ခရမ်းသီး စားသုံးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ
- 25 Oct, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
ခရမ်းသီးမှာ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခရမ်းသီးကို ဖုတ်ပြီးတော့ပဲစားစား၊ အစိမ်းလိုက်ပဲစားစား၊ ဟင်းချက်ပြီးတော့ပဲစားစား၊ သုတ်ပြီးတော့ပဲစားစား ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေါင်းများစွာကို ရရှိနိုင်မှာ ဖြစ်တာကြောင့် ခရမ်းသီး စားသုံးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
ခရမ်းသီးမှာ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခရမ်းသီးကို ဖုတ်ပြီးတော့ပဲစားစား၊ အစိမ်းလိုက်ပဲစားစား၊ ဟင်းချက်ပြီးတော့ပဲစားစား၊ သုတ်ပြီးတော့ပဲစားစား ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေါင်းများစွာကို ရရှိနိုင်မှာ ဖြစ်တာကြောင့် ခရမ်းသီး စားသုံးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
- နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
ခရမ်းသီးမှာ နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ အမျှင်ဓာတ်၊
ပိုတက်ဆီယမ်၊ ဗီတာမင် C ၊ ဗီတာမင် B6 တို့ကြွယ်ဝစွာ
ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရမ်းသီးကို
နေ့စဉ်ပုံမှန် စားသုံးခြင်းဖြင့် နှလုံးရောဂါ ဖြစ်ပွားမှုကို (၃၄) ရာခိုင်နှုန်းခန့်
လျော့ချနိုင်မှာ ဖြစ်ပါတယ်။
- သွေးတွင်း ကိုလက်စထရော (Cholesterol) ပမာဏကို
လျော့ချပေးခြင်း
လေ့လာတွေ့ရှိချက်တွေအရ ခရမ်းသီးကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့်
သွေးတွင်း ကိုလက်စထရော ပမာဏကို လျော့ချပေးမှာ ဖြစ်တဲ့အပြင် ကိုယ်အလေးချိန်ကို ထိန်းညှိပေးမှာ
ဖြစ်ပါတယ်။
- ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း
ခရမ်းသီးမှာ ပါဝင်တဲ့ ပိုလီဖီနော (Polyphenol) ဒြပ်ပေါင်း အနေနဲ့ ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခရမ်းသီးမှာ ပါဝင်တဲ့ Anthocyanin နဲ့ Chlorogenic
အက်စစ်ဓာတ်တို့ အနေနဲ့ ခန္ဓာကိုယ်အတွင်း ကင်ဆာကျိတ်များ ပြန့်ပွားမှုကို
ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း
ခရမ်းသီးမှာ ပါဝင်တဲ့ Anthocyanin အက်စစ်ဓာတ်
အနေနဲ့ မှတ်ဉာဏ် စွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ဦးနှောက်ဆဲလ်တွေ ပျက်စီးမှုကို
ကာကွယ်ပေးနိုင်တာကြောင့် ခရမ်းသီးကို နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင်
ခရမ်းသီးကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် အာရုံကြောများ ရောင်ရမ်းခြင်းကိုလည်း
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း
ခရမ်းသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ကယ်လိုရီ ပါဝင်မှု
နည်းပါးတာကြောင့် မကြာခဏ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေမှာ မဟုတ်ပဲ ကိုယ်အလေးချိန် မြင့်တက်မှုကိုလည်း
ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- အသည်းကျန်းမာရေးကို ကောင်းမွန်စေခြင်း
လေ့လာတွေ့ရှိချက်တွေအရ ခရမ်းသီးမှာ ပါဝင်တဲ့ အန်တီအောက်ဆီဒန့်
(Antioxidant)
ဒြပ်ပေါင်းတွေ အနေနဲ့ အသည်းရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်လို့
သိရပါတယ်။
- ဆီးချိုအမျိုးအစား (၂) ဖြစ်ပွားမှုကို ကာယ်ပေးခြင်း
ခရမ်းသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ကာဘိုဟိုက်ဒရိတ်
(Carbohydrate) ဒြပ်ပေါင်းတွေ ပါဝင်မှု နည်းပါးတာကြောင့် ဆီးချိုရောဂါ
ခံစားနေရသူတွေ အနေနဲ့ နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ခရမ်းသီးမှာ ပါဝင်တဲ့
Alpha-Glucosidase နဲ့ Angiotensin ဒြပ်ပေါင်းတွေ
အနေနဲ့ သွေးတွင်း သကြားဓာတ် မြင့်တက်မှုကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရောဂါ
ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- အရိုးများကို ကြံ့ခိုင်သန်စွမ်းစေခြင်း
ခရမ်းသီးမှာ အရိုးကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ သံဓာတ်၊
မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် K တို့ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန်
စားသုံးပေးခြင်းဖြင့် အရိုးများကို ကြံ့ခိုင်သန်စွမ်းစေမှာ ဖြစ်ပါတယ်။
- အစာချေစနစ်ကို ကောင်းမွန်စေခြင်း
ခရမ်းသီးမှာ ရေဓာတ်နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့်
အစာချေစနစ်ကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
REF: CureJoy, MedicalNewsToday, HealthLine