သုက်လွှတ်မြန်ခြင်းအကြောင်း သိကောင်းစရာများ
- 16 Oct, 2019
- မျိုးဆက်ပွားကျန်းမာရေး
သုက်လွှတ်မြန်ခြင်း (သုက်လွှတ်စောခြင်း) ဆိုတာကတော့ ချစ်တင်းနှောပြီး တစ်မိနစ်၊ နှစ်မိနစ်အတွင်း ဆန္ဒပြီးမြောက်ကာ သုက်ထွက်သွားခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အသက် (၁၈) နှစ်နဲ့ (၅၉) နှစ်အကြား အမျိုးသား အများစုအနေနဲ့ သုတ်လွှတ်မြန်ခြင်း ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
သုက်လွှတ်မြန်ခြင်း
(သုက်လွှတ်စောခြင်း) ဆိုတာကတော့ ချစ်တင်းနှောပြီး တစ်မိနစ်၊ နှစ်မိနစ်အတွင်း ဆန္ဒပြီးမြောက်ကာ
သုက်ထွက်သွားခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အသက် (၁၈) နှစ်နဲ့
(၅၉) နှစ်အကြား အမျိုးသား အများစုအနေနဲ့ သုက်လွှတ်မြန်ခြင်း ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့
သိရပါတယ်။
သုက်လွှတ်မြန်ခြင်းကို
ခံစားနေရတဲ့ အခါမှာ -
- ထိုးသွင်းပြီး
စက္ကန့်ပိုင်းအတွင်း သုက်ထွက်သွားခြင်း
- မထိုးသွင်းခင်ကပင်
သုက်ထွက်သွားခြင်း
- ပွေ့ဖက်နမ်းရှုံတာနဲ့
သုက်ထွက်ခြင်း
- သုက်မထွက်အောင်
ထိန်းချုပ်ထားနိုင်မှု မရှိခြင်း
- အိမ်ထောင်ရေးသုခ
အပြည့်အဝ ခံစားနိုင်မှု မရှိခြင်း
- သိမ်ငယ်စိတ်ဖြစ်ခြင်းစတဲ့
ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
သုက်လွှတ်မြန်ခြင်းကို
အဓိက ဖြစ်ပွားစေတဲ့ အချက်တွေကတော့ -
- ကာမဆက်ဆံမှုနဲ့
ပတ်သတ်ပြီး အတွေ့အကြုံမရှိခြင်း
- စိုးရိမ်စိတ်လွန်ကဲခြင်း
- စိတ်ကျဝေဒနာ
ခံစားနေရခြင်း
- လိင်ပိုင်းဆိုင်ရာ
စော်ကားခံခဲ့ရခြင်း
- မကြာခဏ တစ်ကိုယ်ရည်
အာသာဖြေခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဆီးချိုရောဂါ၊
အာရုံကြောရောဂါ၊ ဆီးကျိတ်ရောင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းစတဲ့ ရောဂါတွေကြောင့်
သုက်လွှတ်မြန်ခြင်းကို ခံစားရနိုင်ပြီး အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့်လည်း သုက်လွှတ်မြန်ခြင်းကို
ခံစားရနိုင်ပါတယ်။
သုက်လွှတ်မြန်ခြင်းကို
အလွယ်တကူ ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- တင်ပါးဆုံကြွက်သား
လေ့ကျင့်ခန်းများ လုပ်ဆောင်ပေးခြင်း
တင်ပါးဆုံ ကြွက်သားများ
သန်မာခြင်း မရှိတဲ့အခါမှာ သုက်ထွက်မြန်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် တင်ပါဆုံး
ကြွက်သားများ သန်မာစေမယ့် လေ့ကျင့်ခန်းတွေကို နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးသင့်ပါတယ်။
- ချစ်တင်းမနှောခင်
တစ်ကိုယ်ရည် အာသာဖြေခြင်း
ချစ်တင်းနှောခြင်း
ကိစ္စတွေ မလုပ်ဆောင်ခင် နာရီပိုင်းခန့် အလိုမှာ တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် ချစ်တင်းနှောစဉ်
သုက်ထွက်မြန်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- ကွန်ဒုံးအသုံးပြုပြီး
ချစ်တင်းနှောခြင်း
ချစ်တင်းနှောနေစဉ်မှာ
ကွန်ဒုံးအသုံးပြုခြင်းကြောင့် ဖိုအင်္ဂါအနေနဲ့ မအင်္ဂါနဲ့ ထဲထဲဝင်ဝင် ထိတွေ့ခွင့် မရရှိတာကြောင့်
သုက်ထွက်ဖို့အတွက် အချိန်ပိုမို ကြာမြင့်သွားမှာပဲ ဖြစ်ပါတယ်။
တကယ်လို့ အထက်မှာ
ဖော်ပြထားတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေမယ့် သုက်လွှတ်မြန်ခြင်းကို ခံစားနေတယ် ဆိုရင်တော့
သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးဝါးတွေကို သောက်သုံးပေးသင့်ပါတယ်။
REF: HealthLine, MedicalNewsToday