သုက်ရည်ထဲ သွေးပါခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 17 Oct, 2019
  • မျိုးဆက်ပွားကျန်းမာ‌ရေး

သုက်ရည်ထဲ သွေးပါခြင်းဆိုတာ အသက်အန္တရာယ်ကို ထိခိုက်လောက်တဲ့ အထိတော့ အန္တရာယ်များတဲ့ ရောဂါတစ်မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သုက်ထုတ်လွှတ်လိုက်ချိန်မှာ သုက်ရည်ထဲ သွေးစက်တွေကို မြင်လိုက်ရခြင်းကြောင့် အမျိုးသားတွေ အနေနဲ့ ထိတ်လန့်သွားမှာ အမှန်ပါပဲ။ ဒါကြောင့် သုက်ရည်ထဲ သွေးပါခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

သုက်ရည်ထဲ သွေးပါခြင်းဆိုတာ အသက်အန္တရာယ်ကို ထိခိုက်လောက်တဲ့ အထိတော့ အန္တရာယ်များတဲ့ ရောဂါတစ်မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သုက်ထုတ်လွှတ်လိုက်ချိန်မှာ သုက်ရည်ထဲ သွေးစက်တွေကို မြင်လိုက်ရခြင်းကြောင့် အမျိုးသားတွေ အနေနဲ့ ထိတ်လန့်သွားမှာ အမှန်ပါပဲ။ ဒါကြောင့် သုက်ရည်ထဲ သွေးပါခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

သုက်ရည်ထဲ သွေးပါခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ ဝှေးစေ့ရောင်ရမ်းခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသား ဝှေးစေ့အတွင်းမှာ တည်ရှိနေတဲ့ ဂလင်းတွေ၊ ပြွန်တွေ ရောင်ရမ်းတဲ့ အခါမှာလည်း သုက်ရည်ထဲ သွေးပါခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

သုက်ရည်ထဲ သွေးပါခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆီးကျိတ်ရောင်ခြင်း (Prostatitis)

ဆီးကျိတ်ရောင်ခြင်းကို ခံစားရတဲ့ အခါမှာ သုက်ရည်ထဲ သွေးပါခြင်းကို ခံစားရမှာဖြစ်တဲ့အပြင် ဆီးကျဉ်ခြင်း၊ လိင်တံအောင့်ခြင်း၊ လိင်စွမ်းဆောင်ရည် ကျဆင်းခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။

  • သုက်ပို့ပြွန်ရောင်ရမ်းခြင်း (Epididymitis)

သုက်ပို့ပြွန်ရောင်ရမ်းခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အချက်ကတော့ ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးဆက်လေ့ရှိတဲ့ ရောဂါတွေဖြစ်တဲ့ လိင်အင်္ဂါတစ်ဝိုက် ရေယုန်ပေါက်ခြင်း၊ ဆီးပူညောင်းကျရောဂါ၊ ကလက်မိုင်ဒီးယား (Chlamydia) ကူးစက်ရောဂါတွေကို ခံစားရတဲ့ အခါမှာ ကပ္ပယ်အိတ်ရောင်ရမ်းခြင်း၊ ဝှေးစေ့အောင့်ခြင်း၊ ဆီးကျဉ်ခြင်း၊ သုက်ပိုးထဲ သွေးပါခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • ဆီးထုတ်ပြွန်ရောင်ရမ်းခြင်း (Urethritis)

ဆီးထုတ်ပြွန်ရောင်ရမ်းခြင်းကို ခံစားရတဲ့အခါမှာ ဆီးသွားရာမှာ နာကျဉ်ခြင်း၊ လိင်တံတစ်ဝိုက် ယားယံခြင်း၊ လိင်တံထိပ် ရောင်ရမ်းခြင်း၊ သုက်ပိုးထဲ သွေးပါခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • သုက်ရည်ပြွန်ပိတ်ဆို့ခြင်း

သုက်ရည်ဂလင်းအတွင်းရှိ သွေးကြောတွေ ပေါက်ထွက်သွားခြင်းကြောင့် သုက်ရည်ပြွန် ပိတ်ဆို့သွားတဲ့ အခါတွေမှာလည်း သုက်ရည်ထဲ သွေးပါခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • အကျိတ်တည်ခြင်း

ဝှေးစေ့၊ သုက်ပို့ပြွန်၊ သုက်လွှတ်ဂလင်းတွေမှာ အကျိတ်တည်တဲ့ အခါမှာလည်း သုက်ရည်ထဲ သွေးပါခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • သွေးကြောများ ပုံမှန်မဟုတ်ခြင်း

အမျိုးသား မျိုးပွားအင်္ဂါအတွင်းမှာ တည်ရှိနေတဲ့ သွေးကြောတွေ အလုပ် ပုံမှန်လုပ်နိုင်ခြင်း မရှိတဲ့ အခါမှာလည်း သုက်ရည်ထဲ သွေးပါခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

ဒါ့အပြင် သွေးတိုးရောဂါ၊ သွေးကင်ဆာ (Leukemia)၊ အသည်းရောဂါတွေ ခံစားရတဲ့ အခါမှာလည်း သုက်ရည်ထဲ သွေးပါခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

အသက် (၄၀) နှင့်အထက် အမျိုးသားတွေ အနေနဲ့ သုက်ရည်ထဲ သွေးပါခြင်းကို ခံစားရတဲ့အခါမှာ အခြားသော လိင်အင်္ဂါတစ်ဝိုက် ကူးစက်ရောဂါတွေပါ ခံစားရလေ့ ရှိတာကြောင့် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.