ခြေချောင်းများ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 29 Oct, 2019
  • အဖြစ်များသောရောဂါများ

လူသားတွေရဲ့ ခြေဖဝါးကို အရိုးပေါင်း (၂၆) ချောင်းဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဆိုပါ အရိုး (၂၆) ချောင်းထဲက (၁၄) ချောင်းကိုတော့ ခြေချောင်းတွေမှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ခြေချောင်းတွေ အနေနဲ့ ခန္ဓာကိုယ်မျှခြေကို ထိန်းညှိရာမှာနဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ တာဝန်ယူထားလျက် ရှိပါတယ်။ တကယ်လို့ ခြေချောင်းတွေ ရောင်ရမ်းခဲ့မယ်ဆိုရင် ခန္ဓာကိုယ်အတွက် ဆိုးကျိုးပေါင်းများစွာကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခြေချောင်းများ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ထိခိုက်ဒဏ်ရာရခြင်း

အားကစားလုပ်ရာကနေ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ ခြေချောင်းတွေမှာ ပြတ်ရှဒဏ်ရာရခြင်း၊ ခြေချောင်းတွေ အပေါ်ကို အလေးအပင် တစ်ခုခု မတော်တဆ ပြုတ်ကြခြင်းတို့ကြောင့် ခြေချောင်းများ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ခြေချောင်းများ ရောင်ရမ်းခြင်းအပြင် -

  • ခြေချောင်းများ နီရဲခြင်း
  • ခြေချောင်းများ ပူနွေးခြင်း
  • ခြေချောင်းများ နာကျင်ခြင်း
  • လမ်းလျှောက်ရ ခက်ခဲခြင်း
  • အတွင်းကြေဖြစ်ခြင်းစတဲ့ ဆိုးကျိုးတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။

  • အဆစ်ရောင်ရောဂါ

အဆစ်ရောင်ရောဂါ ဆိုတာကတော့ အရိုးအဆစ်များ နာကျင်ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ခြေချောင်းတွေမှာ တည်ရှိနေတဲ့ အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းခဲ့မယ်ဆိုရင် ခြေချောင်းများ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အရိုးအဆစ်များ နေရာလွဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ဆိုရီယေးစစ် အဆစ်ရောင်ရောဂါ (Psoriatic Arthritis)

ဆိုရီယေးစစ် (Psoriasis) ဆိုတာကတော့ အရေပြားမှာ အနီရောင် အကွက်တွေ ပေါ်လာစေတဲ့ အရေပြားရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဆိုရီယေးစစ် အဆစ်ရောင်ရောဂါ (Psoriatic Arthritis) ကိုဆိုရီယေးစစ် အရေပြားရောဂါသည်တွေမှာ များသောအားဖြင့် မြင်တွေ့ရလေ့ ရှိပါတယ်။ ဆိုရီယေးစစ် အဆစ်ရောင်ရောဂါကို ခံစားရတဲ့ အခါမှာ ခြေချောင်း၊ လက်ချောင်းများ ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • ဂေါက်ရောဂါ

ဂေါက်ရောဂါ ဆိုတာကတော့ အဆစ်အမြစ်ရောင် ရောဂါတွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ဂေါက်ရောဂါကို ခံစားရတဲ့ အခါမှာ ခြေချောင်း၊ လက်ချောင်းများ နာကျင်ရောင်ရမ်းခြင်း၊ အဆစ်အမြစ်များ နာကျင်ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • Hallux Rigidus

Hallux Rigidus ဆိုတာကတော့ ခြေမမှာ တည်ရှိနေတဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ Hallux Rigidus ရောဂါကို ခံစားရတဲ့အခါမှာ ခြေမ အဆစ်အမြစ်များ ရောင်ရမ်းခြင်း၊ ခြေမ နာကျင်ခြင်း၊ လမ်းလျှောက်ရမှာ ခြေချောင်းများ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • ခြေစွယ်ငုတ်ခြင်း (Ingrown Toenail)

ခြေစွယ်ငုတ်ခြင်းကို ခံစားရတဲ့ အခါမှာလည်း ခြေချောင်းများ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • ခြေမဘုထွက်ခြင်း (Bunions)

ခြေမအရင်း အဆစ်တစ်ဝိုက်မှာ အဖုထွက်လာခြင်းကို ခံစားရတဲ့ အခါမှာ ခြေမရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ထုံကျဉ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.