အူမကြီးနာကျင်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 20 Nov, 2019
  • အဖြစ်များသောရောဂါများ

အူမကြီး ဆိုတာကတော့ အစာချေစနစ်ရဲ့ အဓိက အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ အူမကြီးရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ ချေဖျက်လို့ မရတဲ့ အစားအစာများမှ ရေဓာတ်ကို စုပ်ယူဖို့နဲ့ အသုံးမဝင်တဲ့ အညစ်အကြေးတွေကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပစ်ဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ အူမကြီး ရောင်ရမ်းခြင်း၊ ရောဂါပိုးဝင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရတဲ့ အခါမှာ အူမကြီးနာကျင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် အူမကြီး နာကျင်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

အူမကြီး ဆိုတာကတော့ အစာချေစနစ်ရဲ့ အဓိက အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ အူမကြီးရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ ချေဖျက်လို့ မရတဲ့ အစားအစာများမှ ရေဓာတ်ကို စုပ်ယူဖို့နဲ့ အသုံးမဝင်တဲ့ အညစ်အကြေးတွေကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပစ်ဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ အူမကြီး ရောင်ရမ်းခြင်း၊ ရောဂါပိုးဝင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရတဲ့ အခါမှာ အူမကြီးနာကျင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် အူမကြီး နာကျင်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

  • ဝမ်းချုပ်ခြင်း

အူမကြီးအနေနဲ့ ခန္ဓာကိုယ်ထဲကနေ ဝမ်းအမာတွေကို စွန့်ထုတ်ပစ်နိုင်ဖို့ အတွက် အားစိုက်ထုတ်ပြီး ညှစ်ပေးရတာကြောင့် ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ စအိုဝနာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ တစ်ခါတရံမှာ ဝမ်းအမာတွေကို ညှစ်ထုတ်ရတာကြောင့် စအိုဝ တစ်သျှူးတွေ စုတ်ပြဲခြင်းကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကို မကြာခဏ ခံစားနေရမယ်ဆိုရင် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအနှံများ စားသုံးပေးခြင်း၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း အမျှင်ဓာတ် ဖြည့်စွက်အားဆေးများ စားသုံးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

  • ဝမ်းပျက်ခြင်း

ဝမ်းပျက်ခြင်းကို ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း၊ ဘက်တီးရီးယားပိုး ကူးစက်ခြင်း၊ အစားအစာနဲ့ ဓာတ်မတည့်ခြင်းတို့ကြောင့် ခံစားရနိုင်ပါတယ်။ ဝမ်းပျက်ခြင်းကြောင့်လည်း ဗိုက်အောင့်ခြင်း၊ အူမကြီးနာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • Irritable Bowel Syndrome

(Irritable Bowel Syndrome) ဆိုတာကတော့ အူမကြီးရဲ့ လုပ်ဆောင်မှုတွေကို မူမမှန်ဖြစ်စေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ (Irritable Bowel Syndrome) ဝေဒနာကို ခံစားရတဲ့ အခါမှာ အစာအိမ်အောင့်ခြင်း၊ အူမကြီးနာကျင်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားရမှာ အကျိအချွဲများပါခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • အူနံရံ အရည်အိတ်တည်ရောဂါ (Diverticular Disease)

အူနံရံ အရည်အိတ်တည်ရောဂါ ဆိုတာကတော့ အူမကြီး နံရံမှာ အရည်အိတ်ငယ်လေးတွေ ပေါ်ထွက်လာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ အူနံရံ အရည်အိတ်တည်ရောဂါကို များသောအားဖြင့် သက်ကြီးရွယ်အိုတွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ အူနံရံမှာ ပေါ်ထွက်လာတဲ့ အရည်အိတ်လေးတွေ ရောင်ရမ်းလာတဲ့ အခါမှာ အူမကြီး နာကျင်ခြင်းကို ခံစားရမှာ ဖြစ်တဲ့အပြင် -

  • ဝမ်းလျှောခြင်း
  • ဗိုက်အောင့်ခြင်း
  • ဝမ်းသွားရာမှာ သွေးပါခြင်း
  • ဖျားနာခြင်း
  • မူးဝေခြင်း
  • အော့အန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။


  • အူမကြီး ရောင်ရမ်းခြင်း

အူမကြီး ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ အူမကြီးနာကျင်ခြင်း၊ စအိုဝမှ သွေးယိုခြင်း၊ ဖျားနာခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ ဝမ်းသွားရာမှာ သွေးပါခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • အူမကြီးကင်ဆာ

အူမကြီးကင်ဆာ ဆိုတာကတော့ ကမ္ဘာပေါ်မှ အဖြစ်အများဆုံး ကင်ဆာရောဂါတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ အူမကြီးကင်ဆာ ရောဂါကို စတင် ခံစားရစဥ်အချိန်မှာ ရောဂါဝေဒနာတွေကို ခံစားရမှာ မဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အူမကြီးနာကျင်ခြင်း၊ ဝမ်းသွားရာမှာ သွေးပါခြင်း၊ ဝမ်းအမည်းများသွားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

REF: MedicalNewsToday

 

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.