ဆီးထုတ်ပြွန်ရောင်ရမ်းခြင်း (Urethritis) အကြောင်း သိထားသင့်တဲ့အချက်များ

  • 30 Oct, 2019
  • မျိုးဆက်ပွားကျန်းမာ‌ရေး

ဆီးထုတ်ပြွန်ရောင်ရမ်းခြင်း (Urethritis) ဆိုတာကတော့ ဆီးအိမ်ကနေ ခန္ဓာကိုယ်ပြင်ပကို ဆီးရည်တွေ ပို့ဆောင်ပေးရတဲ့ ပြွန်ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဆီးထုတ်ပြွန်အနေနဲ့ ဆီးရည်တွေအပြင် သုက်ရည်တွေကိုလည်း ခန္ဓာကိုယ်ပြင်ပသို့ ပို့ဆောင်ပေးလျက်ရှိပါတယ်။

ဆီးထုတ်ပြွန်ရောင်ရမ်းခြင်း (Urethritis) ဆိုတာကတော့ ဆီးအိမ်ကနေ ခန္ဓာကိုယ်ပြင်ပကို ဆီးရည်တွေ ပို့ဆောင်ပေးရတဲ့ ပြွန်ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဆီးထုတ်ပြွန်အနေနဲ့ ဆီးရည်တွေအပြင် သုက်ရည်တွေကိုလည်း ခန္ဓာကိုယ်ပြင်ပသို့ ပို့ဆောင်ပေးလျက်ရှိပါတယ်။ 

ဆီးထုတ်ပြွန်ရောင်ရမ်းခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဆီးထုတ်ပြွန်ရောင်ရမ်းခြင်းကို ကြီးငယ်မရွေး ခံစားရလေ့ရှိတဲ့အပြင် အမျိုးသား၊ အမျိုးသမီး နှစ်မျိုးလုံးအနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ ဆီးထုတ်ပြွန် အရှည်က အမျိုးသားတွေရဲ့ ဆီးထုတ်ပြွန်ထက် ပိုမိုတိုတောင်းတာကြောင့် ဆီးထုတ်ပြွန်ရောင်ရမ်းခြင်းကို အမျိုးသမီးတွေ အနေနဲ့ ပိုမိုခံစားရလေ့ ရှိကြပါတယ်။

ဆီးထုတ်ပြွန်ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ကလမိုင်ဒီးယ (Chlamydia) ကူးစက်ရောဂါ ခံစားရခြင်း
  • လိင်အင်္ဂါရေယုန်ပေါက်ခြင်း
  • လိင်အင်္ဂါမှိုစွဲခြင်း
  • ဓာတုဗေဒပစ္စည်းများနဲ့ ဓာတ်မတည့်ခြင်း
  • အဆစ်ရောင်ရောဂါ ခံစားရခြင်း (Reiter’s Syndrome)
  • ပါးစပ်ဖြင့် ဆက်ဆံခြင်း
  • မကြာခဏ ချစ်တင်းနှောခြင်း
  • လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုခြင်း
  • လိင်ဆက်ဆံရာကနေတစ်ဆင့် ခံစားရလေ့ရှိတဲ့ ကူးစက်ရောဂါများ ဖြစ်ပွားဖူးခြင်း

ဆီးထုတ်ပြွန်ရောင်ရမ်ခြင်းကို ခံစားရတဲ့ အခါမှာ အမျိုးသားတွေ အနေနဲ့ -

  • ဆီးကျဉ်ခြင်း
  • ဖိုအင်္ဂါယားယံခြင်း
  • ဖိုအင်္ဂါနာကျင်ခြင်း
  • ဆီးရည်/ သုက်ရည်ထဲမှာ သွေးပါခြင်း
  • ဖိုအင်္ဂါမှ အနံ့ဆိုးအရည်များထွက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ဆီးထုတ်ပြွန်ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ အမျိုးသမီးတွေ အနေနဲ့ -

  • မကြာခဏ ဆီးသွားခြင်း
  • ဆီးသွားရာမှာ နာကျင်ခြင်း
  • ဆီးလမ်းကြောင်း ရောင်ရမ်းခြင်း
  • မအင်္ဂါယားယံခြင်း
  • မအင်္ဂါမှ အနံ့ဆိုးအရည်များထွက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ဆီးထုတ်ပြွန် ရောင်ရမ်းခြင်းကို လက်ရှိအချိန်မှာ အလွယ်တကူ သက်သာပျောက်ကင်းအောင် ကုသနိုင်နေပြီ ဖြစ်တာကြောင့် တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေခဲ့ရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

ဆီးထုတ်ပြွန် ရောင်ရမ်းခြင်း ဖြစ်ပွားမှုကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့‌ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်း
  • တစ်ကိုယ်ရည်သန့်ရှင်းမှု မြှင့်တင်ခြင်း
  • ပုံမှန်စစ်ဆေး စမ်းသပ်မှုများ လုပ်ဆောင်ခြင်း
  • လိင်ဆက်ဆံဖော် များပြားမှုကို လျော့ချခြင်း
REF: MedicalNewsTodayHealthline

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.