မျက်လုံးပတ်လည် အညိုအမဲစွဲခြင်း (Black Eye) အကြောင်း သိကောင်းစရာများ

  • 25 Nov, 2019
  • အဖြစ်များသောရောဂါများ

မျက်လုံး ဘေးပတ်လည်မှာ တည်ရှိနေတဲ့ အရေပြားအောက် တစ်သျှူးတွေ ပျက်စီးသွားတဲ့ အခါမှာ မျက်လုံးပတ်လည် အညိုအမဲစွဲခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ မျက်လုံးပတ်လည် အညိုအမဲစွဲခြင်းကြောင့် မျက်လုံးကို ထိခိုက်စေမှာ မဟုတ်ပဲ မျက်လုံး ဘေးပတ်လည် အရေပြားကိုသာ ထိခိုက်စေမှာ ဖြစ်ပါတယ်။

မျက်လုံး ဘေးပတ်လည်မှာ တည်ရှိနေတဲ့ အရေပြားအောက် တစ်သျှူးတွေ ပျက်စီးသွားတဲ့ အခါမှာ မျက်လုံးပတ်လည် အညိုအမဲစွဲခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ မျက်လုံးပတ်လည် အညိုအမဲစွဲခြင်းကြောင့် မျက်လုံးကို ထိခိုက်စေမှာ မဟုတ်ပဲ မျက်လုံး ဘေးပတ်လည် အရေပြားကိုသာ ထိခိုက်စေမှာ ဖြစ်ပါတယ်။

မျက်လုံးပတ်လည် အညိုအမဲစွဲခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ မျက်လုံးပတ်လည် အရေပြား တစ်သျှူးတွေမှာ တည်ရှိနေတဲ့ သွေးကြောငယ်တွေ ပေါက်ထွက်ပြီး သွေးယိုစိမ့်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

မျက်လုံးပတ်လည် အညိုအမဲစွဲခြင်းကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ မဟုတ်ပေမယ့် တစ်ခါတရံမှာ မျက်လုံးတွင်း သွေးယိုစိမ့်ခြင်းကိုပါ ဖြစ်ပွားစေနိုင်တာကြောင့် မျက်လုံးပတ်လည် အညိုအမဲစွဲခြင်း အကြောင်း သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

မျက်လုံးပတ်လည် အညိုအမဲစွဲခြင်းကို ခံစားရတဲ့ အခါမှာ မျက်လုံးပတ်လည် ရောင်ရမ်းလာခြင်း၊ မျက်လုံးပတ်လည် အသားအရေ အရောင် ပြောင်းလဲလာခြင်း၊ နာကျင်ခြင်း၊ အမြင်အာရုံဝေဝါးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

မျက်လုံးပတ်လည် အညိုအမဲစွဲခြင်းကို ခံစားရတဲ့ အခါမှာ ၁ ပတ်၊ ၂ ပတ်အတွင်း သက်သာ ပျောက်ကင်းသွားလေ့ ရှိပေမယ့် အချိန် ကြာမြင်တဲ့အထိ ရောဂါ ပျောက်ကင်းခြင်း မရှိတဲ့အပြင် နှာခေါင်းသွေးယိုခြင်း၊ မျက်ဝန်းများ နီရဲနေခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အမြင်နှစ်ထပ်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့ ပေါ့ဆလို့ မနေသင့်ပဲ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ပြသသင့်ပါတယ်။

ဒါ့အပြင် တစ်ခါတရံမှာ အောက်ပါ‌ ရောဂါတွေ ခံစားရတဲ့ အခါမှာလည်း မျက်လုံးပတ်လည် အညိုအမဲစွဲခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

  • နှာခေါင်းရိုးကျိုးခြင်း
  • ဦးနှောက်အတွင်းထိဒဏ်ရာ ခံစားနေရခြင်း (Concussion)
  • သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever)
  • မူမမှန်သွေးထွက်ခြင်း (Hemophilia)
  • ဦးခေါင်းခွံတွင်း သွေးယိုစိမ့်ခြင်း
  • ဦးခေါင်းခွံ ထိခိုက်ဒဏ်ရာရခြင်း

တကယ်လို့ မျက်လုံးပတ်လည် အရေပြားတစ်သျှူးတွင်း သွေးကြောများ ပေါက်ထွက်ခြင်းကြောင့် မျက်လုံးပတ်လည် အညိုအမဲစွဲခြင်းကို ခံစားခဲ့ရမယ် ဆိုရင်တော့ ရေခဲကပ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ အနားယူခြင်း၊ ဆရာဝန် ညွှန်ကြားချက်အတိုင်း အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်းစတဲ့ နည်းလမ်းများဖြင့် အလွယ်တကူ သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

REF: MedicalNewsTodayHeatlhLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.