ဘာကြောင့် သွားကျဉ်ရတာလဲ
- 24 Oct, 2019
- သွားနှင့်ခံတွင်း
သွားကျဉ်ခြင်း ဆိုတာကတော့ အေးစက်တဲ့ အစားအစာတွေ၊ ပူနွေးတဲ့ အစားအစာတွေကို စားသုံးလိုက်တဲ့ အခါမှာ ဒါမှမဟုတ် ချဉ်လွန်းတဲ့ အစားအစာတွေ၊ ချိုလွန်းတဲ့ အစားအစာတွေကို စားသုံးလိုက်တဲ့ အခါမှာ သွားထဲက ကျဉ်တက်လာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ သွားကျဉ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
သွားကျဉ်ခြင်း ဆိုတာကတော့ အေးစက်တဲ့ အစားအစာတွေ၊ ပူနွေးတဲ့ အစားအစာတွေကို
စားသုံးလိုက်တဲ့ အခါမှာ ဒါမှမဟုတ် ချဉ်လွန်းတဲ့ အစားအစာတွေ၊ ချိုလွန်းတဲ့ အစားအစာတွေကို
စားသုံးလိုက်တဲ့ အခါမှာ သွားထဲက ကျဉ်တက်လာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ သွားကျဉ်ခြင်းကို
ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- သွားများကို ခပ်ကြမ်းကြမ်း ဖိတိုက်ခြင်း
သွားများကို မကြာခဏ ဖိတိုက်ခြင်း၊ သွားပွတ်တံ အမာများကို အသုံးပြုခြင်းတို့ကြောင့်
အပေါ်ယံကြွေသွားလွှာ ပျက်စီးသွားမှာ ဖြစ်တာကြောင့် သွားကျဉ်ခြင်းကို ဖြစ်ပွားစေတာပဲ
ဖြစ်ပါတယ်။
- အက်စစ်ဓာတ် လွန်ကဲသော အစားအစာများ စားသုံးခြင်း
အက်စစ်ဓာတ် လွန်ကဲတဲ့ အစားအစာတွေဖြစ်တဲ့ ခရမ်းချဉ်သီးဆော့စ်၊
သံပုရာသီး၊ ရှောက်သီး၊ ကီဝီသီးတို့ကို မကြာခဏ စားသုံးတဲ့ အခါမှာ အဆိုပါ အစားအစာတွေမှာ
ပါဝင်တဲ့ အက်စစ်ဓာတ်က အပေါ်ယံကြွေသွားလွှာကို ပျက်စီးစေမှာ ဖြစ်တာကြောင့် သွားကျဉ်ခြင်းကို
ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
- သွားကြိတ်တတ်ခြင်း
တကယ်လို့ သင့်အနေနဲ့ မကြာခဏ သွားကြိတ်လေ့ ရှိမယ်ဆိုရင် သွားအပေါ်ယံ
ကြွေသွားလွှာတွေ ပျက်စီးသွားမှာ ဖြစ်တာကြောင့် သွားကျဉ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
သင့်အနေနဲ့ သွားကြိတ်ခြင်း အလေ့အထကို ဖျောက်ဖျက်နိုင်စွမ်း မရှိဘူးဆိုရင် သက်ဆိုင်ရာ
ဆရာဝန်နဲ့ ပြသပြီး သွားကြိတ်ခြင်း ဝေဒနာကို ဂရုတစိုက် ကုသမှု ခံယူသင့်ပါတယ်။
- သွားဖြူစေသော သွားတိုက်ဆေးများ အသုံးပြုခြင်း
သွားဖြူစေတဲ့ သွားတိုက်ဆေးတွေမှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်းတွေနဲ့
ဓာတ်မတည့်တဲ့ အခါမှာလည်း သွားကျဉ်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
- ပါးစပ်ဆေးရည်ကို မကြာခဏ အသုံးပြုပြီး ပလုပ်ကျင်းခြင်း
ပါးစပ်ဆေးရည်တွေမှာ အရက်နဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်တာကြောင့်
သွားရဲ့အပေါ်ယံ ကြွေသွားလွှာကို ပျက်စီးစေမှာဖြစ်ပြီး သွားကျဉ်ခြင်းကို ဖြစ်ပွားစေမှာ
ဖြစ်ပါတယ်။ ဒါကြောင့် အရက်နဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ ပါးစပ်ဆေးရည်တွေ အသုံးပြုခြင်းကို
ရှောင်ရှားပြီး ဖလိုရိုက် ပါဝင်တဲ့ ပါးစပ်ဆေးရည်တွေကိုသာ အသုံးပြုသင့်ပါတယ်။
- သွားဖုံးရောဂါ ခံစားနေရခြင်း
တစ်ခါတရံမှာ သွားဖုံးရောဂါတွေဖြစ်တဲ့ သွားဖုံးရောင်ခြင်း၊ သွားဖုံးရေစီးကမ်းပြိုလိုက်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရတဲ့အခါမှာလည်း သွားကျဉ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင်
သွားပိုးစားခြင်း၊ သွားကျိုးခြင်း၊ သွားပဲ့ခြင်းစတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း
သွားကျဉ်ခြင်းကို ခံစားရနိုင်ပါတယ်။
- သွားချေးတက်ခြင်း
သွားတွေမှာ ချေးညှော်တွေနဲ့ ပြည့်နှက်နေခဲ့မယ်ဆိုရင် အပေါ်ယံ
ကြွေသွားလွှာ ပျက်စီးသွားမှာဖြစ်ပြီး သွားအာရုံကြောကို ထိခိုက်စေမှာ ဖြစ်တာကြောင့်
သွားကျဉ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
သွားကျဉ်ခြင်းကို အလွယ်တကူ သက်သာပျောက်ကင်းစေမယ့် နည်းလမ်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆီနဲ့ပလုပ်ကျင်းခြင်း (Oil Pulling)
နှမ်းဆီ ဒါမှမဟုတ် အုန်းဆီနဲ့ ပလုပ်ကျင်းပေးခြင်းဖြင့် သွားကျဉ်ခြင်းကို
သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဆီနဲ့မကြာခဏ ပလုပ်ကျင်းပေးခြင်းဖြင့်
သွားကျဉ်ခြင်းအပြင် သွားဖုံးရောင်ခြင်းကိုလည်း သက်သာပျောက်ကင်းစေမှာ ဖြစ်တယ်လို့ သိရပါတယ်။
- မာလကာရွက် ဝါးပေးခြင်း
မာလကာရွက်ကို ဝါးပေးခြင်းဖြင့် သွားကျဉ်ခြင်း၊ သွားနာခြင်း၊
သွားဖုံးရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- လေးညှင်းပွင့် စားပေးခြင်း
လေးညှင်းပွင့်ကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့
ခုခံအားစနစ်ကို ကောင်းမွန်စေမှာဖြစ်သလို သွားကျဉ်ခြင်း၊ သွားနာခြင်းများကိုလည်း သက်သာပျောက်ကင်းစေမှာ
ဖြစ်ပါတယ်။
- ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့
အာဟာရဓာတ်ပေါင်း များစွာ ပါဝင်ပါတယ်။ ကြွက်သွန်ဖြူကို ဝါးစားလိုက်တဲ့ အခါမှာ ထွက်ပေါ်လာလေ့ရှိတဲ့
Allicin
ဒြပ်ပေါင်းအနေနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို
ဖယ်ရှားပေးမှာ ဖြစ်သလို သွားကျဉ်ခြင်း၊ သွားပိုးစားခြင်းစတဲ့ ဝေဒနာတွေ ဖြစ်ပွားမှုကိုလည်း
ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
- ဆားငံရည်ဖြင့် ပလုပ်ကျင်းပေးခြင်း
ဆားငံရည်ဖြင့် ပလုပ်ကျင်းပေးဖြင့် ခံတွင်းသန့်ရှင်းရေးကို ကောင်းမွန်စေမှာ
ဖြစ်သလို သွားချေးတက်ခြင်း၊ သွားကျဉ်ခြင်း၊ သွားနာခြင်းစတဲ့ ဝေဒနာတွေကိုလည်း သက်သာပျောက်ကင်းစေမှာ
ဖြစ်ပါတယ်။
REF: EverydayHealth, HealthLine, MedicalNewsToday