ရင်သားယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 29 Oct, 2019
- အမျိုးသမီးကျန်းမာရေး
ရင်သားယားယံခြင်းကို အမျိုးသမီး အများစု အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ ရင်သားကို နူးညံ့တဲ့ တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ယားယံခြင်းကို အလွယ်တကူ ခံစားရခြင်းပဲ ဖြစ်ပါတယ်။ ရင်သားယားယံခြင်းကြောင့် များသောအားဖြင့် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေမှာ မဟုတ်ပေမယ့် အချို့သော အခြေအနေတွေမှာတော့ ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရင်သားယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ရင်သားယားယံခြင်းကို အမျိုးသမီး အများစု အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။
ရင်သားကို နူးညံ့တဲ့ တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ယားယံခြင်းကို အလွယ်တကူ
ခံစားရခြင်းပဲ ဖြစ်ပါတယ်။ ရင်သားယားယံခြင်းကြောင့် များသောအားဖြင့် ကျန်းမာရေးကို ဆိုးဝါးစွာ
ထိခိုက်စေမှာ မဟုတ်ပေမယ့် အချို့သော အခြေအနေတွေမှာတော့ ကျန်းမာရေးကို ထိခိုက်စေမှာ
ဖြစ်ပါတယ်။ ဒါကြောင့် ရင်သားယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို
ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- အရေပြား ခြောက်သွေ့ခြင်း
ရင်သားအနီးတစ်ဝိုက် အရေပြားများ ခြောက်သွေ့ခြင်းကြောင့် ရင်သားယားယံခြင်း၊
ရင်သားနာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှု လွန်ကဲခြင်း၊
ချွေးထွက်လွန်ခြင်း၊ အလှကုန်ပစ္စည်းများနဲ့ ဓာတ်မတည့်ခြင်းတို့ကြောင့် အရေပြား ခြောက်သွေ့ခြင်းကို
ဖြစ်ပွားစေပြီး ရင်သား ယားယံခြင်းကို ခံစားရတာ ဖြစ်ပါတယ်။
- ရင်သားအရွယ်အစား ကြီးထွားလာခြင်း
ရင်သား အရွယ်အစား ကြီးထွားလာတာနဲ့အမျှ ရင်သားပတ်လည်မှ အရေပြားတွေကို
ဆွဲဆန့်လိုက်သလို ဖြစ်သွားတာကြောင့် ရင်သားယားယံခြင်းကို ခံစားရတာပဲ ဖြစ်ပါတယ်။ ရင်သားအရွယ်အစား
ကြီးထွားလာခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အပျိုဖော်ဝင်ခြင်း
- ကိုယ်ဝန်ရှိခြင်း
- ကိုယ်အလေးချိန် မြင့်တက်လာခြင်း
- ဟော်မုန်းပြောင်းလဲခြင်း
- မိတ်ထွက်ခြင်း
မိတ်ထွက်ခြင်းကို အပူဒဏ် လွန်ကဲတဲ့ နွေရာသီလို ရာသီဥတုတွေမှာ
များသောအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။ ရင်သားတစ်ဝိုက် မိတ်ထွက်ခြင်းကို ခံစားရတဲ့အခါမှာ
အနီစက်များ ထွက်ပေါ်လာခြင်း၊ ယားယံခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- ဓာတ်မတည့်ခြင်း
ဆပ်ပြာတွေ၊ အလှကုန်ပစ္စည်းတွေ၊ ရေမွှေးတွေစတဲ့ လူ့အသုံးအဆောင်
ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့ အခါမျိုးတွေမှာလည်း ရင်သားတစ်ဝိုက် ယားယံခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- မှိုစွဲခြင်း
ရင်သားမှိုစွဲခြင်းကို ခံစားရတဲ့ အခါမှာ ရင်သားအောက်တစ်ဝိုက်
အလွန်အမင်း ယားယံခြင်းကို ခံစားရမှာ ဖြစ်တဲ့အပြင် ရင်သားများ နာကျင်ခြင်း၊ ရင်သားတစ်ဝိုက်
နီရဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- နှင်းခူနာဖြစ်ခြင်း
နှင်းခူနာကို ခံစားရတဲ့အခါမှာ ရင်သားတစ်ဝိုက် အနီရောင် အကွက်များ
ထွက်ပေါ်လာမှာ ဖြစ်တဲ့အပြင် ရင်သားယားယံခြင်းကိုပါ ခံစားရမှာ ဖြစ်ပါတယ်။
- ဆိုရီရေးစစ် (Psoriasis)
ဆိုရီရေးစစ် အရေပြားရောဂါ ခံစားရတဲ့ အခါမှာ ရင်သားတစ်ဝိုက် အနီရောင်
အကွက်များ ထွက်ပေါ်လာခြင်း၊ ရင်သားတစ်ဝိုက် ယားယံခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ရင်သားကင်ဆာဖြစ်ပွားခြင်း
ရင်သားကင်ဆာကို ခံစားရတဲ့ အခါမှာ ရင်သားယားယံခြင်း၊ ရင်သားရောင်ရမ်းခြင်း၊
ရင်သားအကျိတ်ဖြစ်ခြင်း၊ ရင်သားနာကျင်ခြင်း၊ ရင်သားတွဲကျခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
REF: MedicalNewsToday