပွားစေနိုင်တာကြောင့်
ပိုးသတ်ဆေးများ သောက်သုံးပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
- ခွဲစိတ်ကုသခြင်း
တကယ်လို့ ရေဖျဥ်းစွဲခြင်းကို အပြင်းအထန် ခံစားနေရပါက ခန္ဓာကိုယ်အတွင်း
(Shunt) ပြွန်ကို စိုက်သွင်းပြီး ဝမ်းဗိုက်အတွင်းမှ အရည်များကို
ဖယ်ရှားပစ်လေ့ ရှိကြပါတယ်။ တကယ်လို့ (Shunt) ပြွန် စိုက်သွင်း
ကုသခြင်းကို ခံယူခဲ့ပေမယ့် ရေဖျဥ်းစွဲခြင်းကို ဆက်လက် ခံစားနေရမယ် ဆိုရင်တော့ အသည်းအစားထိုး
ကုသခြင်း၊ ကီမိုဆေးသွင်း ကုသခြင်းစတဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ရေဖျဥ်းစွဲခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- အရက်ဖြတ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေးထိုးခြင်း
- အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်း
- အသီးအနှံများ စားသုံးပေးခြင်း
- တစ်ကိုယ်ရည်သုံး ပစ္စည်းများ မျှဝေသုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
REF: MedicalNewsToday, HealthLine