အမြဲတမ်း အိပ်ငိုက်နေခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 06 Nov, 2019
  • အဖြစ်များသောရောဂါများ

လူသားအများစု အနေနဲ့ လုပ်ငန်းခွင်မှာ ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ အိပ်ငိုက်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါပေမယ့် အမြဲတမ်း အိပ်ငိုက်နေခြင်းကို ခံစားနေရမယ် ဆိုရင်တော့ နေ့စဉ် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်ပါဘူး။

လူသားအများစု အနေနဲ့ လုပ်ငန်းခွင်မှာ ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ အိပ်ငိုက်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါပေမယ့် အမြဲတမ်း အိပ်ငိုက်နေခြင်းကို ခံစားနေရမယ် ဆိုရင်တော့ နေ့စဉ် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်ပါဘူး။

ဒါ့အပြင် လက်ရှိအချိန်မှာ အမြဲတမ်း အိပ်ငိုက်နေခြင်းကို ကမ္ဘာ့လူဦးရေ (၁၈) ရာခိုင်နှုန်းခန့် ခံစားနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် အမြဲတမ်း အိပ်ငိုက်နေခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • အိပ်ချိန်လုံလောက်မှုမရှိခြင်း

လေ့လာတွေ့ရှိချက်တွေအရ  အရွယ်ရောက်ပြီးသူတွေ အနေနဲ့ အိပ်ယာကနေ နိုးထလာတဲ့ အချိန်မှာ လန်းဆန်း တက်ကြွနေစေဖို့အတွက် အိပ်ချိန် (၆) နာရီခန့် အိပ်စက် အနားယူပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။ တကယ်လို့ ကောင်းမွန်စွာ အိပ်စက် အနားယူခွင့် ရရှိခဲ့ခြင်း မရှိဘူးဆိုရင် နောက်တစ်နေ့ နိုးထလာတဲ့ အချိန်မှာ အိပ်ငိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ အလုပ် အလွန်အကျွံ လုပ်ကိုင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်များ ရှိနေခြင်း၊ ညအိပ်ခါနီး အချိန်မှာ ဖုန်း၊ ကွန်ပျူတာ အသုံးပြုခြင်းတို့ကြောင့် အိပ်ချိန်လုံလောက်မှု မရှိခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • အိပ်မပျော်ခြင်း (Insomnia)

အိပ်မပျော်ခြင်း ဝေဒနာကို ခံစားရတဲ့ အခါမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ချိနဲ့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်မပျော်ခြင်း ဝေဒနာကို ခံစားရခြင်းကြောင့် အမြဲတမ်း အိပ်ငိုက်နေခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

  • Sleep Apnea

Sleep Apnea ဆိုတာကတော့ အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်း၊ အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်း၊ အသက်ရှူရပ်ခြင်း ဝေဒနာကို ခံစားရခြင်းကြောင့်လည်း အမြဲတမ်း အိပ်ငိုက်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ Obstructive Sleep Apnea ကို အမျိုးအစားအားဖြင့် နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • Obstructive Sleep Apnea (OSA)

Obstructive Sleep Apnea ကိုခံစားရတဲ့ အခါမှာ လည်ချောင်းအတွင်းမှ တစ်သျှူးတွေ ပျက်စီးသွားခြင်းကြောင့် အသက်ရှူပြွန် ပိတ်ဆို့သွားပြီး အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်း၊ အသက်ရှူရပ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • Central Sleep Apnea (CSA)

Central Sleep Apnea ကိုခံစားရတဲ့ အခါမှာ ဦးနှောက်အနေနဲ့ အသက်ရှူ ကြွက်သားတွေကို အသက်ရှူခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့အတွက် ခိုင်းစေနိုင်ခြင်း ရှိတော့မှာ မဟုတ်ပဲ အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်း၊ အသက်ရှူရပ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • သိစိတ်လွတ် ခြေထောက်လှုပ်ခြင်း (Restless Legs Syndrome)

သိစိတ်လွတ် ခြေထောက်လှုပ်ခြင်းကို ခံစားရတဲ့ အခါမှာ မကြာခဏ အိပ်ရာကနေ လန့်နိုးခြင်း၊ အိပ်ပျော်ဖို့ ခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ အိပ်ပျော်နေစဉ် သိစိတ်လွတ် ခြေထောက်လှုပ်ခြင်းကြောင့် အိပ်ရာကနေ နိုးထလာတဲ့ အခါမှာလည်း ခြေထောက်တွေ လှုပ်ရှားထားမှုကြောင့် ပင်ပန်း နွမ်းနယ်နေမှာဖြစ်ပြီး အိပ်ငိုက်ခြင်း၊ အားအင်ချိနဲ့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ရုတ်တရက် အိပ်ပျော်သွားခြင်း (Narcolepsy)

ရုတ်တရက် အိပ်ပျော်ခြင်း ဆိုတာက‌တော့ အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ရုတ်တရက် အိပ်ပျော်ခြင်း ဝေဒနာကို ခံစားရတဲ့ အခါမှာ အချိန်အခါမဟုတ် အိပ်ပျော်ခြင်း၊ အမြဲတမ်းအိပ်ငိုက်နေခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • စိတ်ကျဝေဒနာ ခံစားရခြင်း (Depression)

စိတ်ကျဝေဒနာကို ခံစားရတဲ့ အခါမှာ အမြဲတမ်း အိပ်ငိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အလွန်အကျွံ အိပ်စက်ခြင်း၊ အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ အိပ်မပျော်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.