စအိုဖြင့်ဆက်ဆံခြင်းရဲ့ ဆိုးကျိုးများ

  • 18 Oct, 2019
  • မျိုးဆက်ပွားကျန်းမာ‌ရေး

လူအများစု အနေနဲ့ ခဏတာ ပျော်ရွှင်မှုကို ရရှိစေဖို့ အတွက် စအိုဖြင့် ဆက်ဆံခြင်းကို စမ်းသပ်ကြည့်လေ့ ရှိကြပါတယ်။ ဒါပေမယ့် စအိုဖြင့် ဆက်ဆံခြင်းကြောင့် အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံး အနေနဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စအိုဖြင့် ဆက်ဆံခြင်းရဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

လူအများစု အနေနဲ့ ခဏတာ ပျော်ရွှင်မှုကို ရရှိစေဖို့ အတွက် စအိုဖြင့် ဆက်ဆံခြင်းကို စမ်းသပ်ကြည့်လေ့ ရှိကြပါတယ်။ ဒါပေမယ့် စအိုဖြင့် ဆက်ဆံခြင်းကြောင့် အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံး အနေနဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စအိုဖြင့် ဆက်ဆံခြင်းရဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • ရောဂါပိုး လွယ်ကူစွာ ကူးစက်နိုင်ခြင်း

စအိုအနေနဲ့ မအင်္ဂါလို ချောဆီထုတ်လွှတ်နိုင်ခြင်း မရှိတဲ့အပြင် စအိုဝ အရွယ်အစားက မအင်္ဂါ အရွယ်အစားထက် ပိုမိုကျဉ်းမြောင်းတာကြောင့် စအိုဖြင့် ဆက်ဆံတဲ့ အခါမှာ စအိုဝမှာ သွေးထွက်တာတွေ၊ ပေါက်ပြဲ ဒဏ်ရာရတာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ အဆိုပါ ဒဏ်ရာတွေကနေတစ်ဆင့် ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်နိုင်တာကြောင့် စအိုဖြင့် ဆက်ဆံခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

  • လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများ ဖြစ်ပွားလွယ်ခြင်း

စအိုအတွင်းမှာ တည်ရှိနေတဲ့ ကြွက်သားတွေက မအင်္ဂါ ကြွက်သားတွေထက် ပိုမို နူးညံ့တဲ့အပြင် သေးငယ်တာကြောင့် စအိုတွင်း ထိုးသွင်းခံရတဲ့ အခါမှာ သွေးထွက်လွယ်၊ ပေါက်ပြဲလွယ်တဲ့အပြင် လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ ကလျမီဒီရာ (Chlamydia) ၊ ဆီးပူညောင်းကျရောဂါ (Gonorrhea) ၊ အသည်းရောင်ရောဂါ (Hepatitis) ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV) ၊ ရေယုန်ရောဂါ (Herpes) တို့ကို မအင်္ဂါဖြင့် ဆက်ဆံခြင်းထက် ပိုမိုဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

  • ဝမ်းမထိန်းနိုင်ခြင်း

စအိုဖြင့် မကြာခဏ လိင်ဆက်ဆံတဲ့ အခါမှာ စအိုကြွက်သားတွေရဲ့ ကျုံ့နိုင်အား နည်းပါးသွားမှာ ဖြစ်တာကြောင့် ဝမ်းမထိန်းနိုင်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ ဒါ့အပြင် စအိုဖြင့် မကြာခဏ လိင်ဆက်ဆံခြင်းရဲ့ နောက်ထပ် ဆိုးကျိုးတစ်ခုကတော့ လိင်ခေါင်းရောဂါကို ဖြစ်ပွားစေခြင်းပဲ ဖြစ်ပါတယ်။

  • စအိုကင်ဆာ ဖြစ်ပွားစေခြင်း

စအိုအမြှေးပါးတွေက တကယ်ကို ပါးလွှာတာကြောင့် စအိုဖြင့် ဆက်ဆံခြင်းကြောင့် မကြာခဏ ထိုးထွင်းခံရတဲ့ အခါမှာ စအိုကင်ဆာ ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။

  • ကိုယ်ဝန်ရစေနိုင်ခြင်း

စအိုဖြင့် ဆက်ဆံတဲ့ အခါမှာ အများစုက ကိုယ်ဝန်ရရှိနိုင်မှာ မဟုတ်ဘူးလို့ ထင်မှတ်ထားကြပါတယ်။ ဒါပေမယ့် အမျိုးသမီး အင်္ဂါပေါက်နဲ့ စအိုဝတို့က နီးကပ်စွာ တည်ရှိနေတာကြောင့် သုက်ရည်တွေ အမျိုးသမီး အင်္ဂါအတွင်း ဝင်ရောက်သွားနိုင်ပြီး ကိုယ်ဝန်ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေအပြင် စအိုတစ်ဝိုက် မကြာခဏ နာကျင်ခြင်း၊ ဂရင်ဂျီနာ (Fistula) ဖြစ်ပွားခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်တာကြောင့် တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။ တကယ်လို့ စအိုဖြင့် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်နိုင်ခြင်း မရှိဘူး ဆိုရင်လည်း ကွန်ဒုံးအသုံးပြုခြင်း၊ ချောဆီအသုံးပြုခြင်းစတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး စအိုဖြင့် ဆက်ဆံခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို တတ်နိုင်သလောက် လျော့ချသင့်ပါတယ်။

REF: MedicalNewsTodayBustle

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.