ဆီးအိတ်ကျောက်တည်ခြင်းအကြောင်း သိကောင်းစရာများ
- 18 Nov, 2019
- အဖြစ်များသောရောဂါများ
ဆီးကျောက်တည်ခြင်း ဆိုတာကတော့ ဆီးအိမ်အတွင်းမှာ တည်ရှိနေတဲ့ ဆီးအရည်တွေ သတ္တုပုံဆောင်ခဲတွေ အဖြစ် ပြောင်းလဲသွားခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ် အတွင်းမှ ဆီးအရည်တွေရဲ့ (၉၀) ရာခိုင်နှုန်းကို ရေဓာတ်ဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပေမယ့် ကျန်ရှိနေတဲ့ (၁၀) ရာခိုင်နှုန်းကိုတော့ သတ္တုဓာတ်တွေဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဆီးကျောက်တည်ခြင်း ဆိုတာကတော့ ဆီးအိမ်အတွင်းမှာ တည်ရှိနေတဲ့
ဆီးအရည်တွေ သတ္တုပုံဆောင်ခဲတွေ အဖြစ် ပြောင်းလဲသွားခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
လူ့ခန္ဓာကိုယ် အတွင်းမှ ဆီးအရည်တွေရဲ့ (၉၀) ရာခိုင်နှုန်းကို ရေဓာတ်ဖြင့်
ဖွဲ့စည်းထားတာ ဖြစ်ပေမယ့် ကျန်ရှိနေတဲ့ (၁၀) ရာခိုင်နှုန်းကိုတော့
သတ္တုဓာတ်တွေဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဆီးကျောက်တွေကို အရောင်အမျိူးမျိုးဖြင့်
မြင်တွေ့ရလေ့ရှိပြီး တစ်ခါတရံမှာ အမည်းရောင်၊ တစ်ခါတရံမှာ အညိုရောင်အဖြစ်
မြင်တွေ့ရလေ့ ရှိပါတယ်။ ဆီးကျောက်တည်ခြင်းကို ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်
တစ်ခါတရံမှာ ခံစားရလေ့ ရှိပေမယ့် များသောအားဖြင့် ဆီးအိတ်ကြီးလာခြင်း၊
ဆီးအိမ်ဆိုင်ရာ ရောဂါများ ခံစားနေရခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းစတဲ့
ရောဂါတွေ ဖြစ်ပွားခြင်းကြောင့် ခံစားရလေ့ ရှိပါတယ်။
ဆီးအိတ်ကျောက်တည်ခြင်းကို ခံစားရတဲ့အခါမှာ -
- မကြာခဏ ဆီးသွားခြင်း
- ဖိုအင်္ဂါနာကျင်ခြင်း
- ဗိုက်အောင့်ခြင်း
- နောက်ကျော နာကျင်ခြင်း
- ဆီးသွားရာမှာ နာကျင်ခြင်း
- ဆီးသွားရာမှာ သွေးပါခြင်း
- ဆီးအခဲများသွားခြင်း
- ဆီးသွားချင်စိတ်ကို ထိန်းချုပ်နိုင်မှု မရှိခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
များသောအားဖြင့် ဆီးကျောက်တည်ခြင်းကို အမျိုးသားတွေမှာ ခံစားရလေ့ရှိပြီး
အထူးသဖြင့် သက်ကြီးရွယ်အိုတွေ အနေနဲ့ ပိုမိုခံစားရလေ့ ရှိကြပါတယ်။
ဆီးကျောက်တည်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ကူးစက်ရောဂါခံစားရခြင်း
ဘက်တီးရီးယား ပိုးမွှားများ ကူးစက်ခြင်းကြောင့်
ဆီးအိတ်ရောင်ရမ်းခြင်း၊ ဆီးအိတ်ပိုးဝင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
အဆိုပါ ဝေဒနာတွေကို ခံစားရတဲ့ အခါမှာ ဆီးကျောက်တည်ခြင်းကို ခံစားရနိုင်ပါတယ်။
- ဆီးလမ်းကြောင်း ထိခိုက်ဒဏ်ရာရခြင်း
ဖျားနာခြင်း၊ ရောဂါပိုးကူးစက်ခြင်း၊
အကျိတ်တည်ခြင်းတို့ကြောင့် ဆီးလမ်းကြောင်းမှာ ထိခိုက်ဒဏ်ရာတွေကို
ဖြစ်ပွားစေနိုင်ပါတယ်။ ဆီးလမ်းကြောင်းမှာ ထိခိုက်ဒဏ်ရာတွေ ရရှိသွားတဲ့ အခါမှာ
ဆီးလမ်းကြောင်း ကျဥ်းသွားမှာဖြစ်ပြီး ဆီးသွားရခက်ခဲခြင်း၊ ဆီးကျောက်တည်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ဆီးကျိတ်ကြီးလာခြင်း
ဆီးလမ်းကြောင်း ပတ်လည်ကို ဆီးကျိတ်တွေနဲ့ ဝန်းရံထားလျက်
ရှိပါတယ်။ ဒါကြောင့် ဆီးကျိတ်တွေ ကြီးလာတဲ့ အခါမှာ ဆီးလမ်းကြောင်းကို ဖိထားသလို
ဖြစ်သွားပြီး ဆီးကျောက်တည်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- ဆီးအိမ်ရောင်ရမ်းခြင်း
ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဓာတ်ကင်ကုသမှု
ခံယူထားခြင်းတို့ကြောင့် ဆီးအိမ်ရောင်ရမ်းခြင်းကို ဖြစ်ပွားစေနိုင်ပြီး
ဆီးကျောက်တည်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- ကျောက်ကပ်မှာ ကျောက်တည်ခြင်း
ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ခံစားရတဲ့ အခါမှာလည်း
ဆီးသွားရခက်ခဲခြင်း၊ ဆီးသွားရာမှာ နာကျင်ခြင်း၊ ဆီးကျောက်တည်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။
တကယ်လို့ ဆီးအိတ်ကျောက်တည်ခြင်းကို အလျင်အမြန် ကုသမှု
ခံယူခဲ့ခြင်း မရှိဘူးဆိုရင် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးပေါင်း များစွာကို
ခံစားရနိုင်တာကြောင့် အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။
REF: MedicalNewsToday, HealthLine