ဘာကြောင့် အမြဲတမ်း ဗိုက်ဆာနေရတာလဲ
- 21 Oct, 2019
- အဖြစ်များသောရောဂါများ
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေဖို့အတွက် အစားအစာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဗိုက်ထဲမှာ တဂွီဂွီ အော်မြည်နေတဲ့အထိ ဆာလောင်နေစဥ်မှာ အစာစားပေးခဲ့ခြင်း မရှိပေးဘူးဆိုရင် ခေါင်းကိုက်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ အာရုံစူးစိုက်၍မရခြင်းစတဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ လူအများစုကတော့ အစာစားပြီး နာရီအတော်ကြာတဲ့အထိ ဗိုက်ပြန်ဆာလေ့ မရှိပေမယ့် အချို့ကတော့ အစာစားပြီး အချိန်တိုအတွင်းမှာပဲ ဗိုက်ပြန်ဆာလာလေ့ ရှိကြပါတယ်။ ဒါကြောင့် အမြဲတမ်း ဗိုက်ဆာနေရခြင်းရဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေဖို့အတွက် အစားအစာတွေကို
စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဗိုက်ထဲမှာ တဂွီဂွီ အော်မြည်နေတဲ့အထိ ဆာလောင်နေစဥ်မှာ
အစာစားပေးခဲ့ခြင်း မရှိပေးဘူးဆိုရင် ခေါင်းကိုက်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ အာရုံစူးစိုက်၍မရခြင်းစတဲ့
ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ လူအများစုကတော့ အစာစားပြီး နာရီအတော်ကြာတဲ့အထိ ဗိုက်ပြန်ဆာလေ့
မရှိပေမယ့် အချို့ကတော့ အစာစားပြီး အချိန်တိုအတွင်းမှာပဲ ဗိုက်ပြန်ဆာလာလေ့ ရှိကြပါတယ်။
ဒါကြောင့် အမြဲတမ်း ဗိုက်ဆာနေရခြင်းရဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ
ဖြစ်ပါတယ်။
- ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ် လုံလောက်မှု မရှိခြင်း
ပရိုတိန်းဓာတ် အနေနဲ့ အစာစားချင်စိတ်ကို လျော့ချပေးနိုင်တဲ့အပြင်
ကယ်လိုရီ ပါဝင်တဲ့ အစားအစာတွေ စားသုံးချင်စိတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင်
ပရိုတိန်းအနေနဲ့ ဗိုက်ပြည့်စေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး ခန္ဓာကိုယ်တွင်း
ဆာလောင်စေတဲ့ ဟော်မုန်းတွေ ထုတ်လွှတ်မှုကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ပရိုတိန်း
ပါဝင်တဲ့ အစားအစာတွေ စားသုံးပေးချင်း မရှိဘူးဆိုရင် ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ်
လုံလောက်မှု ရှိလာတော့မှာ မဟုတ်ပဲ မကြာခဏ ဆာလောင်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
- အိပ်ချိန် လုံလောက်မှု မရှိခြင်း
နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေ၊
ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားတွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်သလို အစာစားချင်စိတ်ကို
ထိန်းချုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အိပ်ချိန် လုံလောက်မှု မရှိတဲ့ အခါမှာ အစာစားချင်စိတ်ကို
ဖြစ်ပေါ်စေတဲ့ Ghrelin ဟော်မုန်းပမာဏ များပြားလာမှာ ဖြစ်တာကြောင့်
မကြာခဏ ဆာလောင်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
- စိတ်ဖိစီးမှု များပြားခြင်း
စိတ်ဖိစီးမှုတွေ များပြားတဲ့ အခါမျိုးတွေမှာ၊ စိတ်ပင်ပန်းဆင်းရဲစရာတွေနဲ့
ရင်ဆိုင်ရတဲ့ အခါတွေမှာ ခန္ဓာကိုယ် အတွင်းကနေ Cortisol လို့အမည်ရတဲ့
ဟော်မုန်းတစ်မျိုး ထွက်ပေါ်လာလေ့ ရှိပါတယ်။ Cortisol ဟော်မုန်းကြောင့်
မကြာခဏ ဆာလောင်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။
- ရေဓာတ်ခမ်းခြောက်ခြင်း
ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးပေါင်းများစွာကို
ခံစားရမှာ ဖြစ်သလို ခန္ဓာကိုယ်တွင်း ရေဓာတ် လုံလောက်မှု မရှိခြင်းကြောင့် အစာချေစနစ်
ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပဲ မကြာခဏ ဆာလောင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများ စားသုံးမှု မရှိခြင်း
အစာချေစနစ် အနေနဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို ချေဖျက်ဖို့အတွက်
အချိန်အတော်ကြာ လုပ်ဆောင်ရတာကြောင့် အစာချေဖျက်နေစဉ် အချိန်အတွင်းမှာ ဆာလောင်ခြင်းကို
ခံစားရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့်
ခန္ဓာကိုယ်တွင်း ဗိုက်ဆာစေတဲ့ ဟော်မုန်း ထုတ်လွှတ်မှုကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
- လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း
လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ဆောင်ခြင်းကြောင့် ကယ်လိုရီလောင်ကျွမ်းမှုနှုန်းလည်း
ပိုမိုမြင့်တက်လာမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း ကယ်လိုရီ လောင်ကျွမ်းမှု မြင့်တက်လာတဲ့
အခါမှာ မကြာခဏ ဆာလောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- အရက် အလွန်အကျွံသောက်သုံးခြင်း
အရက် အလွန်အကျွံသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း အစာစားချင်စိတ်ကို
ထိန်းချုပ်ပေးတဲ့ ဟော်မုန်း ထုတ်လွှတ်မှု နည်းပါးသွားမှာ ဖြစ်တာကြောင့် မကြာခဏ ဆာလောင်ခြင်းကို
ခံစားရမှာ ဖြစ်ပါတယ်။
- ရောဂါဝေဒနာများ ခံစားနေရခြင်း
ဆီးချိုရောဂါ၊ စိတ်ကျဝေဒနာ၊ သွေးတွင်းသကြားဓာတ် လျော့နည်းခြင်းစတဲ့
ရောဂါဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်လည်း မကြာခဏ ဆာလောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
REF: HealthLine, WebMD