အက်စစ်ဓာတ် လွန်ကဲခြင်းအကြောင်း သိကောင်းစရာများ
- 14 Nov, 2019
- အဖြစ်များသောရောဂါများ
အက်စစ်ဓာတ် လွန်ကဲခြင်း ဆိုတာကတော့ ခန္ဓာကိုယ် အတွင်း အက်စစ်ဓာတ် ပမာဏ မြင့်တက်လာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း အက်စစ်ဓာတ် ပမာဏ မြင့်တက်လာတဲ့ အခါတွေမှာ ကျန်းမာရေး အတွက် ဆိုးကျိုးပေါင်း များစွာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အက်စစ်ဓာတ် လွန်ကဲခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
အက်စစ်ဓာတ် လွန်ကဲခြင်း ဆိုတာကတော့ ခန္ဓာကိုယ် အတွင်း
အက်စစ်ဓာတ် ပမာဏ မြင့်တက်လာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း
အက်စစ်ဓာတ် ပမာဏ မြင့်တက်လာတဲ့ အခါတွေမှာ ကျန်းမာရေး အတွက် ဆိုးကျိုးပေါင်း
များစွာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အက်စစ်ဓာတ် လွန်ကဲခြင်းကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
- ဇီဝဖြစ်စဥ် မျှတမှုမရှိခြင်း
ဇီဝဖြစ်စဥ် မျှတမှု မရှိတဲ့ အခါမျိုးတွေမှာ ခန္ဓာကိုယ်
အတွင်းမှာ အက်စစ်ဓာတ်တွေ မြင့်တက်လာလေ့ ရှိကြပါတယ်။ ဆီးချိုရောဂါ၊ ဝမ်းပျက်ဝေဒနာ၊
ဂရင်ဂျီနာစတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာ ဇီဝဖြစ်စဥ် မျှတမှု ရှိနိုင်တော့မှာ
မဟုတ်ပဲ အက်စစ်ဓာတ် လွန်ကဲခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဇီဝဖြစ်စဉ် မျှတမှု
မရှိခြင်းကြောင့် အက်စစ်ဓာတ် လွန်ကဲခြင်းကို ခံစားရတဲ့ အခါမှာ ခေါင်းကိုက်ခြင်း၊
မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ အသက်ရှူရခက်ခဲခြင်း,
နှလုံးခုန်မြန်ခြင်း၊ အစာစားချင်စိတ် မရှိခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- ကျောက်ကပ်ဝေဒနာများ ခံစားနေရခြင်း
ကျောက်ကပ်နဲ့ သက်ဆိုင်တဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း
အက်စစ်ဓာတ် လွန်ကဲခြင်းကို ခံစားရနိုင်ပါတယ်။ ကျောက်ကပ် အနေနဲ့ ခန္ဓာကိုယ်
အတွင်းမှာ ပိုလျှံနေတဲ့ အက်စစ်ဓာတ်တွေကို ဖယ်ရှားနိုင်စေဖို့ အတွက် ဆီးသွားခြင်း
လုပ်ငန်းစဉ်ကနေ တစ်ဆင့် စွန့်ထုတ်ပေးလျက် ရှိပါတယ်။ ဒါကြောင့် ကျောက်ကပ်
ပျက်စီးခြင်းကို ခံစားရတဲ့ အခါမျိုးတွေမှာ ခန္ဓာကိုယ်အတွင်း ပိုလျှံနေတဲ့
အက်စစ်ဓာတ်တွေကို စွန့်ထုတ်နိုင်တော့မှာ မဟုတ်တာကြောင့် အက်စစ်ဓာတ် လွန်ကဲခြင်းကို
ခံစားရမှာ ဖြစ်ပါတယ်။
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားနေရခြင်း
တကယ်လို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို
ခံစားနေရတဲ့ အခါမှာ ခန္ဓာကိုယ်အတွင်းမှာ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ
လွန်ကဲသွားမှာဖြစ်ပြီး သွေးတွင်း အက်စစ်ဓာတ်တွေ မြင့်တက်လာမှာ ဖြစ်ပါတယ်။
လေဖြတ်ခြင်း၊ အာရုံကြောစနစ် ပျက်ဆီးခြင်း၊ အသက်ရှူလမ်းကြောင်းဆိုရင် ကြွက်သားများ
အလုပ်မလုပ်တော့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရတဲ့ အခါမှာ အက်စစ်ဓာတ် လွန်ကဲခြင်းကို
ခံစားရမှာ ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုရင် ဝေဒနာများ ဖြစ်ပွားခြင်းကြောင့်
အက်စစ်ဓာတ် လွန်ကဲခြင်းကို ခံစားရတဲ့ အခါမှာ အသက်ရှူမဝခြင်း၊ အိပ်မပျော်ခြင်း၊
အသားအရေ ပြာနှမ်းလာခြင်း၊ အသက်ရှူတိုင်း တရွှီရွှီ အသံမြည်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရမှာ ဖြစ်ပါတယ်။
- အစားအစာများကြောင့် အက်စစ်ဓာတ် လွန်ကဲခြင်း
အချို့သော အစားအစာတွေကို စားသုံးတဲ့ အခါမှာ
ခန္ဓာကိုယ်အတွင်းမှာ အက်စစ်ဓာတ်တွေ မြင့်တက်လာလေ့ ရှိကြပါတယ်။ အသားတွေ၊
ကြက်ဥဘဲဥတွေ၊ ဆိုဒါတွေ၊ နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံ စားသုံးတဲ့ အခါမှာ
ခန္ဓာကိုယ်တွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
- ဆေးဝါးများကြောင့် အက်စစ်ဓာတ် လွန်ကဲခြင်း
အချို့သော ဆေးဝါးတွေဖြစ်တဲ့ ဘီတာပိတ်ဆို့ဆေး (Beta-Blockers)
၊ ပိုးသတ်ဆေး၊ ARV (Antiretrovirals) ဆေး၊ သွေးတွင်းအဆီကျဆေးတွေ သောက်သုံးတဲ့ အခါမှာလည်း ခန္ဓာကိုယ်တွင်း
အက်စစ်ဓာတ် လွန်ကဲခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန် ညွှန်ကြားချက်
မပါရှိပဲ ဆေးဝါးတွေ သောက်သုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
REF: MedicalNewsToday