နှာခေါင်းအမြှေးပါးရောင်ခြင်း (Rhinitis) ဆိုတာဘာလဲ
- 23 Oct, 2019
- အဖြစ်များသောရောဂါများ
နှာခေါင်းအမြှေးပါးရောင်ခြင်း (Rhinitis) ဆိုတာကတော့ နှာခေါင်းအတွင်းပိုင်းမှာ တည်ရှိနေတဲ့ အမြှေးပါး ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ နှာခေါင်းအမြှေးပါးရောင်ခြင်းကို များသောအားဖြင့် ကလေးငယ်တွေမှာ မြင်တွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ အနေနဲ့ ဓမ္မတာလာချိန်မှာ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ချိန်မှာ နှာခေါင်းအမြှေးပါးရောင်ခြင်းကို ခံစားရလေ့ ရှိပါတယ်။
နှာခေါင်းအမြှေးပါးရောင်ခြင်း (Rhinitis) ဆိုတာကတော့ နှာခေါင်းအတွင်းပိုင်းမှာ တည်ရှိနေတဲ့ အမြှေးပါး
ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ နှာခေါင်းအမြှေးပါးရောင်ခြင်းကို
များသောအားဖြင့် ကလေးငယ်တွေမှာ မြင်တွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ
အနေနဲ့ ဓမ္မတာလာချိန်မှာ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ချိန်မှာ
နှာခေါင်းအမြှေးပါးရောင်ခြင်းကို ခံစားရလေ့ ရှိပါတယ်။
နှာခေါင်း အမြှေးပါးရောင်ခြင်းကို ခံစားရတဲ့ အခါမှာ -
- နှာစေးခြင်း
- နှာရေယိုခြင်း
- နှာခေါင်းပိတ်ခြင်း
- နှာခေါင်းယားယံခြင်း
- နှာချေခြင်း
- ချောင်းဆိုးခြင်း
- လည်ချောင်းနာခြင်း
- မျက်လုံးယားယံခြင်း
- မျက်ရည်ဝဲခြင်း
- ခေါင်းကိုက်ခြင်း
- အနံ့၊ အကြား၊ အရသာ အာရုံမခံနိုင်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။
နှာခေါင်း အမြှေးပါးရောင်ခြင်းကို အမျိုးအစားအားဖြင့်
နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
- ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းအမြှေးပါးရောင်ခြင်း (Allergic
Rhinitis)
ဝတ်မှုန်တွေ၊ တိရစ္ဆာန်အမွေးတွေ၊ ဖုန်မှုန့်တွေနဲ့
ဓာတ်မတည့်တဲ့ အခါမျိုးတွေမှာ ဓာတ်မတည့်ခြင်းကြောင့်
နှာခေါင်းအမြှေးပါးရောင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- ဓာတ်မတည့်ခြင်းကြောင့် မဟုတ်ပဲ
နှာခေါင်းအမြှေးပါးရောင်ခြင်း (Non-Allergic Rhinitis)
ဓာတ်မတည့်ခြင်းကြောင့် မဟုတ်ပဲ
နှာခေါင်းအမြှေးပါးရောင်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့
ကူးစက်ရောဂါ ခံစားရခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ကျခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊
လေထုညစ်ညမ်းခြင်း၊ အရာဝတ္ထုများ နှာခေါင်းအတွင်း မတော်တဆ ဝင်သွားခြင်း၊ ရာသီဥတု
ရုတ်တရက် ပြောင်းလဲခြင်းတို့ကြောင့်လည်း ဓာတ်မတည့်ခြင်းကြောင့် မဟုတ်ပဲ
နှာခေါင်းအမြှေးပါးရောင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
နှာခေါင်းအမြှေးပါးရောင်ခြင်းကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်း
- ကားအိပ်ဇောငွေ့များ ရှူရှိုက်မိခြင်း
- အစပ်စားခြင်း
- ပန်းနာရင်ကျပ် (Asthma) ရောဂါ ခံစားနေရခြင်း
- နှင်းခူ (Eczema) ရောဂါ ခံစားနေရခြင်း
- လူးပက်စ် (Lupus) ရောဂါ ခံစားနေရခြင်း
- မျိုးရိုးလိုက် အဆုတ်ရောဂါ (Cystic Fibrosis) ခံစားနေရခြင်း
နှာခေါင်းအမြှေးပါးရောင်ခြင်းကို အလွယ်တကူ
သက်သာပျောက်ကင်းစေမယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- နှာခေါင်းအစက်ချဆေးရည် ချပေးခြင်း
- ရေနွေးငွေ့ ရှူပေးခြင်း
- အခန်းတွင်း လေသန့်စက် တပ်ဆင်ခြင်း
- လူထူထပ်တဲ့ နေရာများ သွားလာမှုကို ရှောင်ရှားခြင်း
REF: HealthLine, MedicalNewsToday