စိတ်ကျဝေဒနာ ခံစားနေရပြီဖြစ်ကြောင်း သိရှိနိုင်တဲ့အချက်များ

  • 30 Oct, 2019
  • အဖြစ်များသောရောဂါများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့လေ့လာတွေ့ရှိချက်များအရ လက်ရှိအချိန်မှာ စိတ်ကျဝေဒနာ ခံစားနေရသူ လူဦးရေ သန်း (၃၀၀) ခန့်ရှိနေခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ စိတ်ကျဝေဒနာကို များသောအားဖြင့် စိတ်ဖိစီးမှုတွေ များပြားလာတဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ တစ်ခါတရံမှာ စိတ်ကျဝေဒနာကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်မိတဲ့အထိ လုပ်ဆောင်မိလေ့ ရှိကြတာကြောင့် စိတ်ကျဝေဒနာ ခံစားနေရခြင်း ရှိမရှိ သိရှိနိုင်မယ့် အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့လေ့လာတွေ့ရှိချက်များအရ လက်ရှိအချိန်မှာ စိတ်ကျဝေဒနာ ခံစားနေရသူ လူဦးရေ သန်း (၃၀၀) ခန့်ရှိနေခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ စိတ်ကျဝေဒနာကို များသောအားဖြင့် စိတ်ဖိစီးမှုတွေ များပြားလာတဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ တစ်ခါတရံမှာ စိတ်ကျဝေဒနာကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်မိတဲ့အထိ လုပ်ဆောင်မိလေ့ ရှိကြတာကြောင့် စိတ်ကျဝေဒနာ ခံစားနေရခြင်း ရှိမရှိ သိရှိနိုင်မယ့် အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • ဝမ်းနည်းခြင်း

စိတ်အပြောင်းအလဲ မြန်ဆန်ခြင်းကတော့ စိတ်ကျဝေဒနာ ခံစားနေရပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ စိတ်ကျဝေဒနာကို ခံစားနေရသူတွေ အနေနဲ့ အမြဲတမ်းနီးပါး အကြောင်းပြချက်မရှိ ဝမ်းနည်းနေခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • မျှော်လင့်ချက်မဲ့ခြင်း

စိတ်ကျဝေဒနာကို ခံစားနေရသူ အများစု အနေနဲ့ ကိုယ့်ကိုယ်ကို အသုံးမကျသူ တစ်ဦးအဖြစ် ခံစားနေရလေ့ ရှိကြပြီး မျှော်လင့်ချက်တွေ၊ ဦးတည်ချက်တွေ ပျောက်ဆုံးနေလေ့ ရှိကြပါတယ်။

  • တန်ဖိုးမရှိသလို ခံစားရခြင်း

စိတ်ကျဝေဒနာကို ခံစားရတဲ့အခါမှာ ဘဝကြီးက တန်ဖိုးမရှိသလို ခံစားရလေ့ ရှိကြပါတယ်။

  • အပြစ်ရှိသလို ခံစားရခြင်း

အမှားတစ်ခုခု လုပ်မိတဲ့ အခါမျိုးတွေမှာ လူအများစုအနေနဲ့ အပြစ်ရှိသလို ခံစားရလေ့ ရှိကြပါတယ်။ ဒါပေမယ့် စိတ်ကျဝေဒနာသည်တွေကတော့ အမှားအနည်းငယ် လုပ်မိတာနဲ့ အမြဲတမ်း အပြစ်ရှိသလို ခံစားနေရလေ့ ရှိကြပါတယ်။ ဒါ့အပြင် မိမိလုပ်ခဲ့မိတဲ့ အပြစ်တစ်ခုအကြောင်းကို အမြဲတမ်း တွေးနေလေ့ရှိပြီး အချိန်ကြာမြင့်တဲ့အထိ အပြစ်ရှိသလို ခံစားနေရလေ့ ရှိကြပါတယ်။

  • ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားခြင်း

စိတ်ကျဝေဒနာသည်တွေ အနေနဲ့ လူစုလူဝေးတွေနဲ့ သွားရလာရတာတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို ရှောင်ကြဉ်လေ့ ရှိကြပြီး ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားတဲ့ စိတ်ခံစားမှုမျိုးကို ခံစားရလေ့ ရှိကြပါတယ်။

  • ဒေါသထွက်လွယ်ခြင်း

စိတ်ကျဝေဒနာကို ခံစားရတဲ့အခါမှာ ဒေါသထွက်လွယ်ခြင်းကိုလည်း ခံစားရလေ့ ရှိကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ စိတ်ကျဝေဒနာသည် အမျိုးသားတွေ အနေနဲ့ စိတ်ကျဝေဒနာသည် အမျိုးသမီးတွေထက် ဒေါသထွက်လွယ်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

  • ပင်ပန်းနွမ်းနယ်ခြင်း

စိတ်ကျရောဂါကို ခံစားရတဲ့ အခါမှာ နံနက်ခင်း အိပ်ရာကနေ နိုးထဖို့အတွက် အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်း၊ အိပ်ရာကနေ နိုးလာတာနဲ့ ပင်ပန်းနွမ်းနယ်မှုကို ခံစားရခြင်းစတဲ့ ဝေဒနာတွေကို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် စိတ်ကျဝေဒနာကို ခံစားရတဲ့ အခါမှာ အမြဲတမ်း အိပ်ချင်စိတ်တွေ ပြင်းပြနေမှာ ဖြစ်ပါတယ်။

  • အိပ်မပျော်ခြင်း

လေ့လာတွေ့ရှိချက်တွေအရ စိတ်ကျဝေဒနာသည် (၇၅) ရာခိုင်နှုန်းအနေနဲ့ အိပ်မပျော်တဲ့ရောဂါကို ခံစားရလေ့ ရှိတယ်လို့ သိရပါတယ်။

  • အာရုံစူးစိုက်နိုင်စွမ်း မရှိခြင်း

စိတ်ကျဝေဒနာကို ခံစားရတဲ့ အခါမှာ အာရုံစူးစိုက်နိုင်စွမ်းတွေ၊ မှတ်ဉာဏ်စွမ်းအားတွေ ကျဆင်းသွားလေ့ ရှိပါတယ်။

  • အဝလွန်ခြင်း

တချို့လူတွေ အနေနဲ့ စိတ်ကျဝေဒနာကို ခံစားရတဲ့အခါမှာ အရင်တုန်းကထက် အစာ စားလိုစိတ်တွေ ပိုမို ပြင်းပြလာလေ့ရှိပြီး အဝလွန်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို အချိန်ကြာမြင့်စွာ ခံစားနေရမယ် ဆိုရင်‌တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ပြသပြီး စိတ်ကျဝေဒနာ ခံစားနေရခြင်း ရှိမရှိ အမြန်ဆုံး စမ်းသပ် စစ်ဆေးသင့်ပါတယ်။

REF: Medicalnewstoday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.