နားအနောက် အနံ့ဆိုးထွက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 31 Oct, 2019
  • အဖြစ်များသောရောဂါများ

လူအများစု အနေနဲ့ နားအနောက်ပိုင်း သန့်ရှင်းရေးကို ဦးစားပေး လုပ်ဆောင်လေ့ မရှိကြပါဘူး။ ဒါကြောင့်လည်း နားအနောက်ကနေ အနံ့ဆိုးတွေ ထွက်ပေါ်ခြင်းကို တစ်ခါတရံမှာ ခံစားရလေ့ ရှိကြပါတယ်။ နားအနောက် အနံ့ဆိုးထွက်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

လူအများစု အနေနဲ့ နားအနောက်ပိုင်း သန့်ရှင်းရေးကို ဦးစားပေး လုပ်ဆောင်လေ့ မရှိကြပါဘူး။ ဒါကြောင့်လည်း နားအနောက်ကနေ အနံ့ဆိုးတွေ ထွက်ပေါ်ခြင်းကို တစ်ခါတရံမှာ ခံစားရလေ့ ရှိကြပါတယ်။ နားအနောက် အနံ့ဆိုးထွက်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခါတရံမှာ အခြားသော အကြောင်းအရင်းများကြောင့် နားအနောက် အနံ့ဆိုးထွက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် နားအနောက် အနံ့ဆိုးထွက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း

လူအများစု အနေနဲ့ ရေချိုးသန့်ရှင်းရေး လုပ်ဆောင်တဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့အပြားကို ပွတ်တိုက်ဆေးကြောလေ့ ရှိပေမယ့် နားအနောက်ပိုင်းကိုတော့ သန့်ရှင်းရေး လုပ်ဆောင်ဖို့ မေ့လျော့နေလေ့ ရှိကြပါတယ်။ ဒါကြောင့် အချိန်အကြာကြီး နားအနောက်ကို သန့်ရှင်းရေး လုပ်ဆောင်ခဲ့ခြင်း မရှိဘူးဆိုရင် နားအနောက် အနံ့ဆိုးထွက်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

  • လေထုညစ်ညမ်းခြင်း

ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေ၊ ကားအိပ်ဇောငွေ့တွေကြောင့်လည်း နားအနောက် အနံ့ဆိုးထွက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် အလှကုန်ပစ္စည်းတွေ၊ ခေါင်းလျှော်ရည်တွေ နားအနောက်မှာ အချိန်ကြာမြင့်စွာ တင်ကျန်ရစ်ခဲ့တဲ့ အခါမှာလည်း နားအနောက် အနံ့ဆိုးထွက်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

  • ရောဂါပိုး ကူးစက်ခြင်း

ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ အနေနဲ့ စိုစွတ်တဲ့ နေရာမှာ တွယ်ကပ်နေရတာကို နှစ်သက်လေ့ ရှိကြပါတယ်။ တကယ်လို့ နားအနောက်ပိုင်းကို ပုံမှန် သန့်ရှင်းရေး လုပ်ဆောင်ပေးခဲ့ခြင်း မရှိဘူးဆိုရင် အညစ်အကြေးတွေနဲ့ စိုစွတ်နေမှာ ဖြစ်တာကြောင့် ရောဂါပိုးများ စွဲကပ်ပြီး နားအနောက် အနံ့ဆိုးများ ထွက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • နားပေါက်ဖောက်ခြင်း

နားပေါက်ဖောက်ပြီး အနာမကျက်သေးခင် အချိန်ထိ ဘက်တီးရီးယားပိုးတွေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ အနာမကျက်သေးခင် အချိန်မှာ ရောဂါပိုးတွေ ကူးစက်သွားတဲ့ အခါမှာ အနံ့ဆိုးတွေ ထွက်ပေါ်စေမှာ ဖြစ်တဲ့အပြင် နာကျင်မှုကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

  •  ဒဏ်ရာရခြင်း

နားအနောက် အနီးတဝိုက်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာကို သန့်ရှင်းအောင် ဂရုတစိုက် လုပ်ဆောင်ခဲ့ခြင်း မရှိဘူးဆိုရင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း၊ ဖျားနာခြင်းများကို ဖြစ်ပွားစေမှာ ဖြစ်တဲ့အပြင် နားအနောက် အနံ့ဆိုးထွက်ခြင်းကိုလည်း ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

  • နာဖာချေးပိတ်ခြင်း

နားအတွင်းမှာ ချွေးဂလင်းတွေ ပြည့်နှက်နေတာကြောင့် နာဖေချေးတွေကို ရက်သတ္တပတ် အနည်းငယ် အတွင်း ပြည့်နှက်သွားစေမှာ ဖြစ်ပါတယ်။ တကယ်လို့ နားအတွင်းမှာ နာဖာချေးတွေ ပြည့်နှက်သွားတဲ့ အခါမှာ နားအနောက်ဘက်မှာ နာဖေချေးတွေ သွားရောက် တွယ်ကပ်နေလေ့ ရှိတာကြောင့် နားအနောက် အနံ့ဆိုး ထွက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

နားအနောက် အနံ့ဆိုးထွက်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ခြင်း
  • နားအနောက် ပတ်ဝန်းကျင်ကို ရေနွေးဝတ်ဖြင့် ဂရုတစိုက် ပွတ်တိုက်ပေးခြင်း
  • နားကပ်များကို သန့်ရှင်းရေး လုပ်ဆောင်ပေးခြင်း
  • နားသန့်ဆေးရည် အသုံးပြုပေးခြင်း
REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.