အပေါ်ယံ ကြွေသွားလွှာ ပျက်စီးခြင်း (Tooth Enamel Erosion)
- 24 Oct, 2019
- သွားနှင့်ခံတွင်း
အပေါ်ယံ ကြွေသွားလွှာဆိုတာကတော့ သွားအတွင်းပိုင်း အလွှာတွေကို ထိခိုက်ခြင်း မရှိအောင် ကာကွယ်ပေးနေတဲ့ မာကြောတဲ့ အလွှာတစ်ခုပဲ ဖြစ်ပါတယ်။ ကြွေသွားလွှာတွေ ပျက်စီးသွားတဲ့ အခါမှာ သွားကိုက်ခြင်း၊ သွားကျဉ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အပေါ်ယံ ကြွေသွားလွှာတွေ ပျက်စီးသွားတဲ့ အခါမှာ ပြန်လည် ထွက်ပေါ်လာနိုင်ခြင်း မရှိတာကြောင့် အပေါ်ယံ ကြွေသွားလွှာ ပျက်စီးခြင်း မရှိအောင် အထူးပဲ ဂရုစိုက်ပေးသင့်ပါတယ်။
အပေါ်ယံ ကြွေသွားလွှာဆိုတာကတော့ သွားအတွင်းပိုင်း
အလွှာတွေကို ထိခိုက်ခြင်း မရှိအောင် ကာကွယ်ပေးနေတဲ့ မာကြောတဲ့ အလွှာတစ်ခုပဲ
ဖြစ်ပါတယ်။ ကြွေသွားလွှာတွေ ပျက်စီးသွားတဲ့ အခါမှာ သွားကိုက်ခြင်း၊
သွားကျဉ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အပေါ်ယံ
ကြွေသွားလွှာတွေ ပျက်စီးသွားတဲ့ အခါမှာ ပြန်လည် ထွက်ပေါ်လာနိုင်ခြင်း
မရှိတာကြောင့် အပေါ်ယံ ကြွေသွားလွှာ ပျက်စီးခြင်း မရှိအောင် အထူးပဲ
ဂရုစိုက်ပေးသင့်ပါတယ်။
အပေါ်ယံ ကြွေသွားလွှာ ပျက်စီးခြင်းကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အပျော့စားအချိုရည်များ အလွန်အကျွံ သောက်သုံးခြင်း
- သစ်သီးဖျော်ရည်များ အလွန်အကျွံ သောက်သုံးခြင်း
- အချိုဓာတ် လွန်ကဲတဲ့ အစားအစာများ စားသုံးခြင်း
- အချဉ်ဓာတ် လွန်ကဲတဲ့ အစားအစာများ စားသုံးခြင်း
- ခံတွင်းခြောက်သွေ့ခြင်း
- သွားကြိတ်ခြင်း
- အက်စစ်ပြန်စီးခြင်း (Acid Reflux)
- အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရခြင်း
- မျိုးရိုးလိုက်ခြင်း
အပေါ်ယံ ကြွေသွားလွှာ ပျက်စီးခြင်းကို ခံစားရတဲ့ အခါမှာ -
- သွားပဲ့ခြင်း
- သွားအရောင် ပြောင်းလဲသွားခြင်း
- သွားကျဉ်ခြင်း
- သွားနာခြင်း
- သွားကိုက်ခြင်း
- သွားဝါခြင်း
- သွားပိုးစားခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
အပေါ်ယံကြွေသွားလွှာ ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဖလိုရိုက် ပါဝင်တဲ့ သွားတိုက်ဆေးကို အသုံးပြုပေးခြင်း
- သွားတိုက်တံ အကြမ်းများ အသုံးပြုမှုကို ရှောင်ကြဉ်ခြင်း
- ခံတွင်းသန့်ဆေးရည်ဖြင့် ပလုပ်ကျင်းခြင်း
- အက်စစ်ဓာတ် လွန်ကဲတဲ့ အစားအသောက်များ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
- အချိုဓာတ် လွန်ကဲတဲ့ အစားအစာများ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
- ရေဓာတ်ဖြည့်တင်းပေးခြင်း
- ဆေးလိပ်ဖြတ်ခြင်း
REF: HealthLine