နို့နဲ့ဓာတ်မတည့်ခြင်း အကြောင်း သိကောင်းစရာများ
- 15 Nov, 2019
- အဖြစ်များသောရောဂါများ
နို့နဲ့ဓာတ်မတည့်ခြင်း ဆိုတာကတော့ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နို့နဲ့ဓာတ်မတည့်ခြင်းကို ကမ္ဘာ့လူဦးရေရဲ့ (၇၅) ရာခိုင်နှုန်းခန့် ခံစားနေရပါတယ်။ နို့နဲ့ဓာတ်မတည့်ခြင်း ဆိုတာကတော့ နို့နဲ့နို့ထွက် ပစ္စည်းတွေမှာ ပါဝင်တဲ့ (Lactose) သကြားဓာတ်ကို အစာအိမ်အနေနဲ့ ချေဖျက်နိုင်ခြင်း မရှိတာကြောင့် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ နို့နဲ့ဓာတ်မတည့်ခြင်း ဝေဒနာကို ခံစားနေရပြီး နို့ ဒါမှမဟုတ် နို့ထွက်ပစ္စည်း တစ်မျိုးမျိုးကို စားသုံးခဲ့မယ်ဆိုရင် ဝမ်းပျက်ခြင်း၊ လေထိုးလေအောင့်ဖြစ်ခြင်း၊ လေပွခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
နို့နဲ့ဓာတ်မတည့်ခြင်း ဆိုတာကတော့ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ
ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နို့နဲ့ဓာတ်မတည့်ခြင်းကို ကမ္ဘာ့လူဦးရေရဲ့ (၇၅) ရာခိုင်နှုန်းခန့်
ခံစားနေရပါတယ်။ နို့နဲ့ဓာတ်မတည့်ခြင်း ဆိုတာကတော့ နို့နဲ့နို့ထွက် ပစ္စည်းတွေမှာ ပါဝင်တဲ့
(Lactose)
သကြားဓာတ်ကို အစာအိမ်အနေနဲ့ ချေဖျက်နိုင်ခြင်း မရှိတာကြောင့် ဖြစ်ပွားလေ့ရှိတဲ့
ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ နို့နဲ့ဓာတ်မတည့်ခြင်း ဝေဒနာကို ခံစားနေရပြီး
နို့ ဒါမှမဟုတ် နို့ထွက်ပစ္စည်း တစ်မျိုးမျိုးကို စားသုံးခဲ့မယ်ဆိုရင် ဝမ်းပျက်ခြင်း၊
လေထိုးလေအောင့်ဖြစ်ခြင်း၊ လေပွခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
နို့နဲ့ဓာတ်မတည့်ခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား
သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
- ပင်မနို့နဲ့ဓာတ်မတည့်ခြင်း (Primary Lactose Intolerance)
ပင်မနို့နဲ့ဓာတ်မတည့်ခြင်း ဆိုတာကတော့ အသက်ကြီးလာတာနဲ့ အမျှ
ခန္ဓာကိုယ် အနေနဲ့ (Lactose) သကြားဓာတ်ကို စုပ်ယူနိုင်ခြင်း၊ ချေဖျက်နိုင်ခြင်း
မရှိတာကြောင့် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။
- ဆင့်ပွားနို့နဲ့ဓာတ်မတည့်ခြင်း (Secondary
Lactose Intolerance)
အစာချေလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ အူသိမ်ရောဂါ၊ အူရောင်ရောဂါစတဲ့
ဝေဒနာတွေ ခံစားနေခဲ့ရမယ် ဆိုရင်လည်း နို့နဲ့ဓာတ်မတည့်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- မျိုးရိုးလိုက်နို့နဲ့ဓာတ်မတည့်ခြင်း (Congenital or
Developmental Lactose Intolerance)
တချို့သော အခြေအနေတွေမှာ နို့နဲ့ဓာတ်မတည့်ခြင်းကို မျိုးရိုးလိုက်ခြင်းကြောင့်
ခံစားရလေ့ ရှိကြပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင် မိခင် အနေနဲ့ နို့နဲ့ဓာတ်မတည့်ခြင်းကို
ခံစားနေရမယ်ဆိုရင် မွေးဖွားလာမယ့် ကလေးမှာလည်း နို့နဲ့ဓာတ်မတည့်ခြင်း ရောဂါကို မြင်တွေ့ရနိုင်ပါတယ်။
- သတ်မှတ်ချိန် မတိုင်ခင် မွေးဖွားခြင်းကြောင့် နို့နဲ့ဓာတ်မတည့်ခြင်း
(Developmental Lactose Intolerance)
ကိုယ်ဝန်ဆောင်ချိန် (၃၄) ပတ် မပြည့်ခင် အချိန်အတွင်းမှာ မွေးဖွားခဲ့တဲ့
ကလေးတွေ အနေနဲ့လည်း နို့နဲ့ဓာတ်မတည့်ခြင်းကို ခံစားရနိုင်ပါတယ်။
နို့နဲ့ဓာတ်မတည့်ခြင်းကို ခံစားရတဲ့ အခါမှာ -
- ဗိုက်အောင့်ခြင်း
- လေထိုးခြင်း
- လေပွခြင်း
- မကြာခဏ လေလည်ခြင်း
- မူးဝေခြင်း
- ဝမ်းပျက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင်
အထက်မှာ ဖော်ပြထားတဲ့ ဝေဒနာတွေကို ပိုမို ခံစားရမှာဖြစ်ပြီး အနည်းငယ်သာ စားသုံးခဲ့မယ်
ဆိုရင်တော့ အချိန်အနည်းငယ်ခန့်သာ ခံစားရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ နို့နဲ့ဓာတ်မတည့်ခြင်းကို ခံစားနေရမယ် ဆိုရင်တော့
အောက်ပါ အစားအစာတွေ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
- နွားနို့
- ဆိတ်နို့
- ဒိန်ခဲ
- ရေခဲမုန့်
- ဒိန်ချဉ်
- ထောပတ်
- ဘီစကစ်
- ကိတ်မုန့်
- ချောကလက်
REF: HealthLine