အစာချေစနစ်ကို ကောင်းမွန်စေတဲ့ အစားအစာများ
- 19 Nov, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
အစာချေစနစ်ရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာတဲ့ အစားအစာတွေကို ချေဖျက်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ စွမ်းအင်တွေအဖြစ် ပြောင်းလဲပေးခြင်းပဲ ဖြစ်ပါတယ်။ အစာချေစနစ် ကောင်းမွန်ခြင်း မရှိတဲ့ အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ စွမ်းအင်တွေကို ရရှိနိုင်မှာ မဟုတ်တာကြောင့် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
အစာချေစနစ်ရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ ခန္ဓာကိုယ်အတွင်း
ဝင်ရောက်လာတဲ့ အစားအစာတွေကို ချေဖျက်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ၊
စွမ်းအင်တွေအဖြစ် ပြောင်းလဲပေးခြင်းပဲ ဖြစ်ပါတယ်။ အစာချေစနစ် ကောင်းမွန်ခြင်း
မရှိတဲ့ အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ စွမ်းအင်တွေကို
ရရှိနိုင်မှာ မဟုတ်တာကြောင့် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို
ခံစားရနိုင်ပါတယ်။
အစာချေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း မရှိတဲ့
အခါမျိုးတွေမှာ -
- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- ဝမ်းချုပ်ခြင်း
- ဝမ်းပျက်ခြင်း
- မူးဝေခြင်း
- အော့အန်ခြင်း
- နှလုံးအောင့်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် အစာချေစနစ်ကို ကောင်းမွန်စေဖို့ အတွက်
စားသုံးပေးသင့်တဲ့ အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ချင်း (ဂျင်း)
ချင်းကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့်
အစာချေစနစ်ဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်သလို
ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကိုလည်း သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- မပြည့်ဝဆီ (Unsaturated Fat)
မပြည့်ဝဆီကို စားသုံးပေးခြင်းဖြင့် အစာအိမ် အတွင်းကို
ဝင်ရောက်လာတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်ကို စုပ်ယူရာမှာ များစွာသော
အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မပြည့်ဝဆီ (Unsaturated
Fat) ကို စားသုံးပေးခြင်းဖြင့် အူသိမ်အူမ လှုပ်ရှားမှုကိုလည်း
ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
- အသီးအနှံများ
အသီးအနှံတွေမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင်
ဗီတာမင်နဲ့ သတ္တုဓတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန်
စားသုံးပေးခြင်းဖြင့် အစာချေဖျက်ရာမှာ များစွာသော အထောက်အကူတွေကို ရရှိစေမှာ
ဖြစ်ပါတယ်။
- ဒိန်ချဥ်
ဒိန်ချဥ်မှာ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေတဲ့ ပဋိဇီဝဆေးတွေ
များစွာ ပါဝင်သလို အစာချေစနစ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ အကျိုးပြု
ဘက်တီးရီးယားတွေ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။
အစာချေစနစ် အတွက် ဆိုးကျိုးကို ဖြစ်ပွားစေနိုင်တဲ့
အစားအစာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အချိုဓာတ် လွန်ကဲသော အစားအစာများ/ ဖျော်ရည်များ
- အရက်
- ချောကလက်
- ကဖိန်းဓာတ် ပါဝင်သော အစားအသောက်များ
- အပူအစပ်များ
ဒါ့အပြင် အစားအစာကို အမြန်စားခြင်း၊ အစာစားပြီးတာနဲ့
အိပ်စက်အနားယူခြင်းတို့ကြောင့် အစာချေရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့်
အထက်ပါ အမူအကျင့်တွေကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။
REF: MedicalNewsToday