လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပြီးတိုင်း ဘာကြောင့်မူးဝေနေရတာလဲ

  • 31 Oct, 2019
  • အဖြစ်များသောရောဂါများ

လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ဆောင်ပြီးတိုင်း မူးဝေခြင်းကို လူသားအများစု အနေနဲ့ ခံစားဖူးကြမယ် ထင်ပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တဲ့ အခါမှာ ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်တွေ အလွယ်တကူ ခန်းခြောက်သွားခြင်းကြောင့် မူးဝေခြင်းကို ခံစားရနိုင်သလို တစ်ခါတရံမှာ အခြားသော အကြောင်းအရာတွေကြောင့် မူးဝေခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပြီးတိုင်း မူးဝေခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ဆောင်ပြီးတိုင်း မူးဝေခြင်းကို လူသားအများစု အနေနဲ့ ခံစားဖူးကြမယ် ထင်ပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တဲ့ အခါမှာ ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်တွေ အလွယ်တကူ ခန်းခြောက်သွားခြင်းကြောင့် မူးဝေခြင်းကို ခံစားရနိုင်သလို တစ်ခါတရံမှာ အခြားသော အကြောင်းအရာတွေကြောင့် မူးဝေခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပြီးတိုင်း မူးဝေခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ဆောင်ခြင်း

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို အားသွန်ခွန်စိုက် အပြင်းအထန် လုပ်ဆောင်တဲ့ အခါမှာ မူးဝေခြင်းအပြင် အားနည်းခြင်း၊ အသက်ရှူမဝခြင်း၊ ရေဆာခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။

  • ရွေ့လျားစက်များကို အသုံးပြုခြင်း

တစ်ခါတရံမှာ လေ့ကျင့်ခန်း လုပ်ဆောင်ဖို့အတွက် အသုံးပြုလေ့ရှိတဲ့ စက်ကိရိယာတွေကြောင့်လည်း မူးဝေခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဥမာအနေနဲ့ ပြောရမယ်ဆိုရင် လမ်းလျှောက်စက်တွေ၊ အပြေးစက်တွေကို အသုံးပြုပြီး လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ဆောင်တဲ့ အခါမျိုးမှာ ရွေ့လျားမှုဒဏ်ကို မခံနိုင်တာကြောင့် မူးဝေခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

  • ရေဓာတ်ခန်းခြောက်ခြင်း

လေ့ကျင့်ခန်းတွေ လုပ်ဆောင်တဲ့ အခါမှာ ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်တွေ ကုန်ဆုံးသွားလေ့ ရှိတာကြောင့် အလျင်အမြန် ပြန်လည် ဖြည့်တင်းနိုင်ခြင်း မရှိခဲ့ဘူးဆိုရင် ရေဓာတ်ခန်းခြောက်ခြင်းကို ခံစားရနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကို ခံစားရတဲ့ အခါမှာ မူးဝေခြင်းအပြင် နှုတ်ခမ်းခြောက်ခြင်း၊ ရေဆာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ချိနဲ့ခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။

  • အောက်စီဂျင်ဓာတ် ချို့တဲ့ခြင်း

လေ့ကျင့်ခန်းတွေ လုပ်ဆောင်တဲ့ အခါမှာ ကြွက်သားတွေ အနေနဲ့ အောက်စီဂျင်ဓာတ်ကို သာမန်အချိန်ထက် ပိုမိုလိုအပ်လေ့ ရှိကြပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ဆောင်တဲ့ အခါမှာ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်းစတဲ့ လက္ခဏာတွေကို ခံစားရတာ ဖြစ်ပါတယ်။ တကယ်လို့ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ဆောင်တဲ့အပြင် အောက်စီဂျင်ဓာတ်ကို ဝဝလင်လင် ရှူသွင်းခဲ့ခြင်း မရှိဘူးဆိုရင် မူးဝေခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • သွေးပေါင်ကျခြင်း

သွေးပေါင်ကျခြင်းကို များသောအားဖြင့် လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ဆောင်တဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ သွေးပေါင်ကျခြင်းကြောင့် မူးဝေခြင်းအပြင် မိုက်ခနဲဖြစ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်၍မရခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။

  • သွေးတွင်းသကြားဓာတ် လျော့နည်းခြင်း

သကြားဓာတ်ဆိုတာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေ ထုတ်လွှတ်ရာမှာ အဓိကကျတဲ့ အရင်းအမြစ်တစ်ခုပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ရာမှာ ကြွက်သားတွေ လှုပ်ရှားဖို့အတွက် သကြားဓာတ်ကို သာမန်အချိန်ထက် ပိုမိုလိုအပ်ပါတယ်။ သွေးတွင်းသကြားဓာတ် လျော့နည်းသွားတဲ့ အခါမှာ မူးဝေခြင်းအပြင် မောပန်းနွမ်းနယ်ခြင်း၊ ဆာလောင်ခြင်း၊ လက်တုန်ခြေတုန်ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • နှလုံးခုန်မူမမှန်ခြင်း (Heart Arrhythmia)

နှလုံးခုန်မူမမှန်ခြင်း ဆိုတာကတော့ နှလုံးခုန်မြန်ခြင်း ဒါမှမဟုတ် နှလုံခုန်နှုန်း ကျဆင်းခြင်းစတဲ့ မူမမှန်ခြင်းတွေကို ခံစားရမှာ ဖြစ်ပါတယ်။ နှလုံးရောဂါ၊ စိတ်ကျဝေဒနာတွေ ခံစားရတဲ့ အခါမှာ နှလုံးခုန်မူမမှန်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ဆောင်တဲ့ အခါမှာလည်း နှလုံးခုန်မူမမှန်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ နှလုံးခုန်မူမမှန်ခြင်းကို ခံစားရတဲ့ အခါမှာ မူးဝေခြင်း၊ မိုက်ခနဲဖြစ်ခြင်း၊ အသက်ရှူမဝခြင်း၊ ချွေးထွက်လွန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပြီးတိုင်း မူးဝေခြင်းတွေ ခံစားရခြင်း မရှိအောင် အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

  • အနားယူခြင်း
  • အသက်ပြင်းပြင်း ရှူသွင်းခြင်း
  • ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်း
  • အစားအစာများ စားသုံးပေးခြင်း
  • လေ့ကျင့်ခန်း အပြင်းအထန် လုပ်ဆောင်မှုကို ရှောင်ကြဉ်ခြင်း

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.