ဖလိုရိုက်ဓာတ် (Fluoride) ရဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးများ

  • 24 Oct, 2019
  • သွားနှင့်ခံတွင်း

ဖလိုရိုက် ဆိုတာကတော့ မြေသား၊ ရေ၊ အစားအစာ၊ အပင်နဲ့ လေထဲမှာ တည်ရှိနေတဲ့ သဘာဝ သတ္တုဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အချို့သော နိုင်ငံတွေ အနေနဲ့ ခံတွင်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ဖို့ အတွက် အများသုံး သောက်သုံးရေတွေမှာ ဖလိုရိုက်ကို ထည့်သွင်း ပေးထားလေ့ ရှိကြပါတယ်။ ဖလိုရိုက်ကို ခံတွင်း ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် အဓိက အသုံးပြုလေ့ ရှိတာနဲ့အညီ ဖလိုရိုက်ကို သွားတိုက်ဆေးတွေ၊ ခံတွင်းသန့်ဆေးရည်တွေမှာ များသောအားဖြင့် မြင်တွေ့ရလေ့ ရှိပါတယ်။

ဖလိုရိုက် ဆိုတာကတော့ မြေသား၊ ရေ၊ အစားအစာ၊ အပင်နဲ့ လေထဲမှာ တည်ရှိနေတဲ့ သဘာဝ သတ္တုဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အချို့သော နိုင်ငံတွေ အနေနဲ့ ခံတွင်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ဖို့ အတွက် အများသုံး သောက်သုံးရေတွေမှာ ဖလိုရိုက်ကို ထည့်သွင်း ပေးထားလေ့ ရှိကြပါတယ်။ ဖလိုရိုက်ကို ခံတွင်း ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် အဓိက အသုံးပြုလေ့ ရှိတာနဲ့အညီ ဖလိုရိုက်ကို သွားတိုက်ဆေးတွေ၊ ခံတွင်းသန့်ဆေးရည်တွေမှာ များသောအားဖြင့် မြင်တွေ့ရလေ့ ရှိပါတယ်။

ဖလိုရိုက်ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • သွားအပေါ်ယံ ကြွေသွားလွှာကို ကြံ့ခိုင်သန်စွမ်းစေခြင်း
  • သွားပိုးစားခြင်းကို ကာကွယ်ပေးခြင်း
  • ခံတွင်းကျန်းမာ‌ရေးကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားပိုးများ ပြန့်ပွားမှုကို တားဆီးပေးခြင်း
  • သွားအခေါင်းပေါက်ဖြစ်ခြင်းကို ကာကွယ်ပေးခြင်း
  • ကလေးငယ် သွားကြီးထွားနှုန်းကို အထောက်အကူဖြစ်စေခြင်း

ဖလိုရိုက်ဓာတ်ကြောင့် သွားကျန်းမာရေး အတွက် ကြီးမားတဲ့ အထောက်အကူကို ရရှိစေမှာ ဖြစ်ပေမယ့် ဖလိုရိုက်ဓာတ် လွန်ကဲခဲ့မယ် ဆိုရင်လည်း ကြီးမားတဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဖလိုရိုက်ဓာတ် လွန်ကဲခြင်းရဲ့ ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဖလိုရိုက်ဓာတ် များခြင်းကြောင့် ကြွေသွားလွှာပျက်စီးခြင်း (Dental Fluorosis)

တကယ်လို့ ခန္ဓာကိုယ်တွင်း ဖလိုရိုက်ဓာတ် လွန်ကဲခဲ့မယ်ဆိုရင် ကြွေသွားလွှာမှာ အဖြူဖတ်တွေ စွန်းထင်းနေမှာဖြစ်ပြီး အပေါ်ယံကြွေသွားလွှာ ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။။ ဖလိုရိုက်ဓာတ် များခြင်းကြောင့် ကြွေသွားလွှာပျက်စီးခြင်းကို သွားဖွံ့ဖြိုးကာစ ကလေးငယ်တွေမှာ မြင်တွေ့ရလေ ရှိပါတယ်။  

  • ဖလိုရိုက်ဓာတ် များခြင်းကြောင့် အရိုးရောဂါ ဖြစ်ပွားခြင်း (Skeletal Fluorosis)

ခန္ဓာကိုယ်တွင်း ဖလိုရိုက်ဓာတ် လွန်ကဲခြင်းကြောင့် သွားကျန်းမာရေးကို ထိခိုက်စေနိုင်သလို အရိုးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဖလိုရိုက်ဓာတ် များခြင်းကြောင့် အရိုးရောဂါတွေ စတင် ခံစားရစဉ် အချိန်မှာ အဆစ်နာခြင်း၊ အဆစ်ရောင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာဖြစ်ပြီး အချိန် ကြာလာတာနဲ့အမျှ အရိုးအက်ခြင်း၊ အရိုးပျော့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ဖလိုရိုက် အဆိပ်သင့်ခြင်း

ဖလိုရိုက်ဓာတ် လွန်ကဲစွာ ပါဝင်တဲ့ ရေတွေကို သောက်သုံးမိတဲ့ အခါမှာ ဒါမှမဟုတ် ဖလိုရိုက်ဓာတ် ပါဝင်တဲ့ သွားတိုက်ဆေးတွေ၊ ပါးစပ်ဆေးရည်‌တွေကို မြိုချမိတဲ့ အခါမျိုးတွေမှာ ဖလိုရိုက် အဆိပ်သင့်ပြီး မူးဝေခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အစာအိမ်အောင့်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။  

  • ပါရာသိုင်းရွိုက်လွန်ကဲခြင်း (Hyperparathyroidism)

ခန္ဓာကိုယ်တွင်း ဖလိုရိုက်ဓာတ် လွန်ကဲတဲ့အခါမှာ ပါရာသွိုင်းရွက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်မှုတွေ ဖြစ်ပွားစေပြီး ပါရာသိုင်းရွိုက်ဟော်မုန်း အလွန်အကျွံ ထွက်ရှိမှုကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ ပါရာသိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းကြောင့် မောပန်းနွမ်းနယ်ခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ဝမ်းချုပ်ခြင်း၊ ရေငတ်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ မကြာခဏဆီးသွားခြင်း၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • အာရုံကြောဆိုင်ရာ ရောဂါများ ခံစားရခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖလိုရိုက်ဓာတ် လွန်ကဲခဲ့မယ်ဆိုရင် မွေးဖွားလာမယ့် ကလေး ဉာဏ်ရည်မမီခြင်း၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါများ ခံစားရခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။

REF: MedicalNewsTodayHealthLineVeryWellHealth

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.