သွေးပေါင်ကျခြင်း (Hypotension) အကြောင်း သိကောင်းစရာများ

  • 03 Dec, 2019
  • အဖြစ်များသောရောဂါများ

သွေးပေါင်ကျခြင်း ဆိုတာကတော့ အဖြစ်များတဲ့ ရောဂါတစ်မျိုး ဖြစ်သလို အသက်အရွယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါ မဟုတ်ပါဘူး။ ဒါပေမယ့် မကြာခဏ သွေးပေါင်ကျခြင်းကို ခံစားနေရမယ်ဆိုရင် နှလုံး ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ပျက်စီးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် သွေးပေါင်ကျခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

သွေးပေါင်ကျခြင်း ဆိုတာကတော့ အဖြစ်များတဲ့ ရောဂါတစ်မျိုး ဖြစ်သလို အသက်အရွယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါ မဟုတ်ပါဘူး။ ဒါပေမယ့် မကြာခဏ သွေးပေါင်ကျခြင်းကို ခံစားနေရမယ်ဆိုရင် နှလုံး ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ပျက်စီးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် သွေးပေါင်ကျခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

သွေးလွှတ်ကြောတွေ၊ သွေးပြန်ကြောတွေကနေ တစ်ဆင့် သွေးပို့လွှတ်မှု နည်းပါးသွားတဲ့ အခါမျိုးတွေမှာ သွေးပေါင်ကျခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ သွေးပေါင်ကျခြင်းကို ခံစားရတဲ့ အခါမှာ များသောအားဖြင့် ရောဂါဝေဒနာတွေကို ခံစားရလေ့ မရှိပေမယ့် တစ်ခါတရံမှာ -

  • အမြင်အာရုံဝေဝါးခြင်း
  • အသားအရေ ဖျော့တော့ခြင်း
  • အအေးမိခြင်း
  • စိတ်ကျခြင်း
  • မူးဝေခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • အားအင်ချည့်နဲ့ခြင်း
  • ရင်တုန်ခြင်း
  • အသက်ရှူမြန်ခြင်း
  • ရေငတ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

သွေးပေါင်ကျခြင်းကို သီးသန့် ခံစားနေရမယ်ဆိုရင် ကုသမှု ခံယူဖို့ လိုအပ်မှာ မဟုတ်ပေမယ့် တစ်ခါတရံမှာ အချို့သော ဝေဒနာတွေ ခံစားနေရခြင်းကြောင့်လည်း သွေးပေါင်ကျခြင်းကို ဖြစ်ပွားစေနိုင်တာကြောင့် သွေးပေါင်ကျခြင်းကို မကြာခဏ ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ် ကုသမှုတွေ ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

သွေးပေါင်ကျခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • နှလုံးရောဂါများ ခံစားနေရခြင်း

နှလုံးခုန်နှုန်းကျဆင်းခြင်း၊ နှလုံးအဆို့ရှင်မလုံခြင်း၊ နှလုံးဖောက်ခြင်း၊ နှလုံးကောင်းမွန်စွာ အလုပ်မလုပ်ခြင်းစတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာ သွေးပေါင်ကျခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • ဆီးချိုရောဂါ ဖြစ်ပွားခြင်း

ဆီးချိုဝေဒနာသည်တွေ အနေနဲ့ ထိုင်နေရာကနေ ရုတ်တရက် ထလိုက်တဲ့ အခါမျိုးတွေမှာ၊ လှဲလျောင်းနေရာကနေ ရုတ်တရက် ထိုင်လိုက်တဲ့ အခါမျိုးတွေမှာ အာရုံကြောစနစ် ကောင်းမွန်စွာ အလုပ် လုပ်ဆောင်နိုင်ခြင်း မရှိတော့တာကြောင့် သွေးပေါင်ကျခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

  • အစာစားပြီးတိုင်း သွေးပေါင်ကျခြင်း

အချို့သော လူပုဂ္ဂိုလ်တွေ အနေနဲ့ အစာစားပြီးချိန်မှာ မိုက်ခနဲဖြစ်ခြင်း၊ မူးဝေခြင်း၊ သွေး‌ပေါင်ကျခြင်းစတဲ့ ဝေဒနာတွေကို ခံစားရလေ့ ရှိကြပါတယ်။ အစာစားပြီးတိုင်း သွေးပေါင်ကျခြင်းကို သက်ကြီးရွယ်အိုတွေ၊ ဆီးချိုဝေဒနာသည်တွေ၊ ပါကင်ဆန်ရောဂါသည်တွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။

  • ဆေးဝါးများ သောက်သုံးခြင်း

အချို့သော ဆေးဝါးတွေကို သောက်သုံးတဲ့ အခါမှာ ဦးနှောက်ကို သွေးပို့လွှတ်မှု နည်းပါးသွားလေ့ ရှိတာကြောင့် သွေးပေါင်ကျခြင်း၊ မူးဝေခြင်း၊ မိုက်ခနဲဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရလေ့ ရှိကြပါတယ်။

  • ကိုယ်ဝန်ရှိခြင်း

ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ သွေးလည်ပတ်မှု စနစ် အပြောင်းအလဲအချို့ ဖြစ်ပေါ်လေ့ ရှိတာကြောင့် သွေးပေါင်ကျခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.