လေပြွန်ရောင်ရောဂါ (Bronchitis) ဆိုတာဘာလဲ
- 07 Nov, 2019
- အဖြစ်များသောရောဂါများ
လေပြွန်ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ အဆုတ်ထဲကို အောက်ဆီဂျင်ဓာတ် ပို့ဆောင်ပေးရခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေပြွန်ရောင်ခြင်းကို ခံစားရတဲ့ အခါမှာ အဆုတ်ထဲကို အောက်ဆီဂျင်ဓာတ် လုံလောက်စွာ ရရှိတော့မှာ မဟုတ်ပဲ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးပေါင်း များစွာကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လေပြွန်ရောင်ရောဂါနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
လေပြွန်ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ အဆုတ်ထဲကို အောက်ဆီဂျင်ဓာတ်
ပို့ဆောင်ပေးရခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေပြွန်ရောင်ခြင်းကို ခံစားရတဲ့ အခါမှာ
အဆုတ်ထဲကို အောက်ဆီဂျင်ဓာတ် လုံလောက်စွာ ရရှိတော့မှာ မဟုတ်ပဲ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးပေါင်း
များစွာကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လေပြွန်ရောင်ရောဂါနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့
အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
လေပြွန်ရောင်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်း၊
လေထုညစ်ညမ်းခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့်လည်း လေပြွန်ရောင်ခြင်းကို ခံစားရနိုင်ပါတယ်။
လေပြွန်ရောင်ခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ
ဖြစ်ပါတယ်။
- နာတာရှည် လေပြွန်ရောင်ခြင်း (Chronic Bronchitis)
နာတာရှည် လေပြွန်ရောင်ခြင်း ဆိုတာကတော့ အချိန်ကြာမြင့်စွာ လေပြွန်ရောင်ခြင်းကို
ဆိုလိုတာပဲ ဖြစ်ပါတယ်။ နာတာရှည် လေပြွန်ရောင်ခြင်းကို ခံစားရတဲ့ အခါမှာ (၃) လကနေ
(၂) နှစ်အထိ ခံစားရလေ့ရှိပါတယ်။ နာတာရှည် လေပြွန်ရောင်ခြင်းကြောင့် နာတာရှည် အသက်ရှူလမ်းကြောင်းနဲ့
သက်ဆိုင်တဲ့ ရောဂါတွေကို ခံစားရနိုင်ပါတယ်။
- ရုတ်တရက် လေပြွန်ရောင်ခြင်း (Acute
Bronchitis)
ရုတ်တရက် လေပြွန်ရောင်ခြင်း ဆိုတာကတော့ ရက်သတ္တပတ် အနည်းငယ်ခန့်သာ ခံစားရလေ့ရှိတဲ့ လေပြွန်ရောင်ခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဖျားနာခြင်း၊ အအေးမိခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရတဲ့ အခါမှာ ရုတ်တရက် လေပြွန်ရောင်ခြင်းကို ခံစားရနိုင်ပါတယ်။
လေပြွန်ရောင်ခြင်းကို ခံစားရတဲ့ အခါမှာ -
- လည်ချောင်းနာခြင်း
- မောပန်းနွမ်းနယ်ခြင်း
- အသက်ရှူမဝခြင်း
- ရင်ဘတ်အောင့်ခြင်း
- ဝီစီသံကဲ့သို့ အသံမြည်ခြင်း (Wheezing
Sound)
- ဖျားနာခြင်း
- ချမ်းတုန်ခြင်း
- ခေါင်းကိုက်ခြင်း
- နှာခေါင်းပိတ်ခြင်း
- ချွဲကျပ်ခြင်း
- ချောင်းဆိုးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေကို ရက်သတ္တပတ်
အနည်းငယ်ခန့် ခံစားနေရပြီး ချောင်းဆိုးရာမှာ သွေးပါခြင်း၊ အသက်ရှူမြန်ခြင်း၊ အဖျားကြီးခြင်းစတဲ့
ဝေဒနာတွေကို ခံစားနေရမယ် ဆိုပါက သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံ သွားရောက် ပြသသင့်ပါတယ်။
လေပြွန်ရောင်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကို
လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- ဆေးလိပ်ဖြတ်ခြင်း
- ကောင်းမွန်စွာ အနားယူခြင်း
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားသုံးခြင်း
- လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း
- ကာကွယ်ဆေးထိုးခြင်း
REF: MedicalNewsToday, HealthLine